bnr_tob_1

2020.07.13SOCIAL

အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများကို Social Distancing လိုက်နာကာ ယနေ့ ကျောင်းအပ် စလက်ခံမည်

COVID-19ကြောင့် ယခုပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် လူစုလူဝေးမဖြစ်စေရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

By ဆုဆက်

 အခြေခံပညာ အထက် တန်းအဆင့် အတန်းနှစ်တန်းဖြစ် သည့် သင်ရိုးသစ် ဒသမတန်း (Gade-10) နှင့် သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကျောင်းသားကျောင်းသူများကို Social Distancing (ခပ်ခွာခွာ နေထိုင်ခြင်း) လိုက်နာကာ ယနေ့ (ဇူလိုင် ၁၃ ရက်) တွင် ကျောင်း အပ်စတင်လက်ခံရန် အခြေခံ ပညာကျောင်းများက စီစဉ်ထား သည်။

အထက်တန်းအဆင့် အ တန်းများဖြစ်သည့် သင်ရိုးသစ် ဒသမတန်း-Grade-10 (ယခင် ပညာသင်နှစ်က အဋ္ဌမတန်း-Grade 9 တက်ရောက်အောင်မြင် ခဲ့သူများ တက်ရမည်) နှင့် သင်ရိုး ဟောင်း ဒသမတန်း-Grade-11 (ယခင်ပညာသင်နှစ်က နဝမတန်း -Grade-10 တက်ရောက်အောင် မြင်ခဲ့သူများတက်ရမည်) တို့ကို ဇူလိုင် ၂၁ ရက်တွင် စဖွင့်မည်ဖြစ် သည်။

ယခင်နှစ်များကဲ့သို့ အခြေခံ ပညာအတန်းအားလုံးကို တစ် ပြိုင်တည်း ကျောင်းအပ်လက်ခံ မည်မဟုတ်ဘဲ အထက်တန်းအ ဆင့် အတန်းနှစ်တန်းအတွက်  ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ ကျောင်းအပ်နှံရမည်ဖြစ်သည်။

ကျောင်းအပ်နှံရာတွင် လူစု လူဝေး မဖြစ်စေရန်အတွက် ကျောင်းတစ်ကျောင်းချင်းအ လိုက် စီမံဆောင်ရွက်ရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားထား သည်။

‘‘ကျောင်းအပ်တဲ့အခါမှာ လည်း ခါတိုင်းလို စုပြုံတိုးတာတွေ မဖြစ်အောင် ဒီနေ့က ဘယ်အ တန်း၊ ဘယ်နေ့မှာ ဘယ်အတန်း၊ အဲဒီလို ခွဲခြားပြီးတော့ Social Distancing အတတ်နိုင်ဆုံးရ အောင်တော့စီစဉ်မယ်’’ဟု အခြေ ခံပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်မောင် ဝင်းက ဆိုသည်။

လူစုလူဝေးမဖြစ်စေရန်အ တွက် ဒသမတန်း (Grade-10) ကျောင်းသားကျောင်းသူများအ တွက် ကျောင်းအပ်နှံရမည့်ရက် နှင့် ဒသမတန်း (Grade-11)အ တန်းအတွက် ကျောင်းအပ်နှံရ မည့်ရက်ကို သီးခြားသတ်မှတ်ကာ ကျောင်းအပ်လက်ခံရန် အခြေခံ ပညာကျောင်းအချို့က စီစဉ်ထား သည်။

အခြေခံပညာကျောင်းအချို့ တွင် ယခင်နှစ်က ထိုကျောင်းတွင် တက်ရောက်ခဲ့သော ကျောင်း သားဟောင်းများသည် ကျောင်း သို့ ကိုယ်တိုင်လာရောက်၍ ကျောင်းအပ်ရန်မလိုဘဲ အတန်း တာဝန်ခံဆရာမထံ မိဘအုပ်ထိန်း သူက ဖုန်းဖြင့်ဆက်သွယ်ကျောင်းအပ်နှံနိုင်ရန် စီစဉ်ထားသည်။

ကျောင်းသားသစ်များသာ ကျောင်းသို့ ကိုယ်တိုင်လာရောက် ကျောင်းအပ်နှံရမည်ဖြစ်ပြီး မိဘ အုပ်ထိန်းသူတစ်ဦးသာ လိုက်ပါ ခွင့်ပြုထားကာ လူစုလူဝေးဖြစ် စေမှုကို လျှော့ချနိုင်ရန် စီစဉ် ထားသည်။

အချို့ကျောင်းများက အ တန်းအလိုက် ကျောင်းအပ်ရမည့် အချိန်ကို သတ်မှတ်ကာ ကျောင်း အပ်လက်ခံမည်ဖြစ်သည်။

ထို့ပြင် လူစုလူဝေးမဖြစ်စေ ရန် ကျောင်းအပ်လက်ခံသည့် နေရာကို တစ်နေရာတည်းမသတ် မှတ်ဘဲ အခန်းများခွဲခြားကာ ကျောင်းအပ်နိုင်ရန် စီစဉ်ခြင်း၊ ကျောင်းသားနှင့် မိဘများကို ကိုယ်အပူချိန်တိုင်းပြီးမှ ကျောင်း တွင်း ဝင်ရောက်စေခြင်းများ လည်း အခြေခံပညာကျောင်းများ တွင် စီစဉ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းအုပ်ကြီးတစ်ဦးက ‘‘အဓိ ကကတော့ ကျောင်းအပ်တဲ့နေရာ မှာ လူစုလူဝေးမဖြစ်ဖို့ပဲ။ ကိုယ့် ကျောင်းအလိုက် အဆင်ပြေတဲ့ ပုံစံနဲ့ ကျောင်းအပ်လက်ခံဖို့ ပြော ထားတယ်။ ကျွန်တော့်ကျောင်းက တော့ ကျောင်းသားဟောင်းတွေ ကျောင်းလာစရာ မလိုဘူး။ ဖုန်းနံ ပါတ်တွေ ကြေညာထားပေး တယ်။ ဖုန်းဆက် ကျောင်းအပ်ရုံ ပဲ။ ကျောင်းသားသစ်ပဲ ကျောင်း လာ ကျောင်းအပ်ရမယ်’’ ဟု  ပြောသည်။

ကျောင်းအပ်နှံရေးသီတင်း ပတ်တွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ အား နှစ်စဉ် အခမဲ့ပေးနေကျ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အပြင်  ယခုနှစ်တွင် ဗလာစာအုပ် တစ်ဒါ ဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံ နှစ်ချောင်းစီနှင့် ပြန်လည်အသုံး ပြုနိုင်သည့် နှာခေါင်းစည်း (Reused Mask) နှစ်ခု၊ မျက်နှာ အကာ (Face Shield)တစ်ခုစီ ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည်။

တယ်လီဖုန်းဖြင့် ဆက်သွယ် ကျောင်းအပ်နှံရန် စီစဉ်ထားသည့် ကျောင်းများတွင် ကျောင်းစတက် သည့်နေ့၌ ပြဋ္ဌာန်းစာအုပ်နှင့် အခြားထောက်ပံ့ပေးသည့်ပစ္စည်း များ ပေးအပ်မည်ဖြစ်သည်။

COVID-19 ကြောင့် အခြေ ခံပညာကျောင်းများကိုု ပုံမှန် ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်တွင် မဖွင့်နိုင်ဘဲ ရက် ၅၀ နောက်ကျပြီး မှ ဖွင့်လှစ်မည်ဖြစ်သည်။

Social Distancing (ခပ်ခွာ ခွာနေထိုင်ခြင်း) လိုက်နာရန်အ တွက် ကျောင်းတက်ချိန်ကို ပုံစံ လေးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img