bnr_tob_1

2020.05.01SOCIAL

Stay home ကာလတွေမှာ ဘယ်လို အကောင်းဆုံး နေထိုင်ကြမလဲ

အခုဒီလိုချိန်မျိုးမှာ ကမ္ဘာကြီးရဲ့ နိုင်ငံတိုင်း မြို့တိုင်း နေရာတိုင်းမှာ လူတိုင်း ထိခိုက်နစ်နာသူတွေ ရှိနေကြပါတယ်၊ အနည်း နဲ့ အများဘဲ ကွာတာ‌ပေါ့နော်။ လူတစ်ဦးတိုင်း တစ်ယောက်တိုင်းစီမှာ သူ့တာဝန်ယူမှု နဲ့ သူ ကျရာနေရာတိုင်းမှာ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေလည်း ဖြစ်နေကြမှာပါ။ ဖြူစင် ကိုယ်တိုင်လည်းဆောက်တည် ရာမရ တဲ့ အတွေးတွေ တွေးခဲ့ဖူးပါတယ်နော်။ ဒါပေမဲ့ ရလဒ်ကတော့ အကျိုးမရှိတာ များပါတယ်၊ အဲတော့ ဖြစ်လာသမျှကို ဖြူစင်တို့တွေ ပြောင်းလဲလို့ မရပါဘူး သေချာတာတစ်ခုကတော့ အဲ့ဒီ အရာတွေကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုတော့ ပြောင်းလဲလို့ရပါတယ်။
အဲအတွေးလေးကို ဖြူစင်ဖတ်နေတဲ့ Steven R.Covey
ရဲ့ 7 Habits of Highly Effective people ဆိုတဲ့ စာအုပ် က ရခဲ့ဖူးတာပါ။ Habit 1- Be proactive ဆိုတဲ့ အပိုင်းမှာ အသေးစိတ်လေ့လာလို့ရပါတယ်။

ဖြူစင်တို့တွေ စိတ်ညစ်မယ်စိတ်လေမယ်၊ အတွေးတွေများမယ်၊ သတင်းတွေကြားပြီး စိုးရိမ်ပူပန်မယ် ခံစားချက် ပေါင်းစုံ အတွေးပေါင်းစုံ ဖြစ်ခွင့်ရှိပါတယ်။ ပေးဖြစ်ပါ၊ပြီးရင် အကောင်းမြင်စိတ်နဲ့ ပြန်လည်နိုးထပါ

ဒီနေရာမှာတော့ တစ်ယောက် နဲ့ တစ်ယောက် ရှင်သန် ကြီးပြင်းလာပုံ၊ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ ပေါ်မူတည်ပြီး ခံယူချက်တွေလည်း တူမှာ မဟုတ်ပါဘူး၊ ဖြူစင့် အတွေးကတော့ ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် ဒီအချိန် တွေက ပိုနေတာမဟုတ်ပါဘူး၊ ပြည့်စုံလုံလောက်တဲ့
အချိန်တစ်ခုကို ရထားတာပါ။ ဒီကာလမှာ ကိုယ့်ဘာကိုယ် ဘယ်လိုပိုကောင်းအောင် လုပ်မလဲ၊ အချိန်တွေကို ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲ ဆိုပြီး တွေးမိပါတယ်။ ဒါကြောင့်မို့လို့ ဖြူစင်ကိုယ်တိုင် အိမ်မှာနေရင်း ကြိုးစားပြီး လုပ်ကြည့်နေတဲ့ အရာလေးတွေကို မျှဝေပေးချင်ပါတယ်။

ဒီစာစုလေးကို ဖတ်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် အရာတစ်ခုခု ရှာတွေ့သွားမယ် အကျိုးဖြစ်သွားမယ်ဆိုရင်ဘဲ ဖြူစင် မျှဝေရတဲ့ အတွက် ကျေနပ်ပါတယ်။ လုပ်ကိုလုပ်ရမယ် ဖြစ်ကိုဖြစ်ရမယ် ဆိုတာမျိုး မဟုတ်ဘဲ လုပ်ကြည့်လို့ စိတ်ကျေနပ်မှုတွေရမယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပြန်လည် ရရှိလာတယ်ဆိုရင်ဘဲ ကိုယ်အောင်နိုင်ပါတယ်နော်

ပထမဦးဆုံး အနေနဲ့ ဖြူစင်ကတော့ ကိုယ့်စိတ် နဲ့ အတွေးတွေကို နားလည်အောင် အရင်လုပ်ပါတယ်၊ ပြီးမှ ကိုယ်လုပ်ချင်တဲ့ အရာတွေကို ချရေးပါတယ်၊ အရင်တုန်း က လုပ်ချင်စိတ်ရှိပြီး အချိန်မလောက်လို့ လုပ်ချင်တာ တွေအခုချိန်မှာ လုပ်ဖို့ စီစဉ်ပါတယ်။ ဖြစ်ချင်တာ‌တွေ အကုန်ချရေးပါတယ်၊ စားချင်တာတွေ ရှိရင်လည်း ချရေးပါတယ် အားရှိပြီး ကျန်းမာနေဖို့ လိုတယ်လေ နော့် ပြီးရင် အကောင်အထည် ဖော်ဖို့ ပြင်ဆင်ပါတယ်၊ ဖြူစင်ကတော့ အောက်ကအချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်နေပါတယ်၊ အိမ်ထဲမှာနေရင်း ဖြစ်နိုင်မယ့် အကောင်အထည်ဖော်နိုင်တာတွေ များကြီးထဲမှာမှ ကိုယ် နဲ့ ကိုက်ညီမယ့် အရာတစ်ခုခုကိုတော့ ရှာတွေ့လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲတော့ ခုဘဲစပြီး ချရေးကြည့်လိုက် ပါ

၁) ကုသိုလ် (၅) မျိုး လုပ်ပါတယ်

ဖြူစင် ဖတ်ဖူးတဲ့ ဆရာတော် ရဝေနွယ် စာစုထဲမှာပါတဲ့ နေ့စဉ်ကုသိုလ်(၅)မျိုး လုပ်ပါဆိုတာလေးကို အရမ်းသဘောကျပါတယ်၊ စဉ်းစားကြည့်ရင် အရင်တုန်းက တစ်နေ့ကို (၅) မျိုးလုံး ပြည့်အောင်လုပ်ဖြစ်တာရှားပါ တယ်၊ တခု နှစ်ခုလောက် ကတော့ ကျန်ခဲ့ပါတယ်၊ အဲစာလေး ဖတ်ပြီးမှ နေ့တိုင်း (၅) မျိုး ပြည့်အောင်လုပ်ကြည့် ပါတယ်၊ ဆရာတော်ကတော့ နိုးနိုးချင်း လုပ်ခိုင်းပါတယ်

  • သောက်တော်ရေ ကပ်ပါ
  • ငါးပါးသီလ ဆောက်တည်ပါ
  • ၅ မိနစ် ဘုရားဂုဏ်တော် ပွားပါ
  • ၅ မိနစ် မေတ္တာပို့ပါ
  • ၅ မိနစ် တရားထိုင်ပါ တဲ့ ၊

စုစုပေါင်း လုပ်ကြည့်ရင် ၁၅ မိနစ်ကနေ မိနစ် ၂၀ ဘဲ ကြာပါတယ် ဖြူစင် စလုပ်ကြည့်နေတာ သိပ်မကြာသေးပါဘူး အကုန်လုံး လုပ်ဖြစ်တဲ့ ရက်မျိုးဆို စိတ်ထဲမှာကို အလိုလိုကြည်နူးမှုကို ခံစားရပါတယ်။

၂) စာဖတ်ပါတယ်

တစ်နေ့တာ အချိန်တွေထဲမှာ စာဖတ်ချိန် တစ်ချိန် ထည့်ထားပါတယ်၊ ဖြူစင်ကတော့ ရသစာပေတွေ၊ တရားစာအုပ်တွေ၊ စိတ်ပညာ နဲ့ ဆိုင်ရာတွေကို သဘောကျလို့ အဲဒါမျိုးတွေ ပိုဖတ်ပါတယ်၊ ပြီးတော့
ကိုယ်လုပ်ချင်တဲ့ အရာတွေ နဲ့ သက်ဆိုင်တဲ့ စာပေတွေ ကို ရွေးဖတ်ပါတယ် လေ့လာပါတယ်၊ အဲဒါကြောင့် ဖြူစင်က ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို အရင်ဆုံးသိအောင် လုပ်ဖို့ အကြံပေးတာပါ ဘာလို့လည်းဆိုတော့ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်က ကိုယ့်အပြုအမူ၊ လုပ်ဆောင်ချက်တွေကို ရွေးချယ်ပြီးသားဖြစ်စေပါတယ်။

၃) ကိုယ်ရည်မှန်းထားတဲ့ အရာတစ်ခုကို အကောင် အထည် ဖော်နိုင်အောင်ကြိုးစားပါတယ်

ဖြူစင်ရဲ့ အခု စလုပ်ထားတဲ့ Dream With Gloria personal blogလေး အတွက်လိုအပ်တဲ့ဟာတွေ ရှာဖွေစုဆောင်းပါတယ်၊ စာရေးပါတယ်၊ ပြင်ဆင်ပါတယ်၊ အဲတော့လုပ်ချင်တာလေး ရှိမယ်ဆိုရင် အဲအတွက် အစီအစဉ် ဆွဲကြည့်ပါ၊ ဖြစ်အောင် လုပ်မယ်ဆိုရင် အားလုံးဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာတွေ့ပါလိမ့်မယ်။

၄) ယောဂ လုပ်ပါတယ် ၊ တရားထိုင်ပါတယ်

နေ့တိုင်း ၅ မိနစ်၊ ၁၀ မိနစ် ယောဂလေး တွေ ပြန်လုပ်
ကြည့်ပါတယ်၊ တရားထိုင်တာကိုတော့ ဘုရားရှိခိုးပြီးချိန် တွဲလုပ်တာများပါတယ်၊ ပြီးရင် စိတ်ပါတဲ့ အချိန်ဆို ပိုထိုင်ဖြစ်ပါတယ် ၊ အနည်းဆုံး ၁၀ မိနစ်ကနေ နာရီဝက် လောက်ထိ ထိုင်နိုင်အောင် ကြိုးစားကြည့်ပါတယ်၊ တရားထိုင်ပြီးရင် စိတ်တည်ငြိမ်မှု၊ ကြည်လင်ရွင်ပြမှု၊ ပိုပြီး အကောင်းမြင်လာနိုင်မှုတွေကို ခံစားမိပါတယ်။

ဖြူစင်သုံးနေတဲ့ apps လေးတွေက
-Workout Women (Yoga)
-Insight Timer, Meditation Relax(Meditation)
အဲဒါလေးတွေ သုံးဖြစ်ပါတယ်။ (ကိုယ်နဲ့ အဆင်ပြေမယ်ထင်ရင် install လုပ်ပြီး စမ်းကြည့်ကြည့်ပါ)

၅) ဘာသာစကား တစ်ခု လေ့လာပါတယ်
ဘာသာစကား အသစ် တစ်ခု လေ့လာဖို့ အချိန်လည်း ထည့်ထားပါတယ်၊ ဒီအချိန်မှာ self-study လုပ်ဖို့ အကောင်းဆုံးလို့ ထင်ပါတယ်၊ ကိုယ်သွားချင်တဲ့ အတိုင်းအတာတခုထိ plan ဆွဲပြီး လေ့လာကြည့်ပါ၊ အားလုံးလိုလို Youtube တို့ facebook တို့ကနေ လေ့လာလို့ရပါတယ်။ ဖြူစင်ကတော့ သီချင်းနားထောင်ရင်းကနေ ဘာသာစကား တခုခု ကို လေ့လာရတာကိုလည်း သဘောကျပါတယ်။တခါတလေ သိပ်စိတ်မပါတဲ့ အချိန် လည်း ရှိတယ်လေနော့်၊ အဲခါကျရင် facebook ကနေ ကလေးတွေ လေ့လာသလို ရုပ်ပုံပါတဲ့ ဟာမျိုးလေးတွေ ရှာဖတ်ပါတယ် ၊ သက်ဆိုင်တဲ့ page တွေကို follow လုပ်ထားပါတယ်။

၆) လေ့ကျင့်ခန်း လုပ်ပါတယ်

Gym သွားလို့ မရတော့ အိမ်မှာဘဲ လုပ်လို့ ရတဲ့ work out လေးတွေ လုပ်ကြည့်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ Workout Women နဲ့ အခြား page က ဟာလေးတွေ ကြည့်ပြီး လုပ်ပါတယ် ၊ Workout women apps ထဲမှာဆို အစုံပါပါတယ် yoga အတွက် သီးသန့်ရယ်၊ တခြားကိုယ်လိုချင်တဲ့ body အလိုက် လုပ်ကြည့်လို့ရတဲ့ program လေးတွေထည့်ပေးထားပါတယ်၊ တော်တော်များများ basic လေးတွေက တော့ free ပေးထားပါတယ် လေ့ကျင့်ခန်းလေး တစ်ခုခု တွဲလုပ်သွားခြင်းကလည်း ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ သွက်လက်ပေါ့ပါးမှု၊ ပျော်ရွှင်မှုတွေ ရရှိခံစားရပါတယ်။

၇)ဟင်းချက်ပါတယ်

အိမ်မှာနေရတုန်းအချိန်မှာ ဟင်းချက်မကျွမ်းသေးတဲ့
ဖြူစင့် အတွက် တော့ မေမေ့ဆီက ဟင်းချက်နည်းတွေ သင်ယူရတာလည်း တစ်မျိုးပျော်စရာပါ၊ ဖြူစင် စားချင် တာလေးတွေ စာရင်းလုပ်ထားပြီး စမ်းချက်ကြည့်ပါတယ်၊ မဖြစ်မနေ တတ်ထားမှာ ဖြစ်မယ့်ဟာမျိုးတွေ မေမေ့ဆီက သင်ပါတယ်၊ facebook တို့ youtube တို့ကနေလည်း လေ့လာပြီး စမ်းချက်ကြည့်ပါတယ်၊ ဟင်းချက် ခြင်းကနေ လည်း အများကြီး သင်ယူရပါတယ်၊ စေ့စပ်မှု၊ လေ့လာအားကောင်းမှု၊ အဓိက စိတ်ရှည်မှုပါ၊ မေမေက တစ်မိသားစုလုံးကို နေ့စဉ်နေ့တိုင်း ချက်ပြုတ်ပေးရတာ မလွယ်ကူမှန်း ခုမှ ပိုခံစားမိပါတယ်။ ကိုယ်စားချင်တာလေးဘဲ လုပ်စားတာနဲ့ တစ်နေ့လုံး တစ်မိသားစုလုံး စားဖို့ တာဝန်ယူရတာတော့ တကယ် မလွယ်တာပါ၊ မပျော်တာလည်း ရှိပါတယ် နော် … တစ်ပတ်လောက် ဘဲ မီးဖိုချောင်ဝင်ပြီး လုံးဝ မချက်ချင်တော့တဲ့ စိတ်လည်း ဖြစ်ပါတယ် ၊ ဇွဲမလျော့ဘဲ ဆက်ကြိုးစားနေပါတယ် ၊အဲတော့ ဟင်းချက် ဝါသနာပါသူတွေ အတွက် ဆိုရင် တော့ အခုလို ချိန်က တစ်နေ့ တစ်နေ့ ပျင်းရမှာ မဟုတ် ဘူးလို့ ထင်ပါတယ် နော် အသစ်လေးတွေ စမ်းလုပ်ကြည့် ပေါ့နော်။

၈) မိသားစုကို အချိန်ပေးတယ်၊ ရုပ်ရှင်ကြည့်တယ် ၊ သီချင်းနားထောင်တယ်

မိသားစု ထမင်းလက်ဆုံ စားပါတယ်၊ စကားတွေပြောတယ်၊ စနောက်တယ်၊ game တွေ တူတူ‌ဆော့ရတာလည်း ပျော်ပါတယ်၊ တခါတလေ ရုပ်ရှင်ကြည့်တယ် အစုံ
ကြည့်ပေမဲ့ horror movie crazy မို့လို့ အဲလိုကားတွေ ပိုကြည့်ပါတယ်😁 အရမ်းကြိုက်တဲ့ သီချင်းတွေဆိုရင် တပတ်လောက် နေ့တိုင်းနားထောင်ပါတယ်။

၉) အနားယူချိန် သီးသန့်ထားပါတယ်

ပျင်းတယ်ဘဲ ပြောမလား၊ တခါတလေ ဘာမှမလုပ်ချင် တဲ့စိတ်မျိုးလည်း ဖြစ်ဖူးကြမယ်ထင်ပါတယ်၊ ဖြူစင် လည်း ဖြစ်ပါတယ်၊ အဲချိန်ကျ ဘာမှကို မတွေးဘဲ စိတ်ထဲရှိသလို နေပါတယ် ၊ အပြင်ကို ထွက်ငေးပါတယ်၊ နေ့ခင်းဘက် အိပ်ချင်ရင်လည်း အိပ်လိုက်ပါတယ် ၊ စိတ်ကို အတတ်နိုင်ဆုံး ရှင်းအောင် ထားလိုက်ပါတယ်၊ အနားပေးပါတယ်။ တခါတလေ မျက်လုံးလေး ခဏ မှိတ်ထားပြီး အနားယူပါတယ်၊ အဲလို လုပ်ပြီးတိုင်း စိတ်အင်အားတွေ ပြန်လည် ပြည့်ဝလာတယ်လို့ ခံစားမိပါတယ်၊ အရာအားလုံး နဲ့ ခဏ အဆက်အသွယ် ဖြတ်လိုက်တာမျိုးပါ။

၁၀) ဝါသနာပါတာလေးတွေ လုပ်တယ်

ဖြူစင်ကတော့ DIY လုပ်ရတာလေးတွေ သဘောကျတယ်၊ skincare နှင့် haircare ကို ဝါသနာပါတော့ အရင်ကတည်းက အိမ်မှာဘဲ စုထားတဲ့ ပစ္စည်းလေးတွေ အသုံးပြုပြီး Body Scrub ၊ Lip Scrub လေးတွေ Hair mask တွေလည်း လုပ်ပါတယ်။ အခုလို အချိန်ပိုရတော့ အသစ်လေးတွေလည်း ထပ်စမ်းကြည့်ပါတယ်။ တခါတလေ ကိုယ်ချစ်ရတဲ့သူတွေကိုလည်း လက်ဆောင်ပေးပါတယ်၊တခါတလေ coloring book လေးတွေ ထဲမှာ အရောင်ခြယ်ပါတယ်။

ကိုယ့်လုပ်ဆောင်ချက်တွေ ပြီးမြောက်ဖို့ challenge စိတ်ထားပြီး လုပ်ပါတယ် 👏ဖြူစင် လုပ်ချင်တာတွေ သတ်မှတ်ထားတဲ့ အချိန်မှာ ပြီးအောင် လုပ်နိုင်ဖို့ ကိုယ့်ကိုကိုယ် စိန်ခေါ်လေ့ရှိပါတယ်။

ဥပမာ အားဖြင့်

  • ဒီနေ့ facebook လုံးဝ မသုံးရဘူးလို့ ကိုယ့်ဘာကိုယ် challenge ခေါ်ပါတယ်၊ နည်းပေါင်းစုံ နဲ့ စမ်းဖူးပါတယ် ။
    မသုံးဖြစ်အောင် နေပါတယ် ၊ မရပါဘူး၊ မရရင် ထပ်တိုးပြီး fb application ကို delete လုပ်ပါတယ် 😂အရမ်းသုံးဖို့ လိုအပ်လာရင် ပြန် down ပါတယ်…အဲ နည်းနည်းလေး ကြာလာတော့ တပတ်မှာ ၁ရက်၊ ၂ရက် လုံးဝ မသုံးတာမျိုး (သို့) အချိန် နဲ့ limit လုပ်တာမျိုးတွေ လုပ်ပါတယ် ၊ အခုလည်း ဖြူစင် page ကိုဘဲ အဓိက သုံးနေပါတယ်။ တခါတလေ မှာလည်း ဖြူစင်တို့တွေက social media တွေနဲ့ ခဏလောက် ‌ဝေးနေဖို့ လိုအပ်ပါတယ်နော်။

ဖုန်းမှာဆိုလည်း ညမအိပ်ခင် တစ်နာရီအလိုလောက်ကို screen time down မယ့်အချိန်ကို set လုပ်ထားပါတယ်။ အဲဒါကတော့ ကိုယ်ကြိုက်သလို အချိန်ကို ညှိလို့ရပါတယ်၊ အဲချိန်ရောက်ရင် ဖုန်းမှာ ရှိတဲ့ application အားလုံးက lock ကျသွားပါတယ် ဖုန်းခေါ်ရင်လည်း
အဲချိန်ဆို မအားဘူးဘဲ ဖြေပါတယ် (တကယ်လိုအပ်ရင် သုံးရမယ် ဆိုရင် lock ကို ဖြည်လို့ရပါတယ်) အရမ်းသုံးရ အဆင်ပြေပါတယ် ၊ ဖြူစင်ကတော့ အဲဒါလေးကို စလုပ် တာ ၅ လ လောက်ဘဲ ရှိပါသေးတယ် သိပြီးသားသူလည်း ရှိမှာပါ မသိသေးသူများဆိုရင်လည်း စမ်းကြည့်ကြည့်ပါနော်။

  • ဒီနေ့ တရား နာရီဝက် ထိုင်ကို ထိုင်မယ်
  • ဒီနေ့ အုန်းနို့ခေါက်ဆွဲချက်တတ်အောင် သင်မယ်
  • ဒီနေ့ စာတစ်ပုဒ်ပြီးအောင် ရေးမယ်
  • ဒီနေ့ ဒီသီချင်းရအောင် ကျက်မယ် စသည်ဖြင့် ကိုယ် ကြိုက်နှစ်သက်ရာ ကိုယ်စိတ်ကူးထားတာကို ကိုယ့်
    အတွက် လည်း အကျိုးရှိမှာမျိုးဆိုရင် ဒီလိုမျိုးလေး လုပ်ကြည့်ရင် ပိုပြီး စိတ်ကျေနပ်မှုရမယ် ထင်ပါတယ်။

အဆုံးထိ ဖတ်ပေးတဲ့ ချစ်ရတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် ဒီအရာလေးတွေက ဖြူစင် နှစ်သက်ရာ စိတ်ကူးလေးတွေအတိုင်း လုပ်ကြည့် တာတွေ မို့လို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆရာလုပ် လိုခြင်း အလျဉ်းမရှိပါနော်၊ ဖြူစင့် အတွေ့အကြုံလေးတွေကို မျှဝေရုံသက်သက်ပါနော်။ ဖြူစင်ကိုယ်တိုင် လည်း အကောင်းဆုံး ကြိုးစားနေထိုင်ဆဲမို့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာဖို့ မျှော်လင့်ရင်း ရှင်သန်ပါ
တယ်။ ချစ်ခင်ရတဲ့သူတွေ အားလုံးလည်း ဒီကာလအပိုင်းအခြားလေးမှာ ကိုယ်ချစ်ခင်ရသူတွေ နဲ့ အတူ ကိုယ်ဝါသနာပါရာ လေးတွေ လုပ်ကိုင်ရင်း များစွာ အကျိုးဖြစ်ထွန်းပါစေ၊အကောင်းမြင်စိတ်တွေ နဲ့ကြိုးစားရှင်သန်ရင်း စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝ တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလျှက်

DreamwithGloria

Bethebestversionofyourself

ချစ်ခြင်းများစွာဖြင့် မျှဝေရင်း
Dream with Gloria🦋

By : Dream with Gloria

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img