2020.04.08TRAVEL
Stay home နေတုန်း Santorini ကိုအလည်သွားရအောင်

Stay home ကာလတွေ ကျော်လွန်တဲ့အခါ ကျွန်တော်တို့ အားလုံးရဲ့ ဆန္ဒတစ်ခုကတော့ ခရီးထွက်ချင်တာပဲဖြစ်ပါတယ်။ ခုလို အိမ်မှာနေရတဲ့အချိန်တွေမှာ ခရီးထွက်ချင်တယ် ကမ္ဘာပတ်ချင်တယ်ဆိုရင်တော့ စာဖတ်ခြင်း၊ ခရီးသွား အစီအစဉ်တွေကြည်ရှုခြင်းနဲ့ပဲ အမြင်အာရုံ နဲ့ခရီးထွက်နေလို့ ရပါတယ်။ ဒါကြောင့် အခုလို ကာလမှာ စာဖတ်ရင်း ကမ္ဘာပတ်နိုင်စေဖို့ Dream With Gloria Blog – မမဖြူစင်က သူရဲ့ Tour leader life နဲ့ အတွေ့အကြုံတွေကို မျှဝေပေးထားပါတယ်။ အခုတခါ အလည်အပတ်သွားမယ့် နေရာလေးကတော့ အားလုံးသွားချင်တဲ့ Romantic အဖြစ်ဆုံး Santorini ကိုဖြစ်ပါတယ်။ Dream With Gloria နဲ့အတူ Santorini အခုပဲသွားလိုက်ရအောင်။
ဖြူစင့်ရဲ့ အိပ်မက်တွေထဲက တစ်ခုဖြစ်တဲ့ Santorini (ဆန်တိုရိနီ) ဆိုတဲ့ နေရာလေးကို သွားလည်ချင်တဲ့ အိပ်မက်လေး ကို Tour leader အလုပ်လုပ်ရင်း အကောင်အထည်ဖော်ဖို့ အခွင့်အရေးရတဲ့ အချိန်မှာ အရမ်းပျော်ရွှင်ခဲ့ရပါတယ် ဖြူစင် နဲ့ အိပ်မက်ချင်းတူ တဲ့သူ ဘယ်နှစ်ယောက်များရှိမလဲ တစ်ချိန်ကျ အဲ့ အိပ်မက်လေး အကောင်အထည်ပေါ်တဲ့ခါကျ ဖြူစင် မျှဝေပေးခဲ့တဲ့ ဒီ အကြောင်းအရာလေးတွေက တစ်ဖက်တစ်လှမ်းက အထောက်အကူပြုမယ်ဆိုရင်ဘဲ ကြည်နူးရမှာပါ


ဂရိလို့ ဆိုလိုက်ရင် အရင်ဆုံး ဘာကို မြင်လဲ မေးလိုက်ရင် ဖြူစင့် ဧည့်သည်တော်များဆီက အဖြေပေါင်းမျိုးစုံ ရဖူးပေမယ့် တော်တော်များများရဲ့ အတွေးထဲမှာ ခေါင်မိုးပြာပြာ နဲ့ အိမ်ဖြူဖြူလေးတွေကို တန်းမြင်ကြပါတယ်၊ ကောင်းကင်ပြာပြာ ပင်လယ်ပြာပြာ နဲ့ အိမ်ဖြူဖြူလေးတွေ စီတန်းပြီး ပန်းချီကား တစ်ချပ်သဖွယ် လှပလွန်းတဲ့ နေရာလေး၊ ကမ္ဘာပေါ်မှာ အလှဆုံး နေဝင်ချိန် ကြည့်လို့ အကောင်းဆုံး နေရာ 10 ခု ထဲမှာ ပါဝင်ပြီး ကမ္ဘာကျော် ဝိုင်စိုက်ခင်းများရှိတဲ့ ဒီနေရာလေးကို တစ်ခေါက်လောက် ရောက်ဖူးချင်မယ် ထင်ပါတယ်၊ ဆန်တိုရိနီ လို့ ခေါ်ကြတဲ့ ဒီနေရာလေးက အရမ်းညွှန်းစရာ မလိုလောက်အောင်ကို ဘယ်လောက်ထိ လှပတယ်၊ ဘယ်လို သမိုင်းကြောင်းလေးရှိခဲ့တယ်၊ ဘာကြောင့် ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်လည်း ဆိုတာ တူတူလေ့လာကြည့်ရအောင်နော်

မြေဧရိယာ အနေအထား
ဆန်တိုရိနီဆိုတာ ဂရိမှာ ကျွန်းပေါင်း ၆ ထောင်ကျော် ရှိတဲ့အနက် နာမည်အကြီးဆုံး နဲ့ အလှဆုံး ကျွန်းတွေ ထဲက တစ်ခုပါ
ပထဝီအနေအထားအရ မြေထဲပင်လယ် နှင့် ဆက်စပ်နေသော အေဂျင် ပင်လယ်ထဲမှာ ရှိတဲ့ ကျွန်းစွယ်ကြီး တစ်ခုပါ အရင်တုန်းက သီရာ(Thira) လို့ ခေါ်ကြပြီး အခုတော့ ဆန်တိုရီနီ ဆိုတဲ့ နာမည်က လူသိများ ကမ္ဘာကျော်ပါတယ်
197 BC ကတည်းက မီးတောင်ပေါက်ကွဲမှု 11 ကြိမ်ခန့် ဖြစ်ပွားပြီး မီးတောင်ချိုင့်ဝှမ်းကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ် 1950 ခုနှစ်မှာ နောက်ဆုံးအဖြစ် ၃ ပတ်ကျော်ကြာ ပေါက်ကွဲထားပြီး အခုချိန်ထိ မီးတောင်ရှင်ပါ၊ ဆန်တိုရိနီမှာ တွေ့နိုင်တဲ့ သဲမည်းကမ်းခြေ၊ သဲနီ ကမ်းခြေ နှင့် သဲဖြူ ကမ်းခြေ တွေဟာ မီးတောင်ပေါက်ကွဲရာကနေ ဖြစ်ပေါ်လာတဲ့ ချော်ရည်တွေရဲ့ အကျိုးဆက်ကြောင့်လည်း လို့ သိရပါတယ်၊ စဉ်းစားကြည့်ရင် ဒီလို မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက်ပိုင်းမှဘဲ လူတွေ ပိုသတိထားမိလာတယ်ဘဲ ပြောရမလား ထူးခြားတဲ့ မြေအနေအထား နဲ့ ပြောင်းလဲ တည်ဆောက်မှုတွေ ဖြစ်ခဲ့တာကလည်း သူ ကမ္ဘာကျော် ဖို့ ဖြစ်လာတယ်ဘဲ ဆိုရမှာပါ


နောက်ထပ် ထူးခြားတာ တစ်ခုက ဂရိ အတွေးအခေါ်ပညာရှင် ပလေတို ရဲ့ စာပေတွေ ထဲမှာဖော်ပြခဲ့တဲ့ အတ္တလန္တိတ် မြို့တော်ကြီးဟာ အရင် ဆန်တိုရိနီကျွန်းနေရာမှာ ရှိခဲ့ဖူးတယ် လို့ ပညာရှင်တွေ သုံးသပ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 9500 ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ Alan walker ရဲ့ Faded သီချင်းလေးတောင် သတိရသွားတယ် “Where are you now… Altlantis… under the sea…” ဆိုတာလေးပေါ့။ အဲဒီ့ အတ္တလန္တိတ် မြို့တော်ကြီးက အခုကျွန်းပေါ်မှာ ကျန်ရှိခဲ့တဲ့ Akrotiri မြို့ဟောင်းကြီး နဲ့ လည်း ဆက်စပ်မှုရှိနေပါတယ်တဲ့။ မြို့ဟောင်းကိုလည်း သွားလေ့လာလို့ရပါတယ်
အရင်တုန်းက စက်ဝိုင်းပုံစံ မြေအနေအထား ရှိခဲ့တာဖြစ်ပြီး မီးတောင်ကြီး ပေါက်ကွဲခဲ့တုန်းက မြေသားတွေ အကုန် ရေထဲနစ်မြုပ်ကုန်လို့ လက်ရှိ လခြမ်းပုံ ဖြစ်ပေါ်လာခဲ့တာပါ၊
ရာသီဥတု နှင့် လည်ပတ်ရန် အကောင်းဆုံး အချိန်
ဆန်တိုရီနီ ကို လည်ပတ်ရန် အကောင်းဆုံးအချိန်တွေ ကတော့ ဧပြီ လကနေ စပြီး နိုဝင်ဘာ လ အစောပိုင်းထိပါ၊ မတ်လ ကနေ မေလ အထိ ရာသီဥတု သင့်တင့်ပြီး ဂျူလိုင်၊ ဩဂုတ်လတွေကတော့ အပူဆုံးလတွေပါ ၊ အောက်တိုဘာလ ကနေ နိုဝင်ဘာ ကတော့ အေးမြတဲ့ ရာသီဥတု ရှိပါတယ် ကျန်တဲ့ ချိန်တွေက ရာသီချိန် မဟုတ်တဲ့အတွက် ရာသီဥတုလည်း အရမ်းအေးပြီး Hotel နဲ့ စားသောက်ဆိုင်တွေ တော်တော်များများ ပိတ်ပါတယ်၊ ထွက်နေကျ သင်္ဘာချိန်တွေ ပိတ်ပါတယ် (ရာသီဥတု သာယာမှ အကန့်အသတ် နဲ့ ပြေးဆွဲပါတယ်) ဒါပေမဲ့ ဈေးပိုသက်သက်သာသာ နဲ့ သွားချင်တယ် ၊ လူရှုပ်တာမျိုးတွေ မကြိုက်ဘူး၊ အအေးဒဏ်လည်း ခံနိုင်တယ် ဆိုရင်တော့ သွားလည်တဲ့သူတွေ ရှိပါတယ်

စီးပွားရေး
ကျွန်းရဲ့ အဓိက ပို့ကုန်က မြေကြီးဖြစ်ပြီး ကွန်ကရစ်လောင်းတဲ့အခါ အသုံးပြုပါတယ် (Suez တူးမြောင်းဟာဆိုရင် ထိုကျွန်းမှပို့သော မြေကြီးဖြင့် အဓိက ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်) ခရီးသွားလုပ်ငန်း နှင့် အဓိက ရပ်တည်နေပြီး စပျစ်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လို့ ဝိုင်စက်ရုံအများအပြားလည်း ရှိပါတယ်၊
- ထူးခြားတဲ့ စိုက်ပျိုးနည်းစနစ် နဲ့ စပျစ်စိုက်ခင်းတွေ၊ နာမည်ကျော် ဝိုင်စက်ရုံတွေကလည်း ဆန်တိုရီနီ ရဲ့ အသက်သွေးကြော တစ်ခုဖြစ်တဲ့ အပြင် ဂရိ နိုင်ငံ ရဲ့ အမွေအနှစ် လည်း ဖြစ်ပါတယ် ဒါကြောင့်မို့ ဆန်တိုရီနီ ရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်ခဲ့ပါနော် ၁၈ ရာစု ဝန်းကျင်ကတည်းက ဝိုင်တွေကို စတင်ထုတ်လုပ်ခဲ့ပြီး ဂရိ နှင့် အခြားဥရောပ နိုင်ငံများကိုပါ တင်ပို့ပါတယ် ဝိုင်စက်ရုံပေါင်း ၁၈ ခုမှ ၂၀ ဝန်းကျင်ရှိပြီး အချို့ဝိုင်စက်ရုံများတွင် ရှေးရိုးရာနည်းအတိုင်း ဝိုင်ချက်လုပ်ပုံတို့ကို ပြသထားသည့် ဝိုင်ပြတိုက်ကိုလည်း လေ့လာလို့ရပါတယ် စက်ရုံတော်တော်များများကလည်း ကျွန်းရဲ့ အလှအပတွေကို ကြည့်ရှုခံစားနိုင်မယ့် နေရာမျိုးကို ရွေးချယ် ဆောက်လုပ်ထားကြပါတယ်။ မြေဧရိယာ ကျယ်ဝန်းတဲ့ အပြင် ဝိုင်လေးသောက်ရင်း ရှုခင်းပါ ခံစားလို့ကောင်းတဲ့ ပြည့်စုံလှတဲ့ ဒီနေရာလေးမှာ အချို့စုံတွဲတွေလည်း မင်္ဂလာဆောင် အခမ်းအနားတွေ လက်ထပ်ခွင့်တောင်းတဲ့ အခမ်းအနားတွေ ကျင်းပတာမျိုးတွေလည်း လာလုပ်ကြပါတယ် ဝိုင်လေးမြည်းစမ်းရင်း ကျွန်းရဲ့ အလှအပတွေကို ခံစားရင်း အမှတ်တရ အခိုက်အတန့်လေးတွေ သိမ်းဆည်းထားနိုင်အောင် အပြင်အဆင် ခင်းကျင်းပုံလေးတွေက အစ ကြွေဆင်းစေပါတယ်
- ဝိုင်စက်ရုံတွေ ရှိတဲ့ဘက်နားရောက်ရင် လမ်းတစ်လျှောက် ဘေးဘက်ဝဲယာမှာ စပျစ်စိုက်ခင်းများကို တွေ့ရပါလိမ့်မယ်၊ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝက ပေးထားတဲ့ မြေပေါ်မှာ မိုးရွာသွန်းမှုလည်း နည်းပြီး နွေရာသီဆိုလည်း အလွန်ပူပြီး ပင်လယ်နှင့်နီးလို့ လေတိုက်တဲ့ နှုန်းကလည်း အရမ်းပြင်းလို့ စပျစ်ခင်းတွေဟာ အပျက်အစီးများခဲ့ပါတယ်။ အဲဒီလို ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးထားတဲ့ သူတို့တွေရဲ့ နည်းပညာကလည်း လေ့လာစရာပါ၊ ကုန်းမြင့်တွေ ဆောက်လုပ်ပြီး ပြင်းထန်တဲ့လေကို ကာကွယ်ဖို့ အတွက် အပင် ပတ်ပတ်လည်မှာ ခြင်းပုံစံ အကာအကွယ်လေးတွေ ပြုလုပ်ပြီး အပင်ကို ရှင်သန်စေပါတယ်။ မိုးနည်းတဲ့ အတွက် ရွာတဲ့အချိန်အပင်ကရထားတဲ့ ရေဓါတ်ကိုလည်း ကြာရှည်ခံအောင် ထိန်းသိမ်းထားပြီး ဖြစ်စေလို့ အဲလို ခြင်းပုံစံ ပတ်လည်နဲ့ စပျစ်စိုက်ခင်းတွေကို တွေ့မြင်ရပါလိမ့်မယ်။ သွားရောက်လည်ပတ်နိုင်ပါတယ် (Venetsanos Winery နဲ့ Santo Winery တို့ နာမည်ကြီးပါတယ်)

Santorini ကို ရောက်ရင် ဘယ်တွေ သွားလည်ပြီး ဘာတွေ လုပ်လို့ရလဲ
အဓိက သွားလည်ဖြစ်ကြမယ့် နေရာတွေက မြို့တော် Fira နှင့် Oia Village ဘက်မှာပါ

Fira (the capital)
- မြို့တော် Fira ကတော့ ဆန်တိုရိနီ ကျွန်းရဲ့ အနောက်ဘက်မှာ ရှိပါတယ် ၊ ပင်လယ်ပြင်ကြီး နှင့် တစ်သားတည်း အချိုးအစားကျနစွာ လှပလွန်းတဲ့ ကျွန်းရဲ့ အလှအပတွေကို တွေ့မြင်နိုင်ပါတယ် shopping အတွက်လည်း အဆင်ပြေ၊ လက်ဆောင်ပစ္စည်း၊ အဝတ်အစား၊ လက်ဝတ်ရတနာ နှင့် လေ့လာရေးအတွက်ဆို museum တွေ art gallery တွေ
လည်း Fira ဘက်မှာ ရှိပါတယ် Night life အကို အပြည့်အဝ ခံစားချင်သူများအတွက်လည်း အသင့်တော်ဆုံးက Fira ပါ၊ စားသောက်ဆိုင်တွေ ၊ club တွေ ၊ ချစ်စဖွယ် bar လေးတွေ ရွေးချယ်စရာများပါတယ်

- မြို့တော် Fira ကနေ Oia ထိ လမ်းလျှောက်သွားလို့ရတယ့် hiking tour တွေ ရှိပါတယ် အကွာအဝေးက 10.5km (6.5 miles) လောက်ရှိပြီး ကြာချိန် ကတော့ ကိုယ်လျှောက်နှုန်း နှင့် လမ်းမှာ ရပ်တဲ့ stop အပေါ်မူတည်ပြီး အနည်းဆုံး ၂ နာရီကနေ ၅ နာရီ ဝန်းကျင်ပါ၊
- အရင် ဆန်တိုရီနီ ဆိပ်ကမ်းကို သွားလည်လို့ရပါတယ် Cable car နဲ့ဘဲဖြစ်ဖြစ် (သို့) မြင်းပုလေးတွေဘဲ စီးမလား (သို့) လမ်းလျှောက်မယ်ဆိုရင် လှေကားထစ် ၆00 နီးပါးရှိပါတယ်။ အဲဒီကနေမှ တစ်ဆင့် သင်္ဘောစီးပြီး မီးတောင် ပေါက်ကွဲစဉ်က ဖြစ်ပေါ်ခဲ့တဲ့ ကျွန်းတွေကို သွားလေ့လာလို့ရပါတယ် မီးတောင့်ချိုင့်ဝှမ်းတွေ ဖြစ်ပေါ်ခဲ့ရာ နေရာ ရေပူစမ်း ထွက်တဲ့ နေရာတွေရှိပါတယ်
- Donkey ride မြင်းပုလေးတွေစီးရတာကလည်း အတွေ့အကြုံတစ်မျိုးပေါ့နော်။ ယခင်က လမ်းပန်းဆက်သွယ်ရေးတွေ မဖွံ့ဖြိုးသေးခင်မှာ ဂရိကျွန်းတွေ မှာ အဓိက ဆန်တိုရီနီ လို လမ်းကြားတွေ တောင်ကုန်း အနိမ့်အမြင့်တွေကို ဖြတ်သန်းသွားလာဖို့ အသုံးဝင်ဆုံးက မြင်းပုလေးတွေပါ။ ဂရိလူမျိုးတွေ အလွန်အားထားရပြီး သယ်ယူပို့ဆောင်ရေး သွားလာရေးမှာ အသုံးဝင်တဲ့ မြင်းပုလေးတွေကလည်း ဆန်တိုရီနီ ရဲ့ ပြယုဂ် တစ်ခုဆိုလည်း မမှားပါဘူး စီးနေရင်း လမ်းတစ်လျှောက်လှမ်းမြင်ရတဲ့ ရှုခင်းကတော့ အရမ်းလှပါတယ်၊ အမြင့်ပိုင်းရောက်လာရင်တော့ နည်းနည်းကြောက်ဖို့ ကောင်းပါတယ်၊ လမ်းတစ်လျှောက် မစင်တုံးတွေ ရှိတတ်လို့ အနံ့ မခံနိုင်တဲ့သူမျိုးဆိုရင်တော့ အဆင်မပြေပါဘူး၊ အခုနောက်ပိုင်းမှာတော့ ကိုယ်အလေးချိန်များတဲ့ ဧည့်သည်တွေကို စီးနင်းခွင့် မပြုပါဘူး၊ ရာသီချိန်တွေ အထူးသဖြင့် နွေရာသီလို အချိန်မျိုး ခရီးသွားများတဲ့ အချိန် သူတို့လေးတွေ ဝန်တွေ အရမ်းထမ်းရလို့ ပင်ပန်းပြီး ဒဏ်ရာအနာတရတွေ ဖြစ်ကြလို့ အာဏာပိုင်တွေက သူတို့ကို ပြန်လည် ထိန်းစိမ်းစောင့်ရှောက်နေပါတယ်
- သီးသန့် Luxury Yatch (သို့) Private boat လေးတွေ စီးပြီး အပန်းဖြေလို့ရပါတယ်
- Fira ကနေ ကားနဲ့ ဝိုင်စက်ရုံတွေကို သွားလည်လို့ရပါတယ်။ ဖြူစင်ကတော့ နာမည်ကျော် Venetsanos Winery နဲ့ Santo Winery တို့ ကို recommend လုပ်ပါတယ်
- Fira ဘက်မှာလည်း နေဝင်ဆည်းဆာ ကြည့်လို့ရပါတယ် cliff side မှာ ရှိတဲ့ စားသောက်ဆိုင်လေးတွေ ကို ရွေးချယ်ပြီး ညစာသုံးဆောင်ရင်း ကြည့်လို့ရပါတယ် ၂ ည အိပ်မယ်ဆိုရင် Fira မှာ တစ်ရက် Oia မှာ တစ်ရက်စီ ခွဲကြည့်လို့ရပါတယ် (Fira မှာ ဆိုရင် ဆိုင်ရဲ့ location ၊ အရသာ၊ ခင်းကျင်းပြင်ဆင်မှု အပိုင်း၊ ဝန်ဆောင်မှု အပိုင်း အားလုံးအဆင်ပြေတဲ့ ဖြူစင်တို့ ညစာသုံးဆောင်ရင်း ကြည့်ခဲ့တဲ့ La Scala Greek Restaurant လေးကို recommend လုပ်ပါတယ် တခြားကောင်းတဲ့ ဆိုင်လေးတွေ လည်း ရှိလို့ ကိုယ်နှစ်သက်ရာ ရွေးလို့ရပါတယ်
- အေးဆေးအနားယူအပန်းဖြေ လိုသူတွေအတွက် ကော်ဖီဆိုင်လေးတွေ (သို့) bar နဲ့ club လေးတွေ ရွေးချယ်လို့ရပါတယ် ( နာမည်ကြီးဆုံး Koo club ကတော့ ညဆို 11 နာရီမှ ဖွင့်ပါတယ်)
- Foodie လေးတွေ အတွက် ဒေသထွက် အစားအသောက်လေးတွေ မြည်းစမ်းဖို့ local ဆိုင်လေးတွေ အများကြီးရှိပါတယ် တစ်ချို့ဆိုင်လေးတွေဆို view အရမ်းလှလို့ ဓါတ်ပုံလေးတွေ ရိုက်ရင်း အေးဆေး အပန်းဖြေလို့ ရပါတယ်
Oia Village
- ဆန်တိုရိနီကျွန်းရဲ့ မြောက်ဘက်ခြမ်းမှာ ရှိတဲ့ Oia Village ဟာလည်း ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့ နေရာတစ်ခုပါ ဂရိ ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါခဲ့ပြီး Cave house တော်တော်များများကို Oia ဘက်မှာ တွေ့ရပါတယ် Blue dome church လေးတွေ အများဆုံး ရှိတဲ့ နေရာလေးပေါ့ ၊ပန်းချီကားချပ်အလား ရင်သပ်ရှုမောဖွယ် အလှအပတွေကို ကြည့်ရှုခံစားနိုင်တဲ့ Oia မှာ အရင်တုန်းက ချမ်းသာကြွယ်ဝတဲ့ သင်္ဘောပိုင်ရှင်တွေ၊ ကပ္ပတိန် တွေ နေထိုင်ခဲ့တယ် လို့ ဆိုပါတယ်
- အရမ်းလှပတဲ့ ရှုခင်းလေးတွေ ကြည့်ရှုခံစားပြီး ဓါတ်ပုံလှလှလေးတွေရိုက်မယ်ဆိုရင် နေရာတိုင်းက ချစ်စရာ ကောင်းနေပါလိမ့်မယ်နော် ။ နေ့ခင်းဘက်ဆိုလည်း ပင်လယ် ကြီး နဲ့ တွဲပြီး နေရာတိုင်းလိုလို ဓါတ်ပုံရိုက်လို့ လှနေပြန်ပါရော၊ လမ်းကြားလေးတွေက အစ လှနေတတ်တာမျိုး ညဘက်ကျတော့လည်း မှော်ဆန်ဆန် လမ်းလေးတွေ ထဲ တစ်လမ်းဝင် တစ်လမ်းထွက် ဈေးဝယ်ထွက်ရင်း လေ့လာစူးစမ်းရတဲ့ အတွ့အကြုံက ဘာနဲ့မှ မလဲနိုင်တဲ့ အမှတ်တရလေးတွေပါ
- One of the best sunset in the world မို့လို့ ရာသီချိန်ဆို Oia ဘက်မှာ ခရီးသွားတွေ အရမ်းများပါတယ် Fira မှာထက် Oia ဘက်မှာတော့လာကြည့်တဲ့သူပိုများပြီး နေရာအားဖြင့်လည်း ပိုကျယ်ကျယ်ဝန်းဝန်းရှိပါတယ် နေရာကောင်းလို ချင်ရင်တော့ စောစောသွားစောင့်ကြည့်တဲ့သူတွေ လည်းရှိပါတယ်
- Shopping အတွက်ကတော့ ဒေသထွက်ကုန် နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းလေး က ပိုပေါပါတယ်၊ ရွေးချယ်စရာများပါတယ်၊ ချည်ထည် အသုံးအဆောင်ပစ္စည်းများ နှင့် ရှေးဟောင်းပစ္စည်းဆိုင်လေးတွေ လည်း ရှိပါတယ်
တစ်ကျွန်းလုံး ဝန်ဆောင်မှု အပိုင်းကို ခြုံပြောရမယ်ဆိုရင် စားသောက်ဆိုင်အားလုံးလိုလိုက ဈေးဆိုင်တွေထက်စာရင် ပိုဝန်ဆောင်မှု ကောင်းပါတယ်၊ တည်းဖူးတဲ့ Hotel တော်တော်များများလည်း အရမ်းဖော်ရွေကြပြီး ဝန်ဆောင်မှု ကောင်းပါတယ်၊ ဖြူစင့် အမြင်အရ ပြောရမယ်ဆိုရင် ဒီကျွန်းကို လာလည်ကြတဲ့အခါ Hotel တွေ စားသောက်ဆိုင်တွေက အဓိက ဝင်ငွေရကြပါတယ် ဒါကြောင့် မို့လို့ ဝန်ဆောင်မှု အပိုင်းကို သေချာလုပ်ပေးတယ်လို့ ထင်ပါတယ်၊ အာရှဆိုင်တွေထက်စာရင် ဂရိ ဒေသခံ ဆိုင်လေးတွေက ပိုဖော်ရွေပါတယ် ပြီးတော့ waiter waitress လေးတွေက အစ ချောချောလေးတွေ၊ အရမ်းလည်း ကူညီရိုင်းပင်းကြပါတယ်
ခရီးစဉ်လေးမှာ ပိုအဆင်ပြေချောမွေ့ဖို့ သိထား ဆောင်ထားရမယ့်အရာလေးတွေကိုလည်း တစ်ပါတည်း အကြံလေး ပေးပါရစေနော် (အဓိက မနက်တည်းက Hotel က စထွက်ပြီး တစ်နေ့လုံး လည်မယ် ညကျမှ ပြန်လာမယ်ဆိုရင် ကြို ထည့်သွားလို့ရအောင်ပါနော်)
- အကျီအပို ၊ ပုဝါ၊ အနွေးထည် (ပုဝါလှလှလေးတွေကတော့ နွေဘဲ ဖြစ်ဖြစ် ဆောင်းဘဲဖြစ်ဖြစ် အသုံးဝင်ပါတယ် ဓါတ်ပုံရိုက်ရင်လည်း သူလေးက မပါမဖြစ်လေနော့် အနွေးထည်က တော့ ဆောင်းရာသီ သွားမယ်ဆို သေချာပေါက် လိုပါတယ်။ ညနေစောင်းဆို ပင်လယ်လေတိုက်ပြီး စိမ့်နေအောင် အေးတတ်လို့ပါ၊ အကျီ ကတော့ ချွေးထွက်လို့ လဲချင်သည် ဖြစ်စေ၊ ဓါတ်ပုံ လှလှလေးတွေ ရိုက်တဲ့အခါ အကျီ မထပ်ချင်တဲ့ ပျိုမေတို့ အတွက် အဓိကပေါ့နော်၊ dress လေးတွေဆို အပြာ၊ အဖြူ၊ အဝါလေး ဝတ်မယ်ဆို ရှုခင်းနဲ့တွဲဖက်ရင် perfect ပါနော် လမ်းမှာ ရှိတဲ့ ဆိုင်လေးတွေ မှာ တစ်ခါတည်း ဝယ်ဝတ်လို့လည်း ရပါတယ် ရွေးချယ်စရာလည်း များပါတယ်၊ သူတို့ကတော့ အဖြူရောင်လေးတွေ ရောင်းတာ ပိုများပါတယ်
- နေရောင်ကာ ခရမ်၊ မျက်မှန်၊ ဦီးထုပ်လှလှလေးတွေ အပြင် Hotel မှာ ရေကူးချင်လို့ဘဲ ဖြစ်ဖြစ် ကမ်းခြေရောက်လို့ ရေထဲဆင်းချင်တဲ့အခါ အဆင်ပြေအောင် ရေကူးဝတ်စုံလေးတွေ လည်း မမေ့နဲ့နော်
- အဓိက လမ်းလျှောက်ပြီး လည်ရမှာမို့ ဖိနပ်အပါးလေးတွေ (သို့) သက်တောင့်သက်သာရှိတဲ့ ထိပ်ပိတ် ရှုးဖိနပ်လေးတွေက ပိုအဆင်ပြေပါလိမ့်မယ် (အလှဓါတ်ပုံရိုက်မှာမို့ ဒေါင့်ဖိနပ်စီးရမယ်ဆိုလည်း လဲစီးလို့ရအောင် အပါးလေး တစ်ရံလောက် အိတ်ထဲ ဆောင်သွားလိုက်ပါနော်)
ဆန်တိုရီနီမှာ ရှိတဲ့ အိမ်ဖြူဖြူလေးတွေ နဲ့ ခေါင်မိုးပြာပြာလေးတွေ က ပင်လယ်ပြင်ကြီး နဲ့ အရမ်းလိုက်ဖက်လွန်းလို့ တန်းစီ စောင့်ဆိုင်းပြီး ဓါတ်ပုံရိုက်ရတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်၊ အိမ်တွေ အားလုံးကို အဖြူရောင် သုတ်ထားရခြင်း အကြောင်းက အရမ်းပူတဲ့ အချိန်တွေဆိုရင် အပူဒဏ်ကို ခံနိုင်ရည်ရှိစေရန် နှင့် ဆေးအဖြူက ဈေးပိုသက်သာပြီး အလွယ်တကူရရှိနိုင်တဲ့ အချက်တွေကြောင့်လို့ ဆိုပါတယ်။ Blue Dome Church ကို ကိုယ်စားပြုထားတဲ့ ခေါင်မိုးပြာပြာလေးတွေ ကတော့ ကိုယ်ပိုင် ဘုရားကျောင်းလေးတွေ ဖြစ်ပါတယ် ၊ အဲဒီ Blue Dome Church လေးတွေကို Oia ဘက်မှာ အများဆုံး တွေ့နိုင်ပါတယ်
#Dream_With_Gloria #Santorini
By : Dream with Gloria
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ