bnr_tob_1

2019.06.06TRAVEL

ရန်ကုန်နဲ့ နီးနီးနားနား သန်လျင်ကို နေ့ချင်းပြန်သွားလည်ကြမယ်….🍂🍃🍂

နီးနီးလေးနဲ့ဝေးနေပြီး ကြားဖူးနေတာကြာပေမယ့်လဲ
မရောက်ဖြစ်သေးတဲ့ ပေါ်တူဂီ ဘုရားကျောင်းလေးရယ် အိင်္ဂလိပ်ခေတ်က Club အိမ်အဟောင်းကြီးရှိရာ သန်လျင်မြို့လေးကို ခြေဆန့်ခဲ့ပါတယ်

သန်လျင်မှာ လည်ပတ်စရာနေရာတွေ ဖူးစရာဘုရားတွေရှိပါတယ် ဖြူကတော့ ဘုရားဖူးဖို့အဓိက သွားတာမဟုတ်ပဲ ဖြူစိတ်ဝင်စားနေတဲ့နေရာလေးတွေကို လေ့လာဖို့သက်သက်သွားခဲ့တာပါ

တစ်ခုလေးပြောပြချင်တာကလေ ဘုရားစုံလဲဖူးမယ် ဖြူစိတ်ဝင်စားတဲ့ နေရာလေးတွေလဲ သွားမယ်ဆိုရင် တစ်နေရာနဲ့တစ်နေရာ ဝေးတာကြောင့်
ကားနဲ့သွားတာက ပိုအဆင်ပြေပါတယ် ဖြူတို့က
ဆိုင်ကယ်နဲ့လည်တာမို့ အတော်လေးကို ပင်ပန်းပါတယ်
နေပူတာရယ် ဖုန်မှုန့်တွေရယ် လေတိုးတာရယ် ကြောင့် လူက ပိုပြီးတော့ ပင်ပန်းတယ် အဲ့ဒါကြောင့် ဆိုင်ကယ်နဲ့လည်ချင်တယ်ဆိုရင်တော့ mask ၊ နေကာမျက်မှန်၊ ဦးထုပ်၊ အင်္ကျီအပေါ်ဝတ်လက်ရှည်၊ ပုဝါ တို့ယူသွားသင့်ပါတယ်

🍃🍃ပေါ်တူဂီဘုရားကျောင်း🍂🍂

ဖြူတို့က YBS စီးလားပြီး လက်မှတ်ဂိတ်မှတ်တိုင်မှာဆင်းပါတယ် ရေနံချက်စက်ရုံဆိုတဲ့ ဆိုင်းဘုတ်လဲရှိပါတယ် ရှင်မွေးနွန်းဘုရားအတိုင်းသွားပြီး ဘယ်ချိုးလိုက်ရင် ဂိတ်ရှိပါတယ် အဲ့ဂိတ်ကိုမေးပြီး သွားလို့ရပါတယ် သဘောလဲကောင်းပါတယ် မေးသမျှတွေလဲ စိတ်ရှည်ရှည်ပြောပေးပါတယ်

ဖြူက ပေါ်တူဂီဘုရားကျောင်းကို အရမ်းစိတ်ဝင်စားခဲ့လို့ မနက်အစောထသွားခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာပဲ ဖြူသွားတဲ့နေ့က Sunday ဖြစ်တာကြောင့် ဘုရားကျောင်းဝင်း သော့ကိုင်တဲ့ ဘကြီးက ဘုရားကျောင်းသွားနေတာနဲ့ကြုံပါတယ် တစ်ခြားနေ့တွေမှာ တစ်နေကုန်ဖွင့်ပေမယ့် Sunday ဆိုရင်တော့ ဘုရားကျောင်းတက်ရတာမို့ မနက် (11)နာရီမှ ဖွင့်ပါတယ်တဲ့
ညနေ (5) နာရီလောက်ဆိုရင်တော့ ပိတ်တယ်လို့ သိရပါတယ်

ဘုရားကျောင်းထဲကို ဝင်ခွင့်ရခဲ့တော့ အရမ်းဝမ်းသာပါတယ် ဝင်ခွင့်ရဖို့ ခတ်ခဲခဲ့ပါတယ် ခြံတံခါးအမြဲဖွင့်မထားတဲ့အတွက်ကြောင့် ရှေ့မှာ တော်တော်ကြာအောင် ရပ်စောင့်ခဲ့ရပါတယ် ဘာပဲဖြစ်ဖြစ်ပါ စိတ်ဝင်စားခဲ့တဲ့ နေရာလေးမို့ သေချာလေး လျှောက်ကြည့်ဖြစ်ခဲ့ပါတယ်
အုပ်ချပ်သေးသေးလေးတွေနဲ့ စီထားပြီး ဝိုက်ဝိုက်လေး တည်ဆောက်ထားပြီး သံတိုင်မပါရှိတာကို တွေ့ခဲ့ရတယ် ဘုရားကျောင်းက တော်တော်လေးပျက်စီးနေပြီး အမိုးအကာတွေမရှိတော့ပါဘူး နံရံကလဲ တစ်ချို့တစ်ဝက်ပဲကျန်ပါတော့တယ် အပေါက်တွေအများကြီးနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး နံရံမှာလဲ အပေါက်သေးသေးလေးတွေကို ထူးထူးခြားခြားတွေ့ခဲ့ရသေးတယ်
အရင်က ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖုံးအုပ်နေခဲ့တယ်လို့ သိရှိရပြီး အခုချိန်မှာတော့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်က ထိန်းသိန်းစောက်ရှောက်ထားပါတယ် အထဲမှာ အုတ်ဂူတစ်ခုရှိပြီး ငဇင်ကာဂူလို့ပြောကြပြီး တစ်ချို့ကလဲ မဟုတ်ဘူးပြောကြတယ်

🍃🍃Club အိမ်ဟောင်းကြီး🍂🍂

တကယ်တော့ တံခါးသော့ပိတ်ထားပြီး ခွင့်တောင်းပြီးမှ သော့ပေးမှ ဝင်လို့ရတယ်ဆိုတဲ့ ရုပ်ရှင်လာရိုက်ကြတဲ့ အိမ်ဟောင်းကြီးထဲကို သွားချင်ခဲ့တာ ဝင်ခွင့်တောင်းရတယ်ဆိုတဲ့ ရေနံဝန်ထမ်းအိမ်က ဦးလေးဆီ ခွင့်တောင်း ပေမယ့် ခွင့်မပြုခဲ့ပါဘူး အတန်တန်ပြောပေမယ့်လဲ မရပါဘူး အရင်ကခွင့်ပြုပြီးဝင်ခိုင်းတာကို လူတွေက သရဲခြောက်တယ်ဆိုပြီး ကောလဟာလတွေ လျှောက်ရေးကြတော့ အထက်လူကြီးတွေက ဝင်ခွင့်မပြုဖို့ တားမြစ်ထားတဲ့အတွက်ကြောင့် လုံးဝခွင့်မပြုခဲ့ပါဘူး

ဖြူကလဲ သူများခွင့်မပြုတာကို စိတ်အနှောက်ယှက်ပေးသလိုဖြစ်မှာစိုးတာကြောင့် ဆက်မတောင်းဆိုခဲ့ပါဘူး ဒါပေမယ့် ဖြူ့ကို Club ထဲသွားပြီး လေ့လာဖို့ ခွင့်ပြုပေးခဲ့တယ်

ခွင့်ပြုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်
Club ကလဲ ဖြူစိတ်ဝင်စားခဲ့တဲ့ နေရာတစ်ခုပါ Club ထဲမဝင်ခင် ရှေ့မှာပဲ ကန့်သတ်နယ်မြေဆိုပြီး ရေးထားပါတယ် သူတို့ခွင့်မပြုတဲ့နေရာတွေဆို မသွားတာကောင်းပါတယ် ခွင့်ပြုလို့သွားရရင်လဲ ကိုယ့်တာဝန်ကိုယ်ယူရမှာဖြစ်တဲ့အတွက် သတိထားပြီး ဝင်လေ့လာခဲ့ပါတယ်

အထဲကိုဝင်လိုက်တာနဲ့ Club ကတော်တော်ကျယ်ပြီး ပါကေးခင်းထားပြီး သေချာဆောက်လုပ်ခဲ့မှန်း သိသာနေပါတယ် အပေါ်ထပ်ကို တက်ကြည့်တော့ လှေကားတွေလဲ ပျက်စီးနေလို့ သတိထားပြီး တက်ခဲ့ရတယ် အမိုးကလဲ တစ်ဝက်လောက်က တော်တော်လေး ပျက်စီးနေပါပြီ ကျမ်းတွေလဲ ပြိုကျမှကြောက်ရတဲ့အတွက် သတိရှိရှိနဲ့ပဲ လေ့လာရပါတယ် အမိုးပြိုထားလက်စရှိတဲ့နေရာဆို အမိုးအောက်သွားဖို့တောင် ခေါင်းပူပါတယ်

Toilet ကအပေါ်မှာရှိပြီး နည်းနည်းကာင်းနေသေးသလိုပါပဲ ဘေးနားမှာလဲ အခန်းသေးသေးလေးတစ်ခုရှိတယ် ရေချိုးခန်းလို့ထင်ရပေမယ့် ဟုတ်မဟုတ်တော့ မသေချာဘူး ဝရံတာလေးလဲရှိတယ် အိမ်ကြီးကောင်းတုန်းကတော့ တော်တော်လေး သာသာယာယာရှိမယ့်ပုံပါပဲ ဝရံတာကနေ ရေကူးကန်ကို ကြည့်လို့ရတယ်

အောက်ထပ်မှာကတော့ အခန်းဖွဲ့လေးတွေရှိတယ် ပါကေးကြမ်းခင်းတွေလဲ ပျက်စီးနေပြီ မှန်ကွဲတွေရော ပိတ်ဖြူစလှမ်းထားတာတွေရော တွေ့ခဲ့ရတယ် သရဲခြောက်တယ်ဆိုပြီး ရေးထားတာတွေ့ဖူးပေမယ့် ဖြူမေးကြည့်တော့ သရဲခြောက်တယ်ဆိုတာမဟုတ်ဘူးတဲ့ အိမ်က အိုဟောင်း ပျက်စီးနေတော့ စိတ်ခြောက်ခြားစရာ ဖြစ်ရင်တော့လဲ ဖြစ်လို့ရပါတယ် အဲ့ဒါကလဲ ညဘက်ဖြစ်နေမှပါပဲ နေ့ခင်းလက်ဆိုလဲ တစ်ယောက်တည်း သွားရင်တော့ စိတ်မလုံမခြုံဖြစ်ရင်ဖြစ်နိုင်ပါတယ် တကယ်တော့ သရဲခြောက်တယ်ဆိုတာမဟုတ်ပါဘူး သမီးရည်းစားအတွဲတွေ ချိန်းတွေ့ကြတာရော လူတွေဖွကြတာရောကြောင့် ခွင့်ပြုမထားတာပါတဲ့

ရေးကူးကန်ကတော့ ရေမရှိတော့ပါဘူး ကန်ထဲမှာ ပလက်စတတ်မဟုတ်တဲ့ အမှိုက်တွေပဲရှိပါတယ် အခုကတော့ ကန်အပျက်တစ်ခုဖြစ်နေပါပြီ

အရင်က တော်တော်ကောင်းကောင်းလေး လုပ်ခဲ့ပြီး ထိန်းသိမ်းမဲ့သူမရှိလို့ပဲလား ပိုင်ရှင်မရှိတာကြောင့်ပဲလား ဘာကြောင့်ပဲဖြစ်ဖြစ် ခေတ်အဆက်ဆက်ထိန်းသိမ်းစောက်ရှောက်ခဲ့ရင်တော့ အခုလို ပျက်စီးမနေဘူးထင်တယ်လို့တွေးပြီးတော့ နှမြောမိတယ် ဒါကလဲ ဖြူ့အတွေးပါ အပြစ်တင်ပြောခြင်းမဟုတ်ပါဘူး နှမြောမိရုံသက်သက်ပါ

ဒီနေရာနှစ်ခုရောက်ရတာနဲ့တင်ကျေနပ်မိပါတယ်

ဖြူ့လိုမဟုတ်ပဲ အလည်အပတ်သွားမယ် ဘုရားဖူးမယ်ဆိုရင်တော့ သန်လျင်မှာ ကျိုက်ခေါက်ဘုရား၊ ပေါ်တူဂီကျောင်း၊ ရှင်မွေးလွန်းစေတီ၊ ပါဒကြီးဘုရား၊ တောင်ပေါ်ဆုတောင်းပြညိ့ဘုရား၊ ကျိုက်မှော်ဝန်း ရေလယ်ဘုရား၊ ကျိုက်အင်းဆုတောင်းပြည့်ဘုရား၊ ဇာမဏီဆည် တို့ရှိပါတယ်

🍃🍃ထန်းရည်ဆိုင်🍂🍂

ပြီးတော့ ထန်းရည်သောက်ချင်တဲ့သူတွေရယ် အမြည်းစားချင်တဲ့သူတွေရယ်အတွက် သန်လျင်မှာ ထန်းရည်ဆိုင်တွေရှိပါတယ်

ပါဒကြီးဘုရားသွားတဲ့ဘမာရှိတဲ့ မိတ်ဆက်ထန်းရည်ဆိုင်ကိုသွားခဲ့ပါတယ် အဲ့မှာက လုံးချင်းတဲလေးတွေနဲ့လုပ်ထားတာပါ သူငယ်ချင်းတွေအဖွဲ့လိုက်လေး သီးသန့်ထိုင်ချင်တဲ့သူတွေအတွက်လဲ အဆင်ပြေတယ် ဖြူကလဲ အဲ့လိုပုံစံလေးကို အရမ်းသဘောကျတာ ဝါးပင်တွေရော တစ်ခြားအပင်တွေရောဆိုတော့ စိမ်းစိမ်းစိုစိုလေးနဲ့ တောစတိုင်လေးဆိုတော့ သဘောကျတယ် အဲ့ဆိုင်လေးမှာ ငါးကြော်တို့ ကြက်ကာလသားချက် ကြက်ဂ္ဂွေးတောက် အသုပ်မျိုးစုံ အအေး အကုန်ရတယ်ဆိုလို့ ဖြူက ဒီဆိုင်လေးကို ရွေးခဲ့တာ ထန်းရည်မသောက်တတ်ပေမယ့် အစားတော့ အမုန်းစွဲတဲ့သူမို့ အဆင်ပြေတယ် ဖြူကိုယ်တိုင်သောက်တာမဟုတ်ပေမယ့် ဖြူနဲ့သွားတဲ့ သူငယ်ချင်းတွေကသောက်တာဆိုတော့ ထန်းရည်တော့ သိပ်မစစ်ဘူးပြောတယ်
အစားအသောက်ကတော့ ကောင်းပါတယ် ဈေးကတော့ ကြက်ကာလသားချက်ဆို ပွဲသေး 4000 ပွဲကြီး 8000 နဲ့ ငါးကြော်ဆို 3500 ရှိပါတယ် အသုပ်တွေတော့ ဘယ်လောက်လဲ ဖြူလဲ သေချာမမေးခဲ့လို့ မသိဘူး

ထန်းရည်စစ်တာသောက်ချင်တဲ့သူတွေအတွက် သုံးရာသီဆိုတဲ့ ထန်းရည်ဆိုင်ရှိပါတယ် နယ်ခံအကိုတွေပြောတာကတော့ အဲ့က ထန်းရည်ပိုကောင်းတယ်ပြောပါတယ် စားစရာကတော့ မိတ်ဆက် ဆိုင်က အစုံဆုံးပဲတဲ့

အဲ့တော့…..ဖြူ့စာလေးဖတ်ပြီး စိတ်ဝင်စားလို့ သွားချင်ကြတယ်ဆိုရင်တော့ ဖြူပြောသလိုပဲ ကားနဲ့သွားရင်တော့ ပိုကောင်းပါတယ် ဖြူ့လိုဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်လဲ အပေါ်မှာ ဖြူပြောသလို လိုအပ်တာလေးတွေ ယူသွားကြပါလို့ ဖြူကတော့ နေပူပူမှာ မဲမဲသဲသဲနဲ့ ပင်ပင်ပန်းပန်းဖြစ်ခဲ့ရပါတယ် ဒါပေမယ့်လဲ ဖြူကျေနပ်ခဲ့ပါတယ် ဖြူသွားချင်တဲ့နေရာလေးတွေ သွားခွင့်ရခဲ့လို့ပါ

သန်လျင်မှာ ဆိုင်ကယ်နဲ့ပဲ ဖြစ်ဖြစ်
ကားနဲ့ပဲဖြစ်ဖြစ် လည်ပတ်ချင်တယ်ဆိုရင်တော့
နယ်ခံဖြစ်တဲ့ ကိုရဲခန့်ကျော် 09450037511 နဲ့ ဆက်သွယ်လို့ရပါတယ်ရှင့်

ဖြူတို့ ဆိုင်ကယ်နဲ့ တစ်နေကုန်လည်ပတ်တာကိုမှ 13000 ပဲပေးရပါတယ် ဖြူနဲ့ရင်းနှီးတာလဲ ပါပါလိမ့်မယ်

သွားမယ်ဆိုရင်တော့ ဖုန်းကြိုဆက်ပေးထားရပါမယ်ရှင့်.

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ..😍

♥️TravelbyPhyu ♥️

Credit : https://www.facebook.com/phyuphyu1993/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img