fb_icon

bnr_tob_1

2020.02.11SOCIAL

အသက်ရှုလမ်းကြောင်းဆိုင်ရာကာကွယ်သော Surgical mask အကြောင်း

ယခုအခါ Wuhan Corona Virus ကြောင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာကာကွယ်မှု များကို အများပြည်သူများ က အသုံးပြုလာကြပါတယ်။ ထို Virus အတွက် ကုသရန်ဆေးရှာဖွေနေသော်လည်း ကာကွယ် ဖို့ အတွက်တော့ PPE( Personal protective equipment ) ခေါ် ကာကွယ်ရေးပစ္စည်းများကို အသုံးပြုလျှက်ရှိပါတယ်။ ထိုကာကွယ်ရေးပစ္စည်း များတွင် mark များကိုများစွာ အသုံးပြုလာခဲ့ပါတယ်။ ထို mark များတွင် ဆေးဘက်ဆိုင်ရာသုံး surgical mask သည် လက်ရှိတွင် အသုံးအများဆုံးဖြစ် ပါတယ်။

ကျွန်ုပ်တို့ အသုံးပြုလျှက်ရှိနေသော surgical mask ကို ၁၈၉၇ ခုနှစ်တွင် ပြင်သစ်ခွဲစိတ်ပါရဂူ ပေါလ်ဘာကာ ကစတင်အသုံးပြုခဲ့ဟု မှတ်တမ်းရရှိခဲ့ပါတယ်။ surgical mask ကို အလွှာ သုံးလွှာဖြင့် ဖွဲ့စည်းထားပြီး အလည်တွင်နူးညံ့ပြီးပျော်ဝင်လွယ် သည့် melt-blown ကိုထား၍ ဘေးမှ fabric အထည်ကို ကပ်ထားခြင်းဖြစ်ပါတယ်။ surgical mask ကို ပုံစုံသုံးမျိုး ဖြင့်ထုတ်လုပ်ထားပါတယ်။ ၎င်းတို့မှာ နားတွင်ချိတ်ရသောပုံစုံ၊ ဦးခေါင်းမှာစွပ်ရသောပုံစံနှင့် ဦခေါင်းနောက်မှ သိုင်းချည်ရသော ပုံစံတို့ဖြစ်ပါတယ်။

surgical mask ကိုထုတ်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လေထုညစ်ညမ်းခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ bacteria နှင့် virus တို့ကိုကာကွယ်ရန် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု လျှောနည်းစေရန် ရည်ရွယ်ပါတယ်။ ထို့အပြင် mask များကို လုပ်ငန်းအခြေအနေပေါ်မှုတည်ပြီး ဆေးဘက်ဆိုင်ရာသုံး၊ ဆောက်လုပ်ရေးသုံး၊ ဓါတုဗေဒလုပ်ငန်းသုံး၊ စိုက်ပျိုး‌ရေးသုံး၊ စက်မှုလုပ်ငန်းသုံး၊ အနူမြူနှင့် စစ်လက်နက်ပိုင်းဆိုင်ရာသုံး စသည်ဖြင့် အမျိုးမျိုး ခွဲခြားထားပါတယ်။ မိမိသုံးပြုမည့် mask သည် မိမိနှင့် အသုံးတည့်စေရန် သေချာစစ်ဆေးဝယ် ယူသင့်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကာကွယ်ရန် အတွက်ကတော့ surgical mask ကအသင့်တော်ဆုံးဖြစ်ကြောင်းကို ကို Yangon Style ပရိသတ်ကြီးအတွက် ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ရပါတယ်။

By: Zaw Gyi

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img