bnr_tob_1

2019.09.27LIFE&TREND

မြန်မာပြည်ကို အလုံးအရင်း ဝင်ရောက်လာတဲ့ Soothing Gel ယဉ်ကျေးမှု

မြန်မာနိုင်ငံကို Soothing Gel ယဉ်ကျေးမှုဝင်ရောက်လာတာ နှစ်တွေအများကြီးမရှိသေးပါဘူး။ Nature Republic ရဲ့ Aloe Gel ကနေ စပြီး Soothing Gel တွေ မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ များသောအားဖြင့် ကျွန်မတို့ သိကြတာ Aloe Gel ပါပဲ။ နောက်ပိုင်းမှာတော့ Snail Gel/Lotus Gel/Bamboo Gel ကနေ စလို့ Thanatkhar Gel တွေအထိ အမျိုးစုံထွက်ပေါ်နေပါပြီ။ အဆိုပါ Gel တွေက များသောအားဖြင့် ကျွန်မ ပြောပြမယ့် အကြောင်း(၁၀)မျိုးကို Cover ဖြစ်ပေးနိုင်ပါတယ်။


(၁) Moisturizing Pack
မျက်နှာသစ်ပြီး Toner နဲ့ သန့်စင်ပြီးသွားတဲ့အခါ မျက်နှာပေါ်ကို Aloe Gel ခပ်များများအုပ်ထားပေးပါ။ ထို့နောက်မှာတော့ ၁၅-၂၀ မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ နောက်မှာတော့ Gel တွေကို ခပ်ပါးပါးလေးပုပ်ပြီး မျက်နှာပြင်တွေရော၊ လည်ပင်းတွေကိုပါ လိမ်းကျံလိုက်ပါ။ ဒီလိုဆိုရင် Aloe Gel ဟာ Moisturizing Pack ဖြစ်သွားပါပြီ။ (ရေနဲ့ဆေးချစရာမလိုဘူးနော်၊)
(၂) Moisturizer
Moisturizer အနေနဲ့လည်း အသုံးပြုကြမယ်။ စိတ်ကြိုက် လိမ်းဆီ တစ်မျိုးနဲ့ Gel ကို ဆီ ၁ဆ Gel ၃ဆ (၁:၃) ရောလိုက်ပြီး Moisturizer အနေနဲ့ အသုံးပြုလိုက်ပါ။
(၃) Eye Patch
Gel ဘူးကို ရေခဲသေတ္တာထဲမှာထည့်ပြီး အေးလာအောင်ထားလိုက်ပါ။ အဆင်သင့်ဖြစ်ပြီဆိုရင် Cotton Pad ကို ဘူးထဲနှစ်ပြီး သင့်မျက်လုံးနားမှာ အုပ်ထားပေးလိုက်ပါ။ ဖုန်းအသုံးများတာကြောင့် မျက်စိအောင့်တာ၊ မျက်အိတ်ဖောင်းတာတွေကို သက်သာစေပါတယ်။
(၄) After Shave
sensitive skin ဆိုရင်လည်း Shave လုပ်ပြီးသွားတဲ့အခါ နီစပ်စပ်ဖြစ်နေတာတွေကို သက်သာစေပါတယ်။ ပြီးတော့ အေးမြမှုကိုလည်း ပေးစွမ်းနိုင်သေးလေရဲ့။
(၅) Sun Burn Remedy
နေလောင်နေတဲ့ နေရာကိုသာ Aloe Gel ကို ခပ်များများလေး လိမ်းပေးထားလိုက်ပါ။ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ နီစပ်စပ်အရေးအကြောင်းတွေကို ပျောက်စေပါတယ်။
(၆) Body Lotion
ဆီ ၁ဆ Aloe Gel ၃ဆ ရောပြီး ခန္ဓာကိုယ်ကို lotion အနေနဲ့လိမ်းပေးပါ။ အကြောပြတ်တာတွေကို သက်သာစေပါတယ်။
(၇) Makeup Base
BB Cream ဒါမှမဟုတ် Foundation နဲ့ (2:1 ဒါမှမဟုတ် 1:1) ရောစပ်ကာ လိမ်းပေးခြင်းက သင့်ကို Glow Look ပေးစွမ်းပါတယ်။
(၈) Nail Essence
ကျန်းမာတဲ့ လက်သည်း၊ ခြေသည်းလေးတွေဖြစ်စေဖို့ Aloe Gel လေးနဲ့ လိမ်းကျံပေးပါအုံး။
(၉) Hair Treatment
ဆံပင် (၂)ခွဖြစ်နေတယ်ဆိုရင်တော့ Aloe Gel လေးကို ဆံပင်အဖျားပိုင်းလေးလိမ်းလိုက်ပါ။ ဒါမှမဟုတ် ဆံပင် ပျော့စေချင်တယ်ဆိုရင် ၁၅မိနစ်လောက် Aloe Gel လိမ်းပြီး ဆံပင်ကို ပေါင်းတင်လိုက်ပါ။
(၁၀) Hair Gel
ဆံသားကို တောက်ပြောင်စေချင်တယ်ဆိုရင်တော့ Aloe Gel သာလိမ်းလိုက်ပါ။ တစ်ဆက်တည်းမှာပဲ ဆံသားကို ပျော့ပြောင်းစေသေးလေရဲ့..။
အစရှိတဲ့ အရာ (၁၀)မျိုးကို Cover ဖြစ်စေပါတယ်။ သင်တို့ အိမ်မှာကော Soothing Gel တစ်ဘူး ရှိနေပြီလား။

By : Theingi kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img