bnr_tob_1

2020.08.12TRAVEL

မြန်မာပြည်တောင်ပိုင်းရဲ့သမိုင်းဝင်မြို့လေးတနင်္သာရီ

(မြိတ်ကနေတစ်နာရီလောက်ပဲ သွားရပီး နေ့ချင်းပြန်သွားလည်လို့ကောင်းတဲ့ မြို့လေးပါ) တောတောင်ထူထပ်ပီးတောင်ပိုင်းဒေသရဲ့အလှပဆုံးတနင်္သာရီမြစ်ကြီးဖြတ်စီးတဲ့ တနင်္သာရီမြို့လေးဟာတမူကွဲပြားတဲ့အလှတွေနဲ့ထူးခြားတဲ့မြို့လေးပါ။ကမ်းရိုးတန်းဒေသရဲ့ unique ဖြစ်တဲ့မြို့ပါပဲ တနင်္သာရီတိုင်းက မြို့တော်တော်များများဟာ ပင်လယ်အငွေ့အသက်တွေ ရပေမယ့် တနင်္သာရီကကျတော့ တောတောင်အငွေ့အသက်တွေ ပိုရပါတယ်။နောက်ပီးတနင်္သာရီနေပြည်တော်ကြီးထူထောင်ခဲ့တဲ့မြို့ဖြစ်တာနဲ့အညီသမိုင်းယဉ်ကျေးမှုတွေလည်းကြွယ်ဝပါတယ်။

မြို့အဝင်တံတားထိပ် Welcome to Tanintharyi ဆိုင်းပုဒ်က နဂါးကြီး
တနင်္သာရီသမိုင်းမှာနဂါးကအရေးပါတဲ့အရာတစ်ခုပါ
မြစ်ကမ်းနံဘေး
နဂါးကပ်တောင်သို့အသွားလှေပေါ်မှာ

ပုံမှန်အားဖြင့် မြိတ်-ကော့သောင်း ကားလမ်းမကြီးပေါ်က ဖြတ်သွားဖြတ်လာ မြို့တစ်မြို့အဖြစ်သာ ရှိနေပေမယ့် တကယ့်တကယ်သွားမယ် လေ့လာမယ်ဆိုရင် လည်စရာမကုန်နိုင်တဲ့မြို့ပါ။တနင်္သာရီရောက်ရင်အဓိကသွားရမယ့်နေရာလေးတွေရေးပေးရင်းသမိုင်းလေးတွေပါသိရသလောက်ထည့်ရေးပေးထားပါတယ်။

ရှင်မအောင်သာကျောက်တိုင်

ရှင်မအောင်သာကျောက်တိုင်

တနင်္သာရီမြို့ရဲ့အရေးပါဆုံး အထင်ရှားဆုံးရှိတဲ့အရာတစ်ခုပါ။ တနင်္သာရီမြို့တည်ရာမှာ သူရဲ့အသက်ကိုစတေးပေးခဲ့တဲ့သူပါ။ တနင်္သာရီမင်းဆက် ဧကရာဇ်ရာဇာမင်းလက်ထက်မှာ မြို့ကိုအသစ်တဖန်ပြန်တည်တဲ့အခါတည်လို့မရဘဲပြည်သူတွေရဲ့အိုးအိမ်တွေဟာရေလွှမ်းမိုးမှုတွေပဲခံနေရပါတယ် အဲ့အချိန်မှာတနင်္ဂနွေသမီး အောင်ပါတဲ့သူကို စတေးပေးမှရမယ် ဟုတဘောင်ထွက်ပါတယ်။ အဲဒါကြောင့်ဘုရင့်ဆွေတော်မျိုးတော်လည်းဖြစ် သားတစ်ယောက်မိခင် ကိုယ်ဝန်နဲ့ မယ်အောင်သာဆိုတဲ့ အမျိုးသမီးဟာ ကိုယ်ကျိုးစွန့်ပီးအများအတွက် သူ့အသက်ကို ရဲရဲ့ဝံ့ဝံ့စတေးပေးလိုက်တာပါ။ မြို့မှာတခုခုဖြစ်တော့မယ်ဆိုရင် ကျောက်တိုင်ကသွေးစိမ်းထွက်တယ်လို့လည်း သမိုင်းရှိပါတယ်။

ဓားသွေးချောင်း

ဓားသွေးချောင်း

တနင်္သာရီမြို့အဝင်တံတားအဆုံးလမ်းနံဘေးကနေဝင်သွားရတာပါ။အလောင်းမင်းတရားကြီးနဲ့စစ်သည်ရဲမက်တွေယိုးဒယားကိုစစ်ချီတဲ့အခါတနင်္သာရီရောက်တုန်းဓားသွေးခဲ့တဲ့ချောင်းမလို့ ဓားသွေးချောင်းလို့ခေါ်တာပါ။ရေတံခွန်အသေးလေးတစ်ခုပါ။

နဂါးကပ်တောင်ဘုရား ခေါ် နဝထပ်တောင်စေတီ

နဂါးကပ်တောင်ပေါ်ကဂဝံအုတ်ရိုးတွေ

တနင်္သာရီမြို့တစ်ဖက်ကမ်းလှေနဲ့သွားမှရောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ရာလောက် က အုတ်ရိုးတွေ စေတီတွေရှိပါတယ်။ ထူးထူးခြားခြား ဂဝံကျောက်နဲ့လုပ်ထားတဲ့ အုတ်ရိုးတွေကို တွေ့ရပါတယ်။ လှေဆိပ်ကနေ စေတီပေါ်တက်တဲ့လှေကားဆိုရင် လှေကားထစ်အရေအတွက်ကိုတစ်ယောက်နဲ့တစ်ယောက်ရေတာ ဘယ်လိုရေရေမတူဘူးလို့ကြားလို့ ရေကြည့်တာတကယ်လည်းမတူပါဘူး။

နဂါးကပ်တောင်ဘုရားက နှစ်ပေါင်း၆၀၀ကအုတ်တွေ
နဂါးကပ်တောင်ပေါ်မှမြစ်ဆိပ်ဆင်းတဲ့လှေကား
လှေကားထစ်တွေကိုဘယ်လောက်ရေရေတစ်ယောက်နဲ့တစ်ယောက်မတူကြဘူး
တောင်ပေါ်ဘုရားပေါ်

ကော့ယွန်းရွာက ဆရာမဲကျောင်း

ကော့ယွန်းရွာ ဆရာမဲကျောင်း

တနင်္သာရီမြို့နယ်မှာယိုးဒယားလူမျိုးတွေနေတဲ့ရွာ(၇)ရွာရှိပါတယ်။ဒီဘက်မှာက ယိုးဒယားကိုရှမ်းလို့ခေါ်ကြပါတယ်။အဲ့တော့ရှမ်းတွေနေတဲ့ရွာလို့ပဲပြောရမှာပေါ့။ဆရာမဲဟာထိုင်းလူမျိုးဘုန်းကြီးပါ။ကော့ယွန်းရွာကဆရာမဲကျောင်းသွားလည်ပီး နှစ်တရာလောက်ရှိတဲ့ဘုန်းကြီးကျောင်းတွေ ရှေးခေတ်လက်ရာတွေကို လေ့လာလို့ရပါတယ်။ ဒီရွာမှာနေတဲ့သူတွေက အခုထိ ထိုင်းစကားပဲပြောကြပါတယ်။မောတောင်နယ်စပ်အသွားလမ်းခွဲ ထုံခါရွာကနေ လမ်းခွဲလေးအတိုင်းဝင်ရပါတယ်။

စျေးရှေ့
မြူတွေနဲ့တနင်္သာရီတံတားပါ်က
တံတားအသစ်နဲ့အဟောင်းအပြိုင်

မြဝတ်ဆင်တောင်

ရုံးတွေရှိတဲ့ တောင်ပေါ်ကဘုရားပါ။ မြို့မြင်ကွင်းရော မြစ်ဆုံမြင်ကွင်းပါမြင်ရပါတယ်။

ဝင်္ကပါတောင် ဘုန်းကြီးကျောင်း

ဝင်္ကပါတောင်

ဝင်္ကပါ ဆရာတော်ဘုရားကြီးက ရှိစဉ်ကတော့ ဒီတောင်က ဘုရားဖူးတွေနဲ့တော်တော်စည်တယ်ပြောတယ် တောင်ပေါ်ဘုရားတွေအများကြီးရှိတယ်။ နောက်ပီး ခြေတော်ရာတောင်ပေါ်ဘုရားတို့ သာရဘွင်ကျောက်တောင် တို့လည်းရှိပါသေးတယ်။ တနင်္သာရီမြစ်ကြောင်းတစ်လျှောက်ကရွာတွေလည်းသွားလည်လို့ရပါတယ်။ပွင့်လင်းရာသီဆိုရင် မြိတ်ကနေတနင်္သာရီထိလှေစီးပီးသွားတဲ့tourတွေလည်းရှိပါတယ်။

ဆရာမဲ
နဂါးကပ်တောင်ပေါ်
မြို့အဝင်လမ်း

သီတင်းကျွတ်ဆိုရင် ရိုးရာနဂါးလှေပြိုင်ပွဲတွေရှိပါတယ် တော်တော်စည်ပါတယ်။

-တနင်္သာရီမှာစားသောက်ဆိုင်ကောင်းကောင်းဆိုရင် ရွှေနှင်းဆီ ထိုင်းဆိုင်ရှိပါတယ်။မနက်7:00ကနေညအထိဖွင့်ပါတယ်။အခြားဆိုင်တွေရှိရင်cmtမှာရေးပေးပါအုံး

-ဟိုတယ်တွေguesthouseတွေလည်းရှိပါတယ် မြို့အဝင်ဆိုင်းဘုတ်ဘေးမှာRoyal Blossom Hotelရှိပါတယ်

မြိတ်ဘက်ရောက်ရင်ဖြစ်ဖြစ် ဖြတ်သွားရင်ဖြစ်ဖြစ်ဝင်လည်လို့ရအောင်နေရာလေးတွေရေးပေးလိုက်ပါတယ်

Credit : https://www.facebook.com/zanflyingsolo

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img