2020.06.15TRAVEL
မသိဘူးတစ်ယောက်တည်းကလောသွားမယ် Solo travel guide to

ထင်းရှူးနံ့သင်းတဲ့ကလောရနံ့လေးကိုလွမ်းနေမိတာကြာပါပီ
Kalawတစ်ယောက်တည်းတောင်ပေါ်မြို့လေးကိုအေးဆေးသွားလည်ချင်တဲ့သူတွေအတွက်ပါ။Budget guideလို့လည်းပြောလို့ရပါတယ်။
-ရန်ကုန်ကနေအနောက်ကျဆုံးထွက်တဲ့ည8:00အချိန်ရွေတောင်ရိုးexpressကားကိုစီးပါ။မနက်6:30လောက်မှကလောရောက်တော့မှောင်မှောင်မဲမဲအချိန်တစ်ယောက်တည်းရောက်သွားတာထက်ပိုအဆင်ပြေပါတယ်။စျေးနှုန်းက၁၀၅၀၀ ရိုးရိုးကားပါ။
-တည်းမယ့်နေရာအတွက်ကလောမှာHostelရှိပါတယ်။Hotelတွေအသာထား လူငယ်ဆန်ဆန်hostelမှာပဲနေပါ။The lodge Kalaw Hostelတဲ့ backpacker hostelတစ်ခုပါ။တစ်ညမှတစ်သောင်းပဲပေးရပီး နှစ်ထပ်အိပ်စင်တွေနဲ့အခန်းဖော်တွေနဲ့အတူစုနေရတာမျိုးပါ။အောက်မှhostelအကြောင်းရေးထားတာရှိပါတယ်။
https://www.facebook.com/886399875033908/posts/996261200714441/
-ကလောကနှစ်ညအိပ်သုံးရက်ဆိုလုံလောက်ပါတယ်။ပြန်တဲ့ရက်ကားကည၇နာရီလောက်မှထွက်တော့၃ရက်လုံးအပြည့်နေရမှာပါ။ကလောမြို့တခွင်ကတော့hostelကfreeငှားပေးတဲ့စက်ဘီးနဲ့ပဲလည်ပါ။ကုန်းတက်ကုန်းဆင်းတွေများပေမယ့် အတက်ဆိုရင်ဆင်းတွန်းလိုက် အဆင်းဆိုလေတဖြူးဖြူးနဲ့ဆင်းသွားလိုက်နဲ့မိုက်ပါတယ်။
sample itinerary

Day1
arrival-kalawMarket-Hostel checkin-ခဏနား-cafe Kalaw(hostelနဲ့ကပ်ရက်)-စက်ဘီးလေးနဲ့မြို့ပတ်(ဘူတာ၊မောမြေဦးပန်းခြံ၊နာရီစင်၊Kalaw heritage hotel၊ဘုရားကျောင်းတွေအစရှိသဖြင့်ပေါ့)
Day2

breakfast at hostel-breakfast at market-သိမ်တောင်-နှီးဘုရား-viewpoint(လမ်းအရမ်းကြမ်းပီးဝေးလို့ဆိုင်ကယ်နဲ့သွားမှအဆင်ပြေပါတယ်)မနက်စောစောလမ်းလျှောက်စျေးဘက်ကိုသွားပီးသိမ်တောင်တက် ပီးရင်viewpointသွားဖို့စျေးနားကပဲဆိုင်ကယ်ငှားသွားလို့ရပါတယ်။












ဒါလည်းselfieဆွဲထားတာပဲ မထင်ရဘူးနော်

Day3
breakfast at hostel-ဗျိုက်တောင်-မြင်းမထိဂူ(စက်ဘီးနဲ့သွားလို့ရပါတယ် လမ်းကောင်းတယ်)-lunch at Kalaw Farm House-Hostel checkout(12:00 ဆိုရင်hostelcheckoutလုပ်ရတာဆိုတော့အစောကတည်းကအထုပ်တွေသိမ်းပီးreceptionမှာအပ်ထားခဲ့တာကပိုအဆင်ပြေပါတယ်)-အချိန်တွေပိုနေသေးတော့ကော်ဖီဆိုင်ထိုင်တာတို့ မြို့ထဲလျှောက်ကြည့်တာတို့လုပ်လို့ရပါသေးတယ် ကားကည၇နာရီလောက်မှထွက်တာဆိုတော့အေးအေးဆေးဆေးပါပဲ














ရထားလေးစီးပီးရန်ကုန်ပြန်ပါတော့မယ် ရထားနဲ့ကစီးရတာအရမ်းကြာလို့ recommendမလုပ်ပါဘူး အတွေ့အကြုံအသစ်တွေလိုချင်ရင်တော့စီးပါ ရှုခင်းကတော့အသေလှတယ် တစ်ယောက်တည်းဆိုလုံခြုံမှုမရှိဘူး ပစ္စည်းတွေအရမ်းသတိထားရတယ်



အနားယူစရာဆိုင်လှလှလေးများ
New Simple life cafe,Kalaw Farm House,Cafe Kalaw,Maluca villa
စားဖို့သောက်ဖို့ဆိုင်များ
ပြည့်ပြည့်ခေါက်ဆွဲဆိုင်၊Kalaw Farm House၊Talkie House၊Everest Nepali Restaurant,Hi Bar, ညနေဘက်မှရောင်းတဲ့စျေးရှေ့ကခေါက်ဆွဲဆိုင်၊ညဆိုရင်Hi Barနားလမ်းကြားထိပ်လေးကတွန်းလှည်းနဲ့ရောင်းတဲ့စာဖိုမှူးကြီးရောင်းတဲ့ဆိုင်cook master၊4000တန်Hot Potဆိုင်တွေ စသဖြင့် အများကြီးရှိတာဆိုတော့ အဆင်ပြေသလို စားလို့ရပါတယ်။တော်တော်များများကစျေးနားတစ်ဝိုက်မှာပဲဆိုတော့ ညနေဘက် စားပီး hostelပြန် အေးအေးဆေးဆေး ပြန်chillလို့ရပါတယ်။
ကလောမြို့က တစ်ယောက်တည်း ခရီးသွားလို့ အကောင်းဆုံးမြို့လေးဆိုတော့ အခုမှတစ်ယောက်တည်း ခရီးစသွားဖို့စဉ်းစားနေတဲ့ သူတွေအတွက်လည်း အဆင်ပြေဆုံးမြို့ပါပဲ။ နေရာမသိရင်မြို့ခံတွေကိုမေးလို့ရသလို ကိုယ့်ဟာကိုယ်လျှောက်သွားလိုက် ကော်ဖီဆိုင်လေးထိုင်လေး ရှမ်းစာလေးစားလိုက်နဲ့ တောင်ပေါ်မြို့လေးမှာအမှတ်တရတွေဖန်တီးလို့ရပါတယ်။ကလောကပိုက်ဆံလည်းအကုန်သက်သာတဲ့မြို့လို့ပြောရမယ် 50000လောက်ရှိရင် ကလောသွားလို့ရပါတယ်။ အရင်ရေးထားတဲ့ကလောpostလေးလည်းရှိပါတယ်။
https://www.facebook.com/886399875033908/posts/942306442776584/
Photo-GalaxyA80 & tripod
-
ENTERTAINMENT
Japan Myanamar ပွဲတော် ၂၀၂၁
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
ခေတ် နောက်ကိုမလိုက်ဘဲ ထာဝရ ဖက်ရှင်ကျ ကျော့ရှင်းလှပစေမယ့် Judy’s Fabric
-
SOCIAL
ကိုဗစ်ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ် ပေါ်လာနိုင်ဟု ဒေါက်တာမြင့်ထွေးသတိပေး
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ