bnr_tob_1

2020.07.16SOCIAL

JLPT စာမေးပွဲတွေ ဖြေဖို့ ဘာစာအုပ်တွေကို လေ့လာသင့်သလဲ။

JLPT စာမေးပွဲတွေအတွက် ဘာစာအုပ်တွေကို လေ့လာသင့်သလဲ။

ဂျပန်စာသင်ချင်လို့။ ဘယ်စာအုပ်ဖတ်ရင် ကောင်းလဲ။

Minna စာအုပ်ဖတ်ရင်ရပြီလား။ တခြားဘာထပ်ကြည့်ဖို့လိုသေးလဲ။

အစရှိတဲ့မေးခွန်းတွေကို ကျောင်းသားတွေ မကြာခဏမေးကြတယ်။ တခြားမေးကြတဲ့ မေးခွန်းတွေလဲ အများကြီးရှိပါသေးတယ်။ ဘာစာအုပ်ဖတ်သင့်လဲ ဆိုတဲ့ ‌မေးခွန်းအတွက် Levelတစ်ခုချင်းစီခွဲပြီး အကြံဉာဏ်ပေးပါ့မယ်။

JLPT N5

အခြေခံ Level ဖြစ်တဲ့ N5 အတွက်ကတော့ みんなの日本語初級I (Minna No Nihongo Shokyu I) စာအုပ်ကို ဖတ်ရင်လုံလောက်ပါပြီ။ စာအုပ်ဖွဲ့စည်းပုံက စနစ်ကျလို့ လေ့ကျင့်ခန်းတစ်ခုချင်းစီကို လိုက်လုပ်ရုံနဲ့ ကြိမ်းသေပေါက်အောင်ပါတယ်။ ဂျပန်စာ ပထမဆုံးစသင်တာမို့လို့ အများစုက Listening အပိုင်းကို ကြောက်ကြတယ်။ Listening ကို စာအုပ်မှာပါတဲ့ CDကို နားထောင်ပြီး လေ့ကျင့်မယ်ဆိုရင် အခက်အခဲမရှိဖြေနိုင်မှာပါလို့ အာမခံပါတယ်။

JLPT N4

ဒုတိယအဆင့်ဖြစ်တဲ့ JLPT N4 အတွက်လည်း みんなの日本語初級II (Minna No Nihongo Shokyu II)ကို လေ့လာရင် လုံလောက်ပါတယ်။ N4 အဆင့်ရောက်လာရင်တော့ Grammarအပိုင်းကို သေသေချာချာလေး လုပ်ရပါမယ်။ စာဖတ်ပျင်းပြီး စာအုပ်ထဲက စာပုဒ်ကြီးဖတ်ပြီး ဖြေရတဲ့ မေးခွန်းတွေကို ကျော်ဖြေတာမျိုး လုံးဝလုပ်လို့ မရပါဘူး။ Minna IIစာအုပ်ကို ဖတ်ရင် လုံလောက်ပြီ ဆိုပေမဲ့ အချိန်ရရင် မေးခွန်းဟောင်းလေး ၃စုံလောက်တော့ ဖြေကြည့်နိုင်ရင် ပိုကောင်းပါတယ်။

JLPT N3

တတိယအဆင့်ဖြစ်တဲ့ JLPT N3 အတွက် みんなの日本語中級I(Minna No Nihongo Chukyu I)ကိုလေ့လာရင် အဆင်ပြေပါသေးတယ်။ ဒီLevelက အခြေခံအဆင့်ကနေ အဆင့်မြင့်အတန်းကို စပြောင်းတာဖြစ်လို့ စာက သိသိသာသာလေးခက်သွားပါတယ်။ N3 မှာ ကျောင်းသားအများစု ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက Reading အပိုင်းပါ။

Reading အပိုင်းကို စနစ်တကျ လေ့လာထားဖို့ လိုပါတယ်။ Shin Kanzen Master N3 Readingကို အရံအနေနဲ့ လေ့လာနိုင်ရင် ပိုကောင်းပါတယ်။ စာအုပ်၂အုပ်လုံး မဖတ်ချင်ရင်တော့ မေးခွန်း‌ဟောင်းတွေ၊ Pre Testတွေကို ဖြေကြည့်ထားဖို့လိုပါတယ်။ အရေးကြီးဆုံးက မေးခွန်းဟောင်းတွေကို အချိန်ကိုက် ဖြေကြည့်ထားဖို့ပါ။ တကယ်စာမေးပွဲဖြေတဲ့အခါ Readingအပိုင်းမှာ အချိန်မ‌လောက်တာတွေ အဖြစ်များကြလို့ပါ။ Readingမဖတ်ချင်ရင် N3အောင်ဖို့ခက်မှာပါ။

Listening အပိုင်းက ခက်မယ်ထင်ရပေမဲ့ တကယ့်တကယ်မှာတော့ လွယ်ပါတယ်။ ပွဲမဝင်ခင် အပြင်ကလေ့ကျင့်ဆိုတဲ့အတိုင်း မေးခွန်း‌ဟောင်း ၄၊ ၅စုံလောက်တော့ နားထောင်ပြီး ဖြေကြည့်ထားသင့်ပါတယ်။ အဓိကကတော့ စာမေးပွဲအခန်းထဲမှာ စိတ်ငြိမ်ဖို့ပဲဖြစ်ပါတယ်။ သိပ်စိုးရိမ်မနေပဲ အသံကို အာရုံစိုက်နားထောင်ပါ။

ဖွင့်ပြတဲ့ စကားပြောတွေ အားလုံးကို နားမလည်ရင်တောင်မှ ပြောသူတွေရဲ့ အသံ အဖိ အဖော့ကို နားထောင်ပြီး အဖြေကို ခန့်မှန်းနိုင်ပါတယ်။ ငြင်း‌နေတာလား။ ထောက်ခံနေတာလား။ အဖော်ညှိနေတာလား။ ဒါမျိုးလေးတွေ သဘောပေါက်အောင်လုပ်ပြီး လိုက်ဖက်တဲ့အဖြေကို ခန့်မှန်းပြီး ရွေးလို့ရပါတယ်။

JLPT N2

JLPT N2 အတွက်တော့ Shin Kanzen Master Series၊ ဒါမှမဟုတ် Soumatome Series ၂ခုထဲက ကိုယ်နဲ့ အဆင်ပြေမဲ့ တစ်ခုခုကို ဖတ်ဖို့ အကြံပေးလိုပါတယ်။ စာရေးသူကိုယ်တိုင်ကတော့ Shin Kanzen Master Seriesကို ဖတ်ခဲ့ပါတယ်။

Readingက ပိုခက်လာတာမို့လို့ Shin Kanzen Master Reading စာအုပ်တစ်အုပ်လုံး ဖတ်ထားဖို့လိုပါတယ်။ Readingဖတ်ရင်း ခန်းဂျီးပါတွဲပြီး မှတ်သွားပါ။ Readingကို တစ်နေ့တစ်ပုဒ်ပုံမှန်ဖတ်သွားပါ။

စာမေးပွဲနီးမှ ကပ်ပြီးစာလုပ်လို့ ရတဲ့အထဲမှာ N2 Reading မပါပါဘူး။ အများကြီး မဖတ်နိုင်ရင်တောင် တစ်နေ့တစ်ပုဒ် မပျက်မကွက် ဖတ်သွားရင် လွယ်သွားမှာပါ။

N2 Kotobaတွေက များလွန်းလို့ မှတ်ကိုမမှတ်နိုင်ခဲ့ပါ။ Kotobaသီးသန့် ကျက်မနေတော့ပဲ Readingဖတ်ရင်းပဲ မှတ်ခဲ့ပါတယ်။ Kotobaကျက်တဲ့ အကျင့်လေးရှိခဲ့တဲ့သူတွေကတော့ ဆက်ကျက်သွားဖို့ အားပေးပါတယ်။

Grammar ကိုတော့ Shin Kanzen Master Grammar စာအုပ်ကို အပိုင်လုပ်ထားရင် ရပါပြီ။

Listening အပိုင်းက မျက်စိလည်အောင် ဆင်တူရိုးမှားလေးတွေ ထည့်မေးလာတယ်။ ရွေးစရာ၄ခုပါရင် ၄ခုလုံးက မှန်နေတယ်ထင်ရတယ်။ ဒါကြောင့် မေးခွန်းဟောင်း အသံဖိုင်တွေ နားထောင်ပြီးလေ့ကျင့်ထားဖို့ လိုပါတယ်။ မခက်ပေမဲ့ အလွန်မှားလွယ်အောင် မေးလေ့ရှိပါတယ်။ သေချာလေ့လာထားရင်တော့ အဖြေရွေးရတာက လွယ်ကူရိုးရှင်းသွားပါတယ်။

N2အဆင့်ရောက်လာရင်တော့ မေးခွန်းဟောင်း၁၀စုံလောက် အနည်းဆုံး ဖြေကြည့်ထားဖို့လိုပါတယ်။ ဖြေကြည့်ရင်း အမှတ်ပါ တစ်ခါတည်းတွက်သွားပါ။ အောင်မှတ်မရတဲ့ အပိုင်းကို အားထည့်ပြီးပိုလေ့လာပါ။ ၁၀စုံထဲက အောင်မှတ်မရတဲ့မေးခွန်း၊ အမှတ်နည်းတဲ့မေးခွန်းတွေကို ၂ခါလောက်ထပ်ဖြေပါ။ မေးခွန်းဟောင်းနဲ့တွဲပြီး လေ့ကျင့်ထားဖို့ အထူးလိုအပ်လို့ပါ။

JLPT N1

JLPT N1 က အခက်ဆုံးပေါ့။ စကားပုံတွေ၊ ဗန်းစကားတွေပါ ထည့်မေးလို့ အတော်လေးခက်ပါတယ်။ စာရေးသူလည်း N1 အောင်ဖို့ ကြိုးစားဆဲပါ။ သေချာတာကတော့ N1 အောင်ဖို့ စာပိုလုပ်ဖို့ လိုအပ်တာပါ။ စာမေးပွဲဖြေချင်ပေမဲ့လဲ ဒီနှစ်အတွက် စာမေးပွဲတွေက မရှိတော့ဘူး။ ဒါပေမဲ့ အချိန်မဖြုန်းပဲ စာပုံမှန်လေး လုပ်နေပါတယ်။ အားလုံးလဲ စာ‌မေးပွဲမရှိပေမဲ့ စာလုပ်မယ်လို့ ယုံကြည်ပါတယ်။

တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမယ်နော်။ စာမေးပွဲတွေကို လွယ်လွယ်ကူကူ ဖြေဆိုအောင်မြင်နိုင်ပါစေ။

By: Laimar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img