fb_icon

bnr_tob_1

2019.08.14SOCIAL

တနင်္သာရီမြို့နယ်တွင် လူနှစ်သောင်းကျော် ရေဘေးသင့်

By စိုင်းကိုကိုထွန်း
တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့တွင် ရေကြီးနစ်မြုပ်နေစဉ် (ဓာတ်ပုံ − Ye Myint Swe )

တနင်္သာရီမြို့နယ်တွင် မြစ်ရေကြီးမှုကြောင့် လူနှစ် သောင်းသုံးထောင်ကျော် ရေဘေး သင့်နေပြီး လူခုနစ်ထောင်ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး ထားရသည်။

တနင်္သာရီတိုင်းအတွင်း မိုး ကြီးမှုကြောင့် တနင်္သာရီမြစ်ရေ သည် ဩဂုတ် ၆ ရက်ကစ၍ စိုးရိမ်ရေမှတ်ကျော်ကာ မြို့အတွင်း အနိမ့်ပိုင်းနေရာများသို့ ရေစတင် ဝင်ရောက်ခြင်းဖြစ်သည်။ အဆို ပါ မြစ်ရေသည် ဩဂုတ် ၁၃ ရက် အထိ အန္တရာယ်ရေမှတ် ၂၄ ပေကို ကျော်၍ ၂၅ ပေ၊ ၁၁ လက်မအထိ ရောက်ရှိနေသည်။

လက်ရှိတွင် တစ်မြို့နယ်လုံး ၏ လေးပုံတစ်ပုံ လူဦးရေဖြစ်သည့် ၂၃,၁၉၀ ဦး ရေဘေးသင့်နေပြီး ရေကြီးနေသည့် ကျေးရွာနှင့် ရပ် ကွက် ၆၆ ခုရှိကာ အနိမ့်ပိုင်းရှိ ရွာငါးရွာခန့်မှာ ရေလုံးဝနစ်မြုပ် နေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် တိုင်းဒေသ ကြီးအမတ် ဦးရဲမြင့်ဆွေက ယမန် နေ့တွင် ပြောသည်။

ထို့အပြင် လူ ၆,၈၆၃ ဦးကို ဘေးလွတ်ရာ ဆွေမျိုးအိမ်များရှိ ရာသို့ ပြောင်းရွှေ့ပေးထားပြီး လူ ၁,ဝ၀ဝ ကျော် ယာယီကယ် ဆယ်ရေးစခန်း ခုနစ်ခုတွင် ခိုလှုံ နေရသည်။

လက်ရှိတွင် မြို့နယ်အတွင်း ရှိ စာသင်ကျောင်းများအနက် ၄၄ ကျောင်း ပိတ်ထားရသည်ဟု ဦးရဲ မြင့်ဆွေက ဆိုသည်။

‘‘စားနပ်ရိက္ခာတော့ လတ် တလော အခက်အခဲမဖြစ်သေး ဘူး။ အခုက ရေဘေးသင့်ပြောင်း ရွှေ့ကိုပဲ တစ်ပတ်စာ ပံ့ပိုးနိုင် သေးတယ်။ ရေဘေးသင့်အားလုံး ကိုတော့ မပံ့ပိုးနိုင်သေးဘူး’’ဟု ၎င်းက ပြောသည်။

ထို့အတူ ရေဘေးသင့်ပြည် သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို တိုင်းအစိုးရ အဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်း ၍ နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း ၎င်း က ဆက်လက်ပြောသည်။

မြိတ်ခရိုင်ရှိ တနင်္သာရီမြို့ သည် တနင်္သာရီမြစ်ရေကြီးမှု ကြောင့် တစ်ပတ်ကြာသည်အထိ ရေဘေးကြုံတွေ့နေပြီး ဩဂုတ် ၁၂ ရက်က ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် တပ်မတော် သားတစ်ဦး ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့သည်။

ယမန်နှစ်က တနင်္သာရီမြစ် ရေကြီးမှုကြောင့် တနင်္သာရီမြို့ နယ်ရှိ လူနှစ်သောင်းခွဲခန့် နှစ်လ ကျော်ရေဘေးကြုံတွေ့ပြီး လူသေ ဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

တနင်္သာရီမြို့နယ်ရှိ ရေဘေး သင့်ပြည်သူများအတွက် သောက် သုံးရေအပါအဝင် စားနပ်ရိက္ခာ များ လှူဒါန်းလိုပါက ဦးအောင် ကျော်ဟိန်း- ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖုန်း-ဝ၉-၇၇၇၃၃၀၁၃၃ နှင့် ဦးရဲမြင့်ဆွေ- တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဖုန်း-ဝ၉-၄၂၂၁၉၅၆၆၅ တို့ထံ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း ထုတ်ပြန်ထားသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img