2019.12.12TRAVEL
တိမ်တွေပေါ်က ချစ်စရာမြို့လေး တီးတိန် ☁️🌥

တီးတိန်မြို့လည်လမ်းမတစ်နေရာ တနင်္ဂနွေမို့ ဆိုင်တွေပိတ်
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၆၆၇ ပေမှာတည်ရှိတဲ့ တီးတိန်မြို့လေးဟာ ချင်းပြည်နယ်မြောက်ပိုင်းရဲ့အထင်ကရမြို့လေးတစ်မြို့ပါ။ တီးတိန်ဆိုတဲ့နာမည်လေးက တဲဒင်မ် (Tedim) ဆိုတဲ့ ချင်းဘာသာစကားကနေဆင်းသက်လာတယ်လို့ သိရပါတယ်။
(တဲ) ဆိုတာမြန်မာလို အရောင်တောက်ပခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိပြီး (ဒင်မ်) ဆိုတာကတော့ ပြည့်သည် ဆိုပြီး ကမအဓိပ္ပာယ်ရပါတယ်။ ရေပြည့်နေတဲ့ကန်မှ အရောင်တောက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။
တီးတိန်မြို့လေးရဲ့ သက်တမ်းကတော့၄၆၄ နှစ်ရှိပြီဟု သမိုင်းများအရသိရပါတယ်။





တီးတိန်မြို့လေးကိုလာမယ်ဆိုရင်တော့ ကလေးကနေ ၄ နာရီခွဲဝန်းကျင်ခန့် တောင်တက်ကားများစီးပြီး လာနိုင်ပါတယ်။ လမ်းတစ်လျှောက် သိုင်းငင်ရွာနဲ့ လေထန်ကုန်များကိုဖြတ်ကျော်ပြီး နောက်မှာတော့ တီးတိန်မြို့လေးကို ရောက်ရှိမှာဖြစ်ပါတယ်။
တီးတိန်မြို့နဲ့အနီးမှာဘာတွေလည်ပတ်နိုင်မလဲဆိုရင် ကမ္ဘာ့စစ်ကာလအတွင်းကကျဆုံးခဲ့တဲ့စစ်သချိုင်း၊ သိုင်းငင်ရွာ၊ လေထန်ကုန်း၊ ကနေဒီတောင် နဲ့ ရှောင်စောန်းစံပြကျေးရွာနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ရိဒ်ရေကန် စတဲ့နေရာများကိုလည်ပတ်နိုင်ပါတယ်။




🔗 သိုင်းငင်ရွာ⛰
•••••••••••••••••

ကလေးကနေလာရင် အရင်ဆုံးရောက်တဲ့ အမြင့်ဆုံးရွာလေးပေါ့။ အရမ်းအေးတဲ့ အချိန်ဆို ရေတောင်ခဲပါတယ်😍😍😍 သိုင်းငင်မှာဘာတွေရမလဲဆိုတော့ မက်မန်းဝိုင်၊ စပျစ်ဝိုင်စတဲ့ တောင်ပေါ်ဒေသထွက်ဝိုင်တွေကို ရွာကအိမ်တွေမှာပဲ စျေးသက်သက်သာသာနဲ့ ဝယ်လို့
ရနိုင်ပါတယ်။ တစ်ခုတော့ရှိတယ် အရမ်းအေးတော့ အိမ်တိုင်းက တံခါးတွေပိတ်ထားကြတယ်။ တံခါးခေါက်ပြီး ဝင်ဝယ်လို့ရပါတယ်။ ချင်းရိုးရာဆာဗူးသီးလဲဝင်စားလို့ရတယ်နော်။🤩




🔗လေထန်ကုန်း ⛰
••••••••••••••••••

လေသာတောင်တန်းပေါ်မှာရှိတဲ့ လေထန်ကုန်းကတော့ ကလေးကနေလာရင်သိုင်းငင်ရွာအကျော်မှာရှိတာပါ။ ၂ နာရီလောက်မောင်းရင် ရောက်ပါတယ်။ လေထန်ကုန်းကတော့ လေထန်လွန်းလို့ အပင်တွေတောင် မပေါက်နိုင်ပဲ တောင်ဂတုံးအဖြစ်တည်ရှိနေတဲ့ ကုန်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ လေထန်နေတဲ့ အချိန်တွေဆိုရင် အကျီ်၊ ပဝါစများပစ်ချရင်တောင် အောက်မကျပဲပြန်တက်လာပါတယ်။ အဲ့ဒါတော့ သဒ္ဓါလက်တွေ့စမ်းခဲ့ပါတယ်။ တကယ်ပြန်တက်လာတာ 🤭 လေထန်ကုန်းတစ်လျှောက် ဓာတ်ဖမ်းလို့လဲရှယ်မိုက်တာမို့ တီးတိန်သွားရင် လေထန်ကုန်းကိုဝင်ဖို့မမေ့နဲ့နော်။










🔗ကနေဒီတောင် ⛰
•••••••••••••••••••
ကနေဒီတောင်ကတော့ တီးတိန်မြို့မှာရှိတဲ့ ချင်းပြည်နယ်မြောက်ပိုင်းရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ကနေဒီအကြောင်း အသေးစိတ်ကို အောက်က Link လေးမှာဝင်ရောက်ဖတ်ရှူနိုင်ပါတယ်ရှင့် ❤️
https://www.facebook.com/648027725593501/posts/875411326188472?sfns=mo
🔗 တီးတိန်မြို့ဗုဒ္ဓဿသနာပြုဘုန်းတော်ကြီးသင်ပညာရေးကျောင်း

တီးတိန်မှာရှိတဲ့ တစ်ခုတည်းသော ဗုဒ္ဓဿသနာပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပဲဖြစ်ပါတယ်။ သဒ္ဓါတို့သွားတိုင်း ကလေးတွေအတွက် အနွေးထည်၊ စာရေးကိရိယာနဲ့ကျောင်းအတွက် လိုအပ်တဲ့အသုံးအဆောင်များကိုလှူဖြစ်ပါတယ်။ အဲ့တော့ ကြုံလို့ရောက်ခဲ့ရင်လဲ ဝင်ခဲ့ဖို့မမေ့နဲ့နော် ☺️







🔗ချင်းရိုးရာသမိုင်းဝင် ရှောင်စာန်းစံပြကျေးရွာ ⛰
•••••••••••••••••••••••••••••••••••••••••••
တီးတိန်မြို့လေးရဲ့ အစွန်ဆုံးမှာရှိတဲ့ ရှောင်စောန်းရွာလေးဟာလဲ မသွားမဖြစ်နေရာလေးတစ်ခုပါနော်။ ချင်းရိုးရာအိမ်လေးလဲရှိတယ်။ ကြည့်မျှော်စင်လေးလဲရှိတော့ တီးတိန်တစ်မြို့လုံးကိုလဲမြင်ရတယ်လေ။ လေ့လာစရာတွေအများကြီးပဲ ရွာထဲမှာ။ ရှောင်စောန်းရွာအသေးစိတ်ကိုလဲ အောက်က Link ထဲမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့် 😍
https://www.facebook.com/648027725593501/posts/752129175183355?sfns=mo
🔗မြန်မာပြည်ရဲ့အသည်းနှလုံးရှိရာ ရိဒ်ရေကန် ⛰
••••••••••••••••••••••••••••••••••••••••••••
ရိဒ်ရေကန်ကတော့ ဘာမှထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး။ တီးတိန်ကနေဆို ရိဒ်ကို ၃၁ မိုင်ကားမောင်းရပါတယ်။ လမ်းနဲနဲကြမ်းတော့ ၃နာရီကျော်လောက်တော့မောင်းရပါတယ်။ ရိဒ်ရေကန်အကြောင်း အသေးစိတ်ကို အောက်က Link မှာဝင်ရောက်ဖတ်နိုင်ပါတယ်ရှင့် ☺️

https://www.facebook.com/648027725593501/posts/651820391880901?sfns=mo
🔗တီးတိန်မြို့ချင်းရိုးရာခွာဒိုပွဲ🎉
•••••••••••••••••••••••••••••
ခွာဒိုပွဲဆိုတာ ချင်းပြည်နယ်မှာပြုလုပ်တဲ့ ရိုးရာပွဲတစ်ခုပါ။ တစ်နည်းအားဖြင့် ရိုးရာကောက်သစ်စားပွဲလို့လဲပြောလို့ရပါတယ်။ နှစ်စဉ်အောက်တိုဘာလမှာပြုလုပ်လေ့ရှိတဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုပါ။ တစ်မြို့လုံးနီးပါး ကောက်သစ်စားပွဲ (ခွာဒိုပွဲ)ကိုဆင်နွှဲကြပြီး ရှောင်စောန်းရွာမှာလဲ ပြုလုပ်ပါတယ်။ တစ်နှစ်ပတ်လုံး အလုပ်လုပ်ခဲ့သမျှ ကောက်သစ်စားပြီးချိန်တွင် ပျော်ရွှင်စွာ အနားယူအပန်းဖြေကြခြင်းဖြစ်တယ်လို့ သိခဲ့ရပါတယ်။ သဒ္ဓါတို့လဲရိုးရာပွဲနဲ့ကြုံလို့ဝင်ကြည့်ခဲ့ကြသေးတယ်။



🔗 တီးတိန်ရောက်ရင်ဘာတွေစားပြီး ဘယ်မှာတည်းမလဲ????
တီးတိန်ရောက်ရင် ချင်းရိုးရာဆာဗူးသီးနဲ့ တီးတိန်ကော်ဖီကတော့ မသောက်မဖြစ်ပါ။ တောင်ပေါ်ကော်ဖီပူပူလေးနဲ့လိုက်ဖက်တာကတော့ ချင်းဒိုးနပ်လို့ခေါ်ကြတဲ့ မုန့်လက်ကောက်လိုအကွင်းလေးတွေပါ။ ကော်ဖီဆိုင်တွေမှာရပါတယ်။ ရောက်ရင် စားကြည့်ခဲ့နော် ❤️တည်းခိုဖို့ဆိုရင်တော့ တီးတိန် Guest House ရှိပါတယ်။
☎️ တီးတိန် Guest House – 09459600480
သတိထားဖို့အချက်ကတော့ တနင်္ဂနွေဆို တစ်မြို့လုံးနီးပါး ဘုရားကျောင်းသွားကြတဲ့အတွက် ဘာဆိုင်မှမဖွင့်ပါဘူးနော်။ ထမင်းစားဖို့တောင် ထမင်းဆိုင်မဖွင့်ပါဘူး။ အဲ့တစ်ခုတော့ သတိထားပြီးမှသွားပါနော်။
ဒီလောက်ဆို တိမ်တွေအထက်က တီးတိန်မြို့လေးကိုသွားလည်ဖို့အဆင်ပြေလောက်မယ်ထင်ပါတယ်🤩
အားလုံးပဲ အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြင့် ခရီးသွားလာနိုင်ကြပါစေနော် 😍😍😍
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ