2020.03.19FOOD
Thaiwan Bubble Tea နဲ့ Fresh Fruits Juice အကောင်းဆုံးဆိုင်

၂၀၂၀ မှာ Bubble Tea ဆိုင်လေးတွေ ရန်ကုန်မှာ တော်တော်များလာတာ သတိထားမိမယ် ထင်ပါတယ်ဗျ။ များလာပေမဲ့ အရသာကောင်းတဲ့ဆိုင် သောက်ရဖို့ကလည်း အရေးကြီးပါတယ်။ လမ်းဘေးမှာ Bubble Tea ဆိုပြီး ၀ယ်သောက် Bubble Tea မကောင်းပြောရင် အဆင်မပြေပါဘူး။
အဲဒါကြောင့် ဈေးနှုန်းလည်း ပုံမှန်ထက် သက်သာပြီး အရသာလည်း ကောင်းတဲ့ Bubble Tea တစ်ဆိုင်ကို လမ်းညွှန်လိုက်ရပါတယ်။

ဆိုင်လေးက စမ်းချောင်းထဲမှာ Dating လုပ်ဖို့တောင်အဆင်ပြေပါတယ်။ ဈေးနှုန်းကလည်း ၁၂၀၀ကနေ စရတယ်။
ဘာတွေရလဲဆိုရင် Bubble Tea/ Fresh Fruits Juice/ Combination Series/ Smoothies/ Waffle/ Coffee Drink နဲ့ Special Drink ဆိုပြီး Menu ရှိပါတယ်။
Small/ Regular နှစ်မျိုးရှိပြီး Small က ၁၂၀၀ ကျပ်ကနေ စပါတယ်။ ကိုယ်
ကြိုက်မယ်ဆိုရင် Topping မှာ Pearl/ Honey ၄၀၀ ရှိပြီး Cheese Cream ဆို ၁၀၀၀ပါ။
ပေါင်းသောက်တာက အရသာကို ပိုထိမိစေတာပေါ့။ တစ်ခွက်နဲ့လည်း ဗိုက်ပြည့်။
Special Drink နဲ့ Recommended ပေးတာကို သောက်ကြည့်ခဲ့တာဆိုရင်

Strawberry Cheese 2500Ks
သူ့အရသာကိုတော့ တော်တော်ကြိုက်ခဲ့တာ။ Regular တစ်မျိုးပဲရှိပြီး ၁၅၀၀ပဲရှိတယ်။
အဲဒါကိုမှ Cheese နဲ့ ရောလိုက်တာ ပိုကောင်းတယ် ပျစ်ပျစ်နှစ်နှစ်ဖြစ်သွားပြီး
စတော်ဘယ်ရီအနံ့လေးနဲ့ Cheese နဲ့ အေးအေးလေး တော်တော်ကောင်းတယ်။

Matcha Latte 2000 Ks
Mocha Latte ဆိုလည်း Regular တစ်မျိုးပဲ။ Mocha Latte နဲ့ Pearl Milk Tea
ပေါင်းထားတာ သူ့အရသာက Pearl Milk Tea သောက်တာထက် အရသာပိုကဲ သွားတယ်။

Cheese green Tea 2000Ks
Special Drink ထဲက Special Green Tea သောက်ကြည့်ခဲ့တယ်။ Cheese ပါတဲ့ အရသာက
တော်တော်ကောင်းနေတာ သတိထားမိတယ်။ ရောက်ရင် သောက်ကြည့်ခဲ့ပါ။

Avocado Juice 1500Ks
နွေရာသီလည်း ရောက်တော့မှာဆိုတော့ အသီးဖျော်ရည်တွေကလည်း သောက်သင့်ပါတယ်။
အသီးမဟုတ်ဘဲ Juice တောင် တော်တော်ကောင်းနေတာပါ။ ထောပတ်သီးဖျော်ရည် Small
၁၂၀၀ပဲရှိတယ်။ ဒီဈေးနဲ့ ဒီအရသာက တော်တော် တန်နေပြီလို့ ပြောလို့ရတယ်။ Regular
သောက်ကြည့်ခဲ့တာ ထောပတ်သီး ပြည့်နှစ်နေတာပဲ။

Pearl Milk Tea Regular 1500Ks
Small ၁၂၀၀နဲ့ Regular ၁၅၀၀ ရှိတယ်။ Matcha Latte နဲ့ ရောသလို မဟုတ်ဘဲ ဆိုင်မှာ
ရောင်းကောင်းတဲ့ တစ်ခုထဲမှာပါတယ်။ အရသာက သူ့တစ်မျိုးထဲ ခံစားပြီး
သောက်ရမဲ့အရသာပေါ့။


Tea Black
No. 2/4, Chan Thar Street (Near City Mart) San Chaung Township, Yangon.
09 – 407337331
By : Nay
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ