bnr_tob_1

2020.08.26SOCIAL

သီရိလင်္ကာမှာ ကိန်းဝပ်စံမူနေသော ဗုဒ္ဓမြတ်စွယ်တော်

သုံးလောက၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဗုဒ္ဓမြတ်စွာဘုရားသည် သက်တော် ၈၀ ဝါတော် ၄၅ ဝါ အရောက် ကဆုန် လပြည့်နေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်၍ တေဇောဓာတ် လောင် ကျွမ်းပြီးနောက် ဓာတ်တော် မွေတော်များစွာ ကျန်ရှိခဲ့ရာ မကွဲမပြား တစ်သားတည်းတည်သော အသမ္ဘိန္ဒ ဓာတ်တော်များလည်း ကျန်ရှိနေခဲ့ပါသည်။  စွယ်တော်လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ နဖူး သင်းကျစ်တော်တစ်ဆူ စုစုပေါင်း ခုနစ်ဆူသည် အသမ္ဘိန္ဒဓာတ်တော်များ အဖြစ် ကျန်ရစ် တော်မူခဲ့ပါသည်။

ကျန်ရှိခဲ့သောဗုဒ္ဓ၏ ဓာတ်တော် မွေတော်များအား ရယူလိုသဖြင့် စစ်ချီတက်ရန် (၈)ပြည်ထောင်မှ ဘုရင်များ စုဝေး ရောက်ရှိလာတာကြောင့် စစ်မက်မဖြစ်ပွားစေဘဲ ဒေါနပုဏ္ဏားမှ ရှင်ဘုရင် ရှစ်ပါးတို့အား ဝေစုကိုအညီအမျှ ထပ်မံခွဲဝေပေးခဲ့ပါသည်။  မြတ်စွာဘုရားသခင်၏ ဓာတ်တော်များအား ငြိမ်းချမ်းစွာဖြင့် လူ့ပြည်၊ နဂါးပြည်၊ နတ်ပြည်တို့ ခွဲဝေယူခဲ့ကြရာ လူ့ပြည်တွင် လက်ဝဲအထက်စွယ်တော် နှင် လက်ဝဲအောက်စွယ်တော် နှစ်ဆူ ကိန်းဝပ်တော်မူကြပြီး ကျန်စွယ်တော် နှစ်ဆူမှာ နတ်ပြည်နှင့် နဂါးပြည်တို့သို့ ပင့်ဆောင် သွားခဲ့ကြကြောင်း မှတ်သားရပါသည်။

လူ့ပြည်ရှိ စွယ်တော် နှစ်ဆူအနက် အထက်လက်ဝဲ စွယ်တော်သည် တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်း စံပယ်လျက် ရှိပါသည်။  အောက်လက်ဝဲ ဖက်စွယ်တော်မှာ လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်း မျက်မှောက်ခေတ် သီရီလင်္ကာနိုင်ငံ ကန္ဒီမြို့တွင် ကိန်းဝပ် စံပယ်လျက်ရှိပါသည်။

အေဒီ (၁၂) ရာစုတွင် ဓမ္မကိတ္တိမထေရ် ရေးသားခဲ့တဲ့ “ဒါဌာဝံသကျမ်း” ကိုအခြေခံ ထားသောအချက်အလက်များအရ စွယ်တော်မြတ်သည် အိန္ဒိယနိုင်ငံ ကလိင်္ဂတိုင်း ဒန္တပူရ ပြည်တွင် နှစ်ပေါင်း (၈၀၀) ကျော် စံတော်မူခဲ့ပြီး မိစ္ဆာအယူရှိသူများမှ စွယ်တော်မြတ်အား ဖျက်စီးရန် အကြိမ်ကြိမ် ကြိုးစားမှုများ ရှိသကဲ့သို့ ထိုကာလများအတွင်း နိုင်ငံရေးရာ မတည်ငြိမ်မှုများလည်း မကြာခဏ ဖြစ်ပွားနေခဲ့သည်။ မိစ္ဆာအယူရှိသော ရှင်ဘုရင်တို့ လွှမ်းမိုးလာချိန်တွင် ဘုရင်ဂုဟသီဝ မှ သမီးတော် ဟေမမာလာမင်းသမီးနှင့် သမက်တော် ကုမာရမင်းသားတို့အား မိမိ၏အဆွေခင်ပွန်းဖြစ်သူ သီဟိုဠ်ဘုရင် မဟာသေနမင်းထံသို့ ပင့်ဆောင်တိမ်းရှောင်စေခဲ့ရသည်။

ထို့ကြောင့် ဟေမမာလာ မင်းသမီးနှင့် ဒန္တကုမာရမင်းသား တို့သည် ရုပ်ဖျက်ကာ ခဲယဉ်းစွာ စွယ်တော်မြတ်အား သီဟိုဠ် ကျွန်းပေါ် ပင့်ဆောင်သွားခဲ့ရသည်။ စွယ်တော်မြတ် သီဟိုဠ် ကျွန်းပေါ် ရောက်လာသောအခါ မဟာသေနမင်းသည် နတ်ရွာစံ ကံတော်ကုန်ပြီ ဖြစ်သဖြင့် သာသနာကို လွန်စွာကြည်ညို မြတ်နိုးသော သိရိမေဃဝဏ္ဏ ဘုရင်မှ  ပင့်ဆောင်လာသူ မင်းသားနဲ့ မင်းသမီးအား အလွန်အကဲ ချီးမြှောက် ကြိုဆိုခဲ့ပြီး စွယ်တော်မြတ်အားလည်း ရတနာကြုပ်တော်တွင် စံပယ် ထားရှိခဲ့ပါတယ်။ စွယ်တော်မြတ်အား အနုရာဓ နေပြည်တော် ဒေဝါနံပိယတိဿ မင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ဓမ္မစက္ကကျောင်းတောတွင် ထားရှိပူဇော်ခဲ့ပြီး ပူဇော်ပွဲများလည်း အကြီးအကျယ် ကျင်းပခဲ့လေသည်။ တရုတ်ခရီးသည် ရဟန်းတော် ဖာယီဟန်၏ မှတ်တမ်းတွင်လညး် စွယ်တော်မြတ် ပူဇော်ပွဲ အကြောင်းကို ရာစုနှစ်တစ်ခု အကြာတွင် ရောက်ရှိလာပြီး မှတ်တမ်းတင် ထားကြောင်းသိရှိရသည်။

လင်္ကာဒီပသည် ယခင်က လူမနေသော ကျွန်းတစ်ကျွန်း ဖြစ်ခဲ့ရာ လူနေနိုင်ငံအဖြစ် စတင်တည်ထောင်သော ဝိဇယမင်းသားနှင့် အပေါင်းအပါများ ဖောင်ဆိုက်ကပ်သောနေ့သည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသည်နေ့ ဖြစ်ကြောင်း ဒဏ္ဍာရီရှိခဲ့ပါသည်။

ယခုအခါ မြတ်စွယ်တော်ပူဇော်ပွဲကို ရိုးရာနှစ်သစ်ကူးမတိုင်မီ ဝါခေါင်လပြည့်နေ့တိုင်းတွင် ပရဟရပွဲတော်အဖြစ် စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနား ပူဇော်ကျင်းပလျက်ရှိသည်။ ပရဟရပွဲတော် ပြုလုပ်နေချိန်တွင်  စွယ်တော်ကိုဖူးမျှော်ရန် စောင့်ဆိုင်းနေကြသော သူများသည် လမ်းတစ်လျှောက်တွင် ကြက်ပျံမကျ စည်ကားလေ့ရှိသည်။ သီရိလင်္ကာနိုင်ငံသားတို့သည် ဗုဒ္ဓ၏အဆုံးအမဖြင့် ယခုချိန်အထိ နေထိုင်နေကြသောကြောင့် စိတ်နေစိတ်ထား ကောင်းမွန်ကြပြီး ကူညီလိုစိတ် အပြည့်အဝရှိကြသည်။ မြတ်စွယ်တော်အား ပုံမှန်အချိန်များ၌ စွယ်တော်တိုက်တွင် ၆ပေအကွာမှ အဖြူရောင် အဝတ်အစားနှင့်သာ ဖူးမျှော်ခွင့်ပြုထားပါသည်။ မြတ်စွာဘုရား ရုပ်ထုတော်များကို ကျောခိုင်း ဓါတ်ပုံရိုက်ခြင်းကိုပင် ခွင့်မပြုသည်ကို ကြည့်ခြင်း အားဖြင့် သီရိလင်္ကာ နိုင်ငံသားတို့၏ ဗုဒ္ဓအပေါ်ထားရှိသော ကြည်ညိုလေးစား သဒ္ဓါတရားကို မြင်တွေ့နိုင်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား ဗျာဒိတ်တော် ပေးခဲ့သည့်အတိုင်း ယခုအခါ သာသနာတော်သည် သီရိလင်္ကာနိုင်ငံတွင် ခိုင်ခံ့တည်ကြည်စွာ ပျံပွားလျက်ရှိပါသည်။ ဓမ္မစေတီမင်း လက်ထက်ကပင် မြန်မာနိုင်ငံရှိ ရဟန်းတော်များအား ဥပသမ္မဒကံဆောင် (သိက္ခာထပ်)ရန် ကလျာဏီ သိမ်တော်သို့စေလွှတ်ခဲ့ပါသည်။ ယင်းအကြောင်းအရာကို အစွဲပြုပြီး မြန်မာနိုင်ငံတွင် ကလျာဏီ အမည်နာမများစွာဖြင့် သိမ်တော်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံသည်  ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်အပြင် ဗုဒ္ဓသာသနိက အဆောက်အဦး အထောက်အထားများစွာဖြင့် ယခုတိုင် ဗုဒ္ဓမြတ်စွာသာသနာ တည်တံ့နေသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img