bnr_tob_1

2020.09.18SOCIAL

ကန်စွန်းရိုးနီရဲ့ အံ့မခန်းလျို့ဝှက်ချက်များ

            ကန်စွန်းရွက်ဟာ မြန်မာနိုင်ငံမှာသာမက တခြားသောနိုင်ငံတွေမှာလည်း ပေါများစွာတွေ့ရှိနိုင်ပြီး ကြိုက် နှစ်သက်စွာလည်း စားသုံးတတ်ကြပါတယ်။ ကန်စွန်းရွက်မှာ အရိုးနီနေတဲ့ ကန်စွန်းရွက်လည်းရှိပါတယ်။ မြန်မာ လူမျိုးတွေကတော့ ကန်စွန်းရိုးနီ လို့ခေါ်ကြပါတယ်။ ကန်စွန်းရိုးနီဟာ အလေ့ကျပေါက်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ မိုးတွင်းလို အခါမျိုးမှာ ပေါများစွာတွေ့ရတတ်ပါတယ်။

            ရှေးလူကြီးတွေက ကန်စွန်းရိုးနီကို ဆေးဖက်ဝင်အာနိသင်များကြောင့် အစာလည်းဆေး၊ ဆေးလည်း အစာဆိုသလို မှီဝဲသုံးဆောင်ကြတာကို တွေ့ရပါတယ်။ ကန်စွန်းရိုးနီဟာ နေရာတိုင်းမှာတွေ့နိုင်ပြီး ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ပိုမိုဝယ်ယူရလွယ်ကူပါတယ်။ တချို့ကလည်း မိမိအိမ်ဝန်းထဲမှာ သီးသန့်တပိုင်တနိုင် စိုက်ပျိုး ထားကြပါတယ်။ ကြိုက်တဲ့အချိန် ခူးယူစားသုံးလို့ရနိုင်ဖို့ အတွက်ရည်ရွယ်ပြီး စိုက်ပျိုးကြတာကိုလည်း တွေ့ဖူး  ပါတယ်။

            ကန်စွန်းရွက်အရိုးနီဟာ မြန်မာဆေးကျမ်းထဲမှာ ပါဝင်တဲ့ ရှေးမြန်မာဆေးနည်းကောင်းတစ်လက် ဖြစ်ပါတယ်။ ဉတုဘောဇနကျမ်းရဲ့ အလိုအရ ကန်စွန်းရွက်အရိုးနီဟာ ဝမ်းမီးကို ဖြောင့်စေတတ်ပါတယ်၊ သည်း ခြေကြောင့်ဖြစ်တတ်သော ရောဂါတို့ကို သက်သာစေနိုင်ပြီး နို့တိုက်မိခင်များအတွက်လည်း နို့ရည်လှိုင်လှိုင် ထွက်စေနိုင်ပါတယ်။ ဒါ့အပြင် ငန်းမန်းတို့ကို ပျောက်စေနိုင်ပြီး ခြေလက်ယောင်ရမ်းနာတွေကိုလည်း သိသာစွာ သက်သာပျောက်ကင်းစေနိုင်တယ်လို့ အဆိုရှိပါတယ်။ မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်စွာ စားသုံးတတ်ကြတဲ့ ကန်စွန်းဉကိုလည်း ကန်စွန်းရိုးနီကနေ ရရှိတာဖြစ်ပါတယ်။ ကန်စွန်းရိုးနီကို စိုက်ခင်းများနဲ့ စီးပွားဖြစ်စိုက်ပျိုး ပြီး ကန်စွန်းဉကို ရရှိပါတယ်။ ကန်စွန်းနီအရိုးထဲမှာ ဝါယောဓာတ် အများဆုံး ပါဝင်ပါတယ်။

            ကန်စွန်းရိုးနီဟာ ချိုသော၊ဆိမ့်သော၊ဖန်သော အရသာများ ရှိပါတယ်။ အေးသောဓာတ်ရှိပြီး ဝမ်းတွင်း အပူတွေကို လျှော့ချပေးနိုင်ပါတယ်။ ဝမ်းချုပ်ဝမ်းနာဖြစ်တတ်သူများ ကန်စွန်းရိုးနီကို မကြာခဏ စားသုံးပေး သင့်ပါတယ်။ ဒါ့အပြင် ခေတ်မှီဆေးပညာများကလည်း ကန်စွန်းရိုးနီရဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးထားပါတယ်။ ကန်စွန်းရိုးနီမှာ ဗီတာမင် ဘီ၊ ဗီတာမင် စီနဲ့ တခြားသော သဘာဝဓာတ်တွေ ကြွယ်ဝ စွာ ပါဝင်နေပါတယ်။ အစာကြေလွယ်စေနိုင်ပါတယ်။ ထမင်းစားမဝင်သူများနဲ့နလန်ထများကို ကန်စွန်းရိုးနီကျွေး ခြင်းဖြင့် ပြန်လည်စားကောင်းကျန်းမာလာတာကို တွေ့နိုင်ပါတယ်။

            ကန်စွန်းရိုးနီကို အိမ်ရှင်မတို့က ဟင်းလျာတွေအဖြစ် ချက်ပြုတ်စီမံပေးတတ်ကြပါတယ်။ ကန်စွန်းရိုးနီကို မန်ကျည်းမှည့်နဲ့ အချဉ်ရည်ဟင်းချက်ခြင်း၊ ကြက်သွန်နီ၊ဆီချက်၊ မြေပဲဆံ၊ပဲမှုန့်တို့နဲ့ သုပ်ခြင်း၊ ကြက်သွန်ဖြူဆီ သတ်ပြီး ကြော်လှော်ခြင်း၊ အစရှိတဲ့ ဟင်းလျာတွေဟာ ထမင်းမြိန်စေတဲ့ဟင်းလျာတွေပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဟင်းလျာအဖြစ် မချက်လျင်လည်း ကန်စွန်းရိုးနီကို ပြုတ်ပြီး ငပိရည်နဲ့ တို့စရာအဖြစ် နှစ်သက်စွာ သုံးဆောင်လို့ ရပါသေးတယ်။

            ကန်စွန်းရိုးနီဟာ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်များကို သင့်တော်ကောင်းမွန်ရုံသာမက ပြင်ပဒါဏ်ရာများကို လည်း ကောင်းစွာသက်သာပျောက်ကင်းနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေပါသေးတယ်။ ခြေ၊လက်တို့မှာ မီးပူ၊မီး လောင်ဒါဏ်များ ရရှိလာပါက ကန်စွန်းရိုးနီကို ထုထောင်းပြီး ရလာတဲ့သတ္တုရည်ကို သကြားအနည်းငယ်ရော စပ်ပြီး လိမ်းကျံပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောင့်၊လေကြောင့် ခြေလက်ဖောရောင်ဖြစ်လာတဲ့အခါမျိုးတွေ မှာ ကန်စွန်းရိုးနီကို သုံးခွက်တစ်ခွက်တင် ကျိုပြီး သောက်သုံးပေးပါက ဖောရောင်နာကျင်မှုများ ခဏအတွင်း သက် သာပျောက်ကင်းတာကိုလည်း အံ့ဩဖွယ်ရာတွေ့ရမှာ ဖြစ်ပါတယ်။ စားလို့လည်းကောင်း၊ ဝယ်ယူရတာလည်း လွယ်ကူ၊ ရောဂါများလည်းသက်သာပျောက်ကင်းစေတဲ့ ကန်စွန်းရိုးနီရဲ့ အစွမ်းတွေကတော့ အံ့မခန်းနိုင်အောင် ပါပဲ။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img