fb_icon

bnr_tob_1

2020.01.14FEATURE

၀န်ထမ်းများ ကားသွင်းခွင့်ဂယက်

(ဓာတ်ပုံ − အေအက်ဖ်ပီ)

  • ပြည်သိမ်း

အစိုးရဝန်ထမ်းများကို အ ခွန်သက်သာခွင့်နှင့် ကားရောင်း ပေးမည့်အစီအစဉ်ကို စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာနက ၂၀၂၀ ဇန်နဝါရီ ၂ ရက် တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ပြည်သူ့ဝန်ထမ်းများနှင့် နိုင် ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ် တွင် ပထမအဆင့်အဖြစ်ညွှန် ကြားရေးမှူးချုပ်နှင့် အထက်ဝန် ထမ်းများ၊ ဒုတိယအဆင့်အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ ဝန်ထမ်းကောင်း တံဆိပ်ရဝန် ထမ်းများအား ဆောင်ရွက်ပေး မည်ဟု ဖော်ပြထားသည်။
ထိုကြေညာချက် ထွက်လာ ပြီးနောက် ပြည်တွင်းကားစျေး ကွက်တွင် ယခင်အစိုးရလက် ထက် ငြိမ်းချမ်းရေးပါမစ်များ ကဲ့သို့ပါမစ် (ခွင့်ပြုချက်စာရွက်) စျေးကွက်တစ်ခုပေါ်လာနိုင်သည် ဟုမော်တော်ယာဉ်လုပ်ငန်းရှင်အ ချို့ကဝေဖန်သုံးသပ်နေသည်။
သို့သော် စီးပွားကူးသန်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူလက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်ကမူ‘‘ကားသွင်း ပြီး အနည်းဆုံး တစ်နှစ်ကိုယ်တိုင်စီးပြီးမှပြန်ရောင်းခွင့်ရမှာပါ’’ ဟု ဝေဖန်မှုများအပေါ်ပြန်လည်ဖြေ ရှင်းသည်။
မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက နှစ်သစ်ကူး တွင်ဝန်ထမ်းအချို့ကို Bonus (အပိုဆု) ပေးလိုက်ခြင်းမျိုးဖြစ်ပြီး ဝန်ထမ်းများကိုလစာတိုးမပေးဘဲ မက်လုံးတစ်ခုအဖြစ် ဖန်တီးပေး ခြင်းဟုပြောသည်။
ကားတင်သွင်းလိုသော ဝန် ထမ်းများသည် သွင်းကုန်ပါမစ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတွင် လျှောက် ထားရမည်ဖြစ်ပြီး ပြည်ပမှကား တင်သွင်းရာတွင်လည်း ချက်ချင်း လက်ငင်းငွေချေစနစ်ဖြင့် တင် သွင်းနိုင်ခြင်းမရှိလျှင် မြန်မာ့စီး ပွားရေးဘဏ် ချေးငွေဖြင့်တင် သွင်းနိုင်မည်ဖြစ်သည်။ ဝန်ထမ်း များ ကားတင်သွင်းခွင့်နှင့်ပတ် သက်ပြီး အသေးစိတ်မူဝါဒကို ချ မှတ်နိုင်ရန် ဇန်နဝါရီ ၁၀ ရက်တွင် ဝန်ကြီးဌာန၌ ညှိနှိုင်းမှုများဆောင် ရွက်ရန် စီစဉ်ထားသည်။
ကားတင်သွင်းခွင့်ပြုခြင်းက ‘‘မက်လုံးတစ်ခု ပေးလိုက်ခြင်း သဘောမျိုးလည်း ဖြစ်နိုင်တယ်’’ ဟု နိုင်ငံရေးသုတေသီဦးတင် မောင်သန်းကသူ၏ အမြင်ကို ပြောသည်။
၂၀၂၀ သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှစ်လည်းဖြစ်ရာ ဝန်ထမ်းများကို ကားတင်သွင်းခွင့် ပြုမည့်အစီအစဉ်က နိုင်ငံရေးအရ မဲဆွယ်သည်ဟု ပြောဆိုမှုအချို့ လည်း ပေါ်ထွက်လာသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန စာရင်းများအရ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်ရှိသူ လူဦးရေ၅၀၀ မှ ၇၀၀ အကြားသာရှိရာ ထိုပမာဏကို ပြည်ပမှ ကားတင်သွင်းခွင့်ဖြင့်ဆွဲဆောင်မည်ဆိုလျှင်လည်း နိုင်ငံရေးအရ အားသာချက်မရနိုင် ကြောင်း ဦးတင်မောင်သန်းက ထောက်ပြသည်။
အစိုးရ၏ အုပ်ချုပ်ရေးကဏ္ဍ အပြောင်းအလဲကို အကောင်အ ထည်ဖော်ရာတွင်အထွေထွေအုပ် ချုပ်ရေးစနစ်ကို စတင်နိုင်ခဲ့သော် လည်းကျန်ဌာနများ၏ ပြုပြင် ပြောင်းလဲရေးတွင် လိုအပ်ချက် များရှိနေသေးသည်ဟု ၎င်းက သုံးသပ်သည်။
လစာနည်းပါးပြီး ကျင့်ဝတ် ပိုင်းနှင့်ပတ်သက်၍ တင်းကျပ် လာချိန်တွင် ကားတင်သွင်းခွင့်က ဝန်ထမ်းများအတွက် ဖြေလျှော့ ပေးမှု တစ်ခုဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ဝန်ထမ်းများ ပြည်ပမှ ကား တင်သွင်းခွင့်တွင် အခွန်သက်သာ ခွင့်များစွာပါရှိသည်။ မော်တော် ယာဉ်တစ်စီးကို ပုံမှန်တင်သွင်း မည်ဆိုပါကအကောက်ခွန်၊ က ညနအခွန်နှင့် အင်ဂျင်ပါဝါပေါ်မူ တည်၍ ကားတန်ဖိုး၏ ၁၀၀ နှင့် ၁၅၀ ရာခိုင်နှုန်းကြား ကောက်ခံ သည်။ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ ဝန်ထမ်းများအတွက် ပေးမည့်ပါ မစ်သည် ယင်းအခွန်အခများ ပေးရမည်မဟုတ်ဟုဆိုသည်။
‘‘မော်ဒယ်မြင့်ကားတွေက တော့ စျေးနည်းနည်းကျလာနိုင် တယ်’’ ဟု မော်တော်ယာဉ်ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းအသင်း (ရန်ကုန်)အထွေ ထွေအတွင်းရေးမှုး ဦးရန်မျိုး အောင်က ဝန်ထမ်းများအားကား သွင်းခွင့်ပြုခြင်းကြောင့် သက် ရောက်မှုကိုခန့်မှန်းသည်။
၂၀၂၀ တွင် ပြဋ္ဌာန်းထား သည့် မော်တော်ယာဉ်မူဝါဒအရ ဆိုလျှင် မော်ဒယ်မြင့်ကားများ သာတင်သွင်းနိုင်မည်ဖြစ်ပြီး တန် ဖိုးကြီးကားများ တင်သွင်းလာ နိုင်ကာမော်ဒယ်မြင့်ကားစျေးနှုန်း များ လျော့နည်းလာနိုင်သည်ဟု ပြောသည်။
လက်ရှိ အစိုးရဝန်ထမ်းများ ကားဝယ်မည်ဆိုလျှင် ကျပ်သိန်း ၂၀၀ မှ ၄၀၀ အတွင်းတန်ဖိုးရှိ သော ကားအမျိုးအစားများကို အဝယ်များခြင်းကြောင့် အစိုးရ၏ ပြည်ပကားတင်သွင်းခွင့်က ပါမစ် စျေးကွက်တစ်ခုဖြစ်လာနိုင်သည် ဟု ဦးရန်မျိုးအောင်ကသူ၏ အ မြင်ကို ပြောသည်။
ပြည်ပမှ ကားတင်သွင်းခွင့် နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကဆိပ်ကမ်းရောက်ကားတန်ဖိုး အများဆုံးပမာဏအား ယာယီ ကန့်သတ်ချက်ကို ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အ တိုင်ပင်ခံပုဂ္ဂိုလ်တို့ုကို ဆိပ်ကမ်း အရောက်တန်းဖိုး ကျပ်သိန်း ၁,၅၀၀ သတ်မှတ်ထားသည်။ ထို့ အပြင်ဒုတိယသမ္မတနှင့် အဆင့် တူပြည်ထောင်စု အဆင့်ဝင်များ ကို ကျပ်သိန်း ၁,၂၀၀၊ တိုင်း နှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုအဆင့်နှင့်တူညီသည့် ပြည်သူ့ဝန်ထမ်းများကို ကျပ်သိန်း ၁,၀၀၀၊ ဒုတိယဝန်ကြီးများ၊ ပြည် နယ်နှင့် တိုင်းဝန်ကြီးများ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အ ကြီးအကဲများနှင့် ဒုတိယဝန်ကြီး အဆင့်နှင့်တူညီသည့် ပြည်သူ့ ဝန်ထမ်းများ၊ ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ကျပ်သိန်း ၇၀၀ အထိတင်သွင်းနိုင်မည်ဖြစ် သည်။
အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များကို ကျပ် သိန်း ၅၀၀ အထိတင်သွင်းခွင့်ပြု မည်ဖြစ်ပြီး ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် လုပ်သက် ၂၅နှစ်ပြည့် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရ ထားသူများကို ဆိပ်ကမ်းအ ရောက်တန်ဖိုးကျပ်သိန်း ၃၀၀ တန်ကားများတင်သွင်းခွင့်ပြုရန် စီပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ယာယီသတ် မှတ်ထားသည်။
‘‘ကားတင်သွင်းခွင့် ထုတ် ပြန်ချက်ကညွှန်ချုပ်၊ ဒုညွှန်ချုပ်အ ပြင် တခြားဝန်ထမ်းအားလုံးပါ လာရင်တော့စျေးကွက်ကို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင် တယ်’’ဟု ဒေါက်တာစိုးထွန်းက လည်းသုံးသပ်သည်။
၂၀၁၉ အောက်တိုဘာ ၁ ရက်တွင် စတင်သက်ဝင်ခဲ့သော အခွန်ဖြေလျှော့မှုက ပြည်တွင်း ကားစျေးကွက်ကို သွက်လက်လာ စေနိုင်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ခန့်မှန်းသည်။
သို့သော် အခွန်ဖြေလျှော့မှု စတင်ပြီးနောက် သုံးလခန့်အချိန် အတွင်း အမည်ပေါက်ဆောင် ရွက်ချက်များကြောင့် ပြည်တွင်း ကာစျေးကွက်တွင် အရောင်းအ ဝယ်ပြန်အေးခဲ့သည်။ ကညန၏ အမည်ပေါက်ပိုင်ဆိုင်သူမှန်မှသာ သက်တမ်းတိုးနိုင်မည့် သတ်မှတ် ချက်မတိုင်မီအထိ ရန်ကုန်တိုင်းရှိ ကညနရုံးများသို့ အမည်ပေါက် ပြောင်းလဲမှုများ ဆောင်ရွက်နေ ခြင်းကြောင့်ဟု မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်သူ အချို့ က ပြောသည်။
ထိုကဲ့သို့ စျေးကွက်အခြေအ နေတွင် စီးပွားကူးသန်းဝန်ကြီး ဌာန၏ အစီအစဉ်က ပြည်တွင်း ကားစျေးကွက်ကို ပြန်လည်လှုပ် ရှားလာနိုင်သည်ဟု ၎င်းတို့ကခန့် မှန်းနေသည်။
ယခုနှစ်ပိုင်းအတွင်း ကား စျေးကွက်တွင် ကားအသစ်ဝယ် ယူစီးမှုများလာသော်လည်း ကား ဟောင်းသုံးစွဲမှုက ဆက်လက်ရှိ နေသေးကြောင်း အရောင်းအဝယ် ပြုလုပ်သူအချို့က ပြောသည်။ ကျပ်သိန်း ၁၀၀ ကျော်နှင့် ၂၀၀ အကြားတန်ဖိုးရှိသော တိုယိုတာ အမှတ်တံဆိပ်ကားများအပါအ ဝင် ဂျပန်အကျကားစျေးကွက် လည်း ရှိနေသေးကြောင်း ၎င်းတို့ က ပြောသည်။
‘‘ပြည်တွင်းစျေးကွက်က အ ဟောင်းကနေ အသစ်ကိုတော့ တဖြည်းဖြည်း ပြောင်းလာနေပြီ’’ ဟု ဒေါက်တာစိုးထွန်းကပြော သည်။
ပြည်တွင်းစျေးကွက်အပြောင်း အလဲများအတွက် အစိုးရဝန်ထမ်း များ၏ ကားတင်သွင်းခွင့် အစီအ စဉ်က တွန်းအားတစ်ခုဖြစ်လာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်သည်။
သို့သော် အခြားတစ်ဖက် တွင်လည်း ယခင်အစိုးရလက် ထက် ငြိမ်းချမ်းရေးပါမစ်ဟု တင် စားခေါ်ဝေါ်ခဲ့သည့် ငြိမ်းချမ်းရေး အဖွဲ့များအား ကားသွင်းခွင့်ပေး ခြင်းမျိုး ပြန်လည်ကြုံတွေ့ရမည် ကို မလိုလားသူများလည်းရှိနေ သည်။ ကားတင်သွင်းခွင့် ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ နှင့်အထက် စျေးရှိခဲ့ဖူးရာ တစ် ကျော့ပြန်ပါမစ်ဈေးကွက်ဖြစ်လာ မည်ကို ကားစျေးကွက်ကျွမ်းကျင် သူများက မလိုလားဟုဆိုသည်။
စိုးရအရာရှိများနှင့် ကာလရှည်ဝန်ထမ်းကောင်းများကို ကားသွင်းခွင့်ပြုခြင်းမှာ ပြည်တွင်းကားစျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု သုံးသပ်နေကြသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img