fb_icon

bnr_tob_1

2019.09.06SOCIAL

နည်းပညာအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများအတွက် SME-Development Bank နှင့် Industries Bank of Korea တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

နည်းပညာအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများအတွက် SME-Development Bank နှင့် Industries Bank of Korea တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးမှုတွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များ အပြင် ဘဏ်နှစ်ခုကြား ဖွံဖြိုးတိုးတက်ရေးတို့ ပါဝင်ပါတယ်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းမှာ SME- Development Bank ကို အများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲပြီးချိန်တွင် နိုင်ငံတကာဘဏ်များဖြင့် ပထမဦးဆုံးအကြိမ် ဘဏ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီလို SME-Development Bank နဲ့ Industries Bank of Korea တို့ MOU ရေးထိုးခြင်းဖြင့် ကိုရီးယားနိုင်ငံမှာရှိတဲ့ Eduvision စင်တာတွေလိုမျိုး မြန်မာပြည်မှာ စတည်ထောင်ခြင်းဖြစ်တဲ့အတွက် start- up လုပ်ငန်းတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ပံ့ပိုးနိုင်မှာပါ။ ပံ့ပိုးနိုင်တဲ့အခါကျရင် SME လုပ်ငန်းတွေမှာ အထောက်အကူ တစ်စိတ်တစ်ပိုင်းဖြစ်ပါလိမ့်မယ်” လို့ မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်ကပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန်လမှစပြီး ပထမဦးစွာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းချေးငွေ(Staff Loan) ထုတ်ချေးခြင်းနှင့် ၂၀၁၈ ခုနှစ်၊ မေလမှစပြီး SME လုပ်ငန်းရှင်များအား အာမခံပစ္စည်းရယူခြင်းမရှိဘဲ ငွေကြေးလည်ပတ်မှုကိုအခြေခံ၍ ထုတ်ချေးသော SME-CFB Loan ချေးငွေအမျိုးအစားကို ပြည်နယ်နှင့်တိုင်း ၇ ခု တွင် ထုတ်ချေးပေးလျက်ရှိရာ လုပ်ငန်းရှင်များအတွက် အထောက်အကူပြုသော ဘဏ်တစ်ခုလည်း ဖြစ်ပါတယ်။

-ဝေဝေ

Credit : www.internetjournal.media

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img