fb_icon

bnr_tob_1

2019.11.22LIFE&TREND

တစ်ဆိုင်လုံးမှာ အကျီတွေ မထပ်စေရသလို ၁၂ရာသီလုံးမှာ ဒီဇိုင်းအသစ်တွေချည်းပဲရောင်းပေးနေတဲ့ Stella Fashion

ဆိုင်ရဲ့ပထမဆုံးအပြင်အဆင်ကို မြင်လိုက်ရင်ပဲ သာမန် အ၀တ်အစားဖက်ရှင်ဆိုင်တစ်ဆိုင်ထက်တော့ ပိုမယ်ဆိုတာကို ခံစားမိတယ်။ ပထမဆုံးသော အမြင်မှာတင် ဆွဲဆောင်နေတာက တခြားမဟုတ် သူ့ရဲ့ အ၀တ်အစားတွေကို စီတန်းထားတဲ့ ပုံစံပါပဲ။ ဓာတ်ပုံတွေမြင်ရင် ဘာကြောင့် ပထမဆုံးအမြင်မှာတင် အထင်ကြီးခဲ့သလဲဆိုတာကို နားလည်မယ်လို့မျှော်လင့်ပါတယ်။

နောက်ထပ် ဒီ Stella Fashion ဆိုင်နဲ့ ပတ်သတ်လို့ ကြိုက်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ ရွေးချယ်စရာ ဒီဇိုင်းတွေအများကြီးရှိနေတာပါပဲ။ တစ်ချို့သော ဖက်ရှင်အထည်ဆိုင်တွေလို ဒီဇိုင်းတစ်မျိုးတည်းကို အထည်ပေါင်းမြောက်များစွာ ချိတ်ဆွဲထားတာမျိုးမရှိပါဘူး။

အ၀တ်အစားလှလှလေးတွေလိုချင်လို့ ရှော့ပင်းစင်တာကြီးတစ်ခုလုံးကို ခြေတိုအောင်သွားရတဲ့ ဒုက္ခတွေကို မိန်းကလေးတွေသာလျှင်သိလိမ့်မယ်။ ခြေတိုအောင်သွားရတာက ကိစ္စမဟုတ်ပေမယ့်လိုချင်တဲ့ အ၀တ်အစားတွေကို မတွေ့တဲ့အခါမှာတော့ ဒုက္ခရောက်ရတော့တာပါပဲ။ 

ကျွန်မအထင်ဆိုရင်တော့ ဒီလိုဒုက္ခတွေကို Stella က ကူညီဖြေရှင်းပေးနိုင်မယ်လို့ထင်ပါတယ်။ ဘာကြောင့် ထင်သလဲလို့ပြောရသလဲဆိုရင် မျက်လုံးနဲ့ တစ်ချက်တည်း၀င့်ကြည့်ရုံနဲ့တင် ရွေးချယ်စရာတွေများနေတဲ့ အကျီတန်းကြီးကို တွေ့နိုင်လို့ပါပဲ။

အပေါ်၀တ်တွေဖြစ်တဲ့ Crop-Top နဲ့ T-Shirt တွေကတော့ တန်ဖိုး ၆၅၀၀ မှ ၉၅၀၀ ကျပ်ကြားရှိတယ်လို့သိရပါတယ်။ Dress နဲ့ Jumpsuit တို့ကိုတော့ ၁၀၅၀၀ နဲ့ ၁၇၅၀၀ ကျပ်ကြားမှာရှိပါတယ်တဲ့။ ပြီးတော့ မိသားစုတွေနဲ့ တည်ထားတဲ့ဆိုင်ဖြစ်တာကြောင့် ၀န်ထမ်းတွေ နောက်ကနေ တကောက်ကောက်လိုက်တဲ့ ဒဏ်ကို မခံရဘဲ အေးဆေးရွေးနိုင်တာကတော့ ကောင်းချက်တစ်ခုပါပဲ။

အမျိုးသမီး၀တ်အနေနဲ့ တန်ဖိုးသက်သာတာတဲ့အနေအထားမှာလည်းရှိနေတာကြောင့် ကျွန်မအနေနဲ့ ဒီ အကျီဆိုင်ကို မနှစ်သက်ဘဲ မနေနိုင်ပါဘူး။ ပြီးတော့ တစ်ပတ်တစ်ခါလည်း ဒီဇိုင်းအသစ်တွေရောက်ပါတယ်တဲ့။ ထပ်ခါတလဲလဲရောက်ပြီးရင် ရောက်ချင်နေမိတဲ့ အကျီဆိုင်တစ်ဆိုင်ဖြစ်နေတော့မှာပါပဲ။

အမျိုးသမီး၀တ် ဖန်စီလှလှလေး၊ လက်ရှိ အမျိုးသမီးတွေကြားမှာ အရမ်းခေတ်စားနေတဲ့ ပန်းပွင့်ပုံစံဂါ၀န်လှလှလေးတွေကို တစ်နေရာထဲမှာ တကယ်ကို ဒီဇိုင်းစုံစုံလင်လင်နဲ့ တန်ဖိုးသက်သာစွာရွေးချယ်၀ယ်ယူနိုင်မယ်ဆိုတာ အမျိုးသမီးများအတွက်တော့ တကယ့်ကို paradise တစ်ခုပါပဲ။

အဆိုပါ paradise ကတော့ ရန်ကုန်မှာ ၂နေရာ တည်ရှိနေပါတယ်။ ပုဇွန်တောင်နဲ့ စမ်းချောင်းမြို့နယ်မှာဖြစ်ပါတယ်။

ပုဇွန်တောင် လိပ်စာ – အမှတ် ၃၁, ရေကျော်လမ်းမကြီး, ရေကျော် city mart အနီး, ရွှေတိမ်လွှာပိုးထည်တိုက် မျက်နှာချင်းဆိုင်, ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့

စမ်းချောင်းလိပ်စာ – အမှတ် ၁၉ မြေညီထပ် ပဒုမ္မာလမ်း၊ စမ်းချောင်းမြို့နယ် ( ကုံးထက်ကြက်ဆီထမင်းဆိုင်) အနားမှာတည်ရှိပါတယ်။

အသေးစိတ်ကိုတော့ Stellar Fashion ဆိုင်ရဲ့ facebook မှာ သွားရောက်ကြည့်ရှုနိုင်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img