2020.02.26FOOD
Budget ပြန်ကြည့်စရာမလိုဘဲ ထိုင်းစာအစုံ စားရမယ့်ဆိုင်

ခု ပြောပြပေးမဲ့ ဆိုင်လေးကတော့ လသာ နားက ထိုင်းဆိုင်လေး တစ်ဆိုင်ပါ။ ထိုင်းစာကောင်းကောင်းစားနေကြဆိုရင် သိမယ်ထင်တယ်။ အရသာကောင်းသလို ဈေးကလည်း တန်လွန်းနေလို့ပါ။ ထိုင်းစာဆိုတာ မြန်မာလူမျိုးတွေနဲ့ အစပ်တည့်ပြီး ဈေးလည်း တန်တာမို့ပါ။

ဆိုင်အနေအထားအရကတော့ နည်းနည်းကျဉ်းပြီးသပ်သပ်ရပ်ရပ်လေးပါ။ Reservation ကြိုလုပ်မှ စိတ်ချရမှာပါ။ လူကတော့ တော်တော်ကျတယ်။ ဈေးသင့်တာ တစ်ကြောင်း အရသာရှိတာတစ်ကြောင်း အမြဲလူပြည့်နေတယ်။
ပင်လယ်စာ အကုန်ရတယ်ဗျာ။ ဗန်းလိုက်တွေနဲ့ ချဉ်ချဉ်စပ်စပ်တွေ အကုန်ပဲ။ အသားတွေလည်း လတ်ဆတ်တယ်။ ထိုင်းစာဆို ဘာလာလာဒေါင်းမယ်ဆိုတဲ့သူတွေအတွက်ကတော့ ခေါင်းမဖော် ဆွဲပြီ။
ဆိုင်လေးက သောက်စရာအနေနဲ့ဆို Bubble Milk Tea တော်တော်ကောင်းတယ်။ တခြားဆိုင်တွေထက်ကိုပိုတယ်။ ပြီးတော့ ဖာလူဒါ မသောက်မဖြစ်သောက်ပါ။
စားဖြစ်ခဲ့တာတွေဆိုရင်
ငါးမာလာ – 4500Ks

ယိုးဒယားမာလာအနှစ်စစ်စစ်နဲ့ ငါးမာလာက စပ်ပေမဲ့ ပေါ့နေတယ် လေးလေးပင်ပင်တော့ သိပ်မရှိဘူး ကိုယ်က ထိုင်းစာဆို အလေးကြိုက်လို့လား မသိဘူးရယ် အသားကတော့ လတ်ပြီး ကောင်းတယ်။
၀က်ဂုတ်သားကင် – 2500Ks

ဘယ်မှာမှ အရတဲ့ဈေးနဲ့ ၀က်ဂုတ်သားကင် အသားတွေကြီးပဲ တော်တော်မိုက်တယ်။ ချဉ်ရည်လည်း ဝောာ်တော်ကောင်းတယ်။
မှိုဟင်းရည် – 2000Ks

ရုံးအဆင်းလေးမှာ ပွင့်ဖို့လိုနေရင် ဒါလေးတာမှာလိုက် ဘာနဲ့တွဲစားစား လိုက်မယ်ဆိုတာလေး
မာလာခေါက်ဆွဲ – 1800Ks

၁၈၀၀ မျက်စီများ မှားနေတာလားပေါ့ အပြည့်ပဲ လာချပေးတာ ရောက်ရင် ဒါလေးလည်း စားဖြစ်အောင် စားခဲ့ဖို့ အကြံပြုပါတယ်။
ငါးထောင်း – 1500Ks

ငါးထောင်းက နူးညံ့နေပြီး တော်တော်မိုက်တယ် စပ်စပ်လေးနဲ့ ပြည့်စုံတယ်
ငပိထမင်း – 2500Ks

ငပိထမင်းကလည်း အထဲမှာ တော်တော်စုံတယ်။ ထပ်ပေးစရာမလိုဘူးနော်။ တစ်ယောက်အ၀ဆွဲဆို ဒါတွေနဲ့တင် ဗိုက်ပြည့်နေမှာ
Thai Green Tea

ပူပူစပ်စပ်တွေစားပြီး ဆိမ့်ဆိမ့်နှစ်နှစ်အေးအေးလေး သောက်လိုက်ရရင် ဒါနဲ့ Green Tea သောက်ဖူးသမျှထဲမှာ အကြိုက်ဆုံးနော်
ဖာလူဒါ

ဆိုင်က Thai Tea တွေလည်း တော်တော်ကောင်းတယ်။ ဆိမ့်ဆိမ့်အေးအေးလေး ဈေးတွေဆိုလည်း ၂၀၀၀၀န်းကျင်ပဲရှိတယ်။ Budget ကို ပြန်ကြည့်စရာကို မလိုတာ။ ဆိုင်လိပ်စာလေးက “ Spicy Deyon”
📌Address : No.141, Latha Upper Street, Yangon, Myanmar.
🕖Opening hours: 10:00Am 9:00Pm
📲Ph no. 09 – 972341287
By : Nay
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ