bnr_tob_1

2020.09.18TRAVEL

သောင်ပြင်ပေါ်က ဝမ်းစာရှာဖွေရာ ကျွန်းငယ်လေး (ဝက်ဂျွိန်)

ဂုံးရှာသူတို့ အိမ်ပြန်ချိန်

TD တစ်ယောက်ကိုယ့်ဇာတိမြို့လေး ကျောက်ဖြူကိုပြန်လာပြီး ခုတော့ Covid ကြောင့်ရွာမှာပဲပိတ်မိနေတယ်လေ။ အဲ့တော့ ရွာနဲ့နီးနီးနားနားကျွန်းတွေကိုပဲပတ်သွားပြီး အားလုံးလဲ Stay At Homeရင်း ဒီကျွန်းလေးကို TD နဲ့အတူသွားကြည့်ကြမယ်နော်။ ကျွန်းလေးနာမည်က ဝက်ဂျွိန်တဲ့…….. ရခိုင်လိုခေါ်တာပေါ့နော်။ ဂျွိန်ဆိုတာ ရခိုင်လိုကျွန်းကိုခေါ်တာပါ။ TDတို့ ရွာနားမှာ ဂျွိန်ပေါင်း ၂၀ ကျော်ရှိပါတယ်။ အဲ့ထဲကမှ ဒီကျွန်းလေးနာမည်က ဝက်ဂျွိန်ပေါ့။ အရင်တုန်းက ကျွန်းပေါ်မှာဝက်တွေပေါခဲ့တယ်လို့လဲပြောကြပါတယ်။ အတိအကျတော့ ဒီကလူတွေလဲသိပ်မသိကြဘူး။ ကျွန်းလေးက ကျောက်ဖြူကနေဆိုရင် တော်တော်လေးလာရပါတယ်။ TD တို့ကျတော့ ရွာကနေသွားတာဆိုတော့ မိနစ် ၃၀ လောက်ပဲစက်လှေစီးရတယ်။ TD တို့ရွာလေးနဲ့ ကျောက်ဖြူမြို့နဲ့က မိနစ် ၃၀ ကျော်လောက် စက်လှေစီးရပါတယ်။ အဲ့ဒါနဲ့ TD တစ်ယောက် ရွာမှာပျင်းတာနဲ့ မောင်လေးတွေ ညီမလေးတွေကိုအဖော်ခေါ်ပြီး အဲ့ကျွန်းလေးကိုသွားလည်ခဲ့ပါတယ်။ ကျွန်းလေးကိုသွားရင် လမ်းမှာ ဂျိတ်ဂျွိန်၊ သဲဂျွိန်၊ ကျူကျွိန်ဆိုပြီး တစ်ခြားကျွန်းတွေကိုလည်း ဖြတ်သွားရသေးတယ်လေ။

ဟိုးဘက်မှာရှိသေးတယ်နော်
ဒါကတော့ ကမ်းကပ်တာနဲ့ ဓာတ်ပုံပြေးရိုက်တဲ့ စာရေးသူ မမ
ရေတက်လာရင်အဲ့ကျောက်တန်းတွေအကုန် ရေလွှမ်းသွားတာ
အဲ့ကျောက်တုံးတွေအောက်မှာ ရှာကြတာ
ရွာကလာတဲ့စက်လှေတွေ

ပင်လယ်ပျော် TD တစ်ယောက်ကတော့ စက်လှေစီးရတာပျော်လို့ပေါ့​။ အဲ့လိုနဲ့ နာရီဝက်လောက် စက်လှေမောင်းပြီးတဲ့အချိန်မှာ ကျွန်းလေးကိုရောက်သွားပါတယ်​။ ကျွန်းကိုရောက်တော့ TD တို့ရွာကလူတွေအများကြီးကို တွေ့ပါလေရော….. ကိုယ်လဲအံ့ဩသွားတာပေါ့။ ဒီလောက်အဝေးကြီး ကျွန်းမှာ ဘာလာလုပ်နေကြတာလဲဆိုတော့ TD တို့စားတဲ့ ဂုံးက ဒီကျွန်းမှာပေါတော့ အားလုံးလာရှာနေကြတာပါ။ ကျောက်ဖြူမြို့လေးမှာ ရောဂါတွေကြောင့် ဂုံးကို တင်သွင်းဖို့အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်အိမ်မှာချက်စားဖို့ ၊ တစ်ချို့ကပြန်ရောင်းဖို့ ဝမ်းစာအတွက် နေပူကြီးထဲ လာရှာကြရပါတယ်။ ဂုံးလာရှာကြတဲ့အထဲ မိန်းကလေးတွေပိုများပါတယ်။ ယောက်ကျားလေးတွေက ပင်လယ်မှာ ငါးသွားဖမ်းကြတာပေါ့။ သူတို့လဲ TD ဒီကျွန်းလေးကိုရောက်လာတာမြင်တော့ အံ့ဩသွားကြတာပေါ့။ အဲ့ဂုံးတွေကို ဘယ်လိုရှာရလဲဆိုတော့ ကမ်းနားက ကျောက်တုံးတွေအောက်ကို တူးပြီးရှာရတာပါ။ ထင်သလောက်တော့မလွယ်လှပါဘူး။ အကုန်လုံးက မနက် ၁၀ နာရီလောက်တည်းက ထွက်လာကြပြီး ခမောက်ကိုယ်စီ ပလိုင်းကိုယ်စီနဲ့ ကျွန်းပေါ်မှာ ဂုံးရှာကြပါတယ်။ ညနေစောင်းမှပြန်ကြပြီး တစ်ခါတလေ ရေမတက်သေးလို့ ပြန်လို့မရသေးရင် မိုးချုပ်တဲ့အထိဖြစ်သွားပါတယ်။ TD ကတော့ ကျွန်းကို ဓာတ်ပုံတွေရိုက်ဖို့ Blog လေးရေးချင်လို့ရောက်လာတာဆိုတော့ ကျွန်းပတ်ပြီး ဓာတ်ပုံရိုက်ပြီလေ

အကျီလက်ရှည်ဝတ်သွားတာတောင် နေလောင်ပြီး ပြန်လာခဲ့ရတယ်
ဒီကျွန်းက သဲသောင်ပြင်သိပ်မရှိဘူး
တခါလောက်တော့ ဂိုက်ပေးပရစေ
ပန်းချီကားတစ်ချပ်လိုပဲ
ကိုယ်စီ ကိုယ်စီ ဂုံးရှာနေကြတာ
Chill
ကဲ ဘလောက်တောင် မဲချင်စရာလေးလဲ
TD တို့လာတဲ့ စက်လှေ အရမ်းမြန်တာနော်
ကျောက်ဆောင်အမြင့်ကြီးတွေလဲရှိတယ်

ကျွန်းကအလျား တော်တော်ရှည်တယ်လို့ပြောရမယ်။ ဘေးပတ်ပတ်လည် ကျောက်ဆောင်တွေ ကျောက်တန်းတွေအပြည့်နဲ့ လုံးဝ Virgin Island ပါ။ TD တို့လိုလူတွေအတွက်တော့ အကြိုက်ပေါ့။ တစ်ခါတစ်လေ ကျွန်းပေါ်မှာညလာအိပ်တဲ့ ရွာသားတစ်ချို့လဲရှိပါတယ်။ ထူးခြားတာက အဲ့လိုပင်လယ်အလည်ခေါင်က ကျွန်းပေါ်မှာ စိမ့်စမ်းရေချိုထွက်ပါတယ်။ TD သွားဖူးသလောက် အဲ့နားပတ်ချာလယ်က ကျွန်းတွေအကုန်လုံးမှာ ရေချိုထွက်တဲ့နေရာရှိပါတယ်။ ဒါကလည်း ညအိပ်လို့အဆင်ပြေမယ့် အချက်တစ်ချက်ပေါ့။ TD ကတော့ Tent လဲပါမလာလို့ ညမအိပ်ခဲ့ရပါတယ်။ လှတာတော့ အရမ်း အရမ်းကိုလှပါတယ်။ ကိုယ်ကတော့ ကျွန်းပေါ်မှာ ဟိုလျှောက်သွား ဒီလျှောက်သွား ဓာတ်ပုံတွေရိုက်နဲ့ပေါ့။ ရွာသားတွေက အပြိုင်အဆိုင် ဂုံးတွေတူး။ ဂုံးတွေက တူးရင်လဲ နောက်နေ့ဆိုပြန်ပေါ်လာတာပါတယ်။ အဲ့ကျွန်းမှာ ဂုံးပေါတယ်လို့ပြောရမယ်။ ပလိုင်းကိုယ်စီနဲ့ နေပူကြီးထဲ ဂုံးရှာနေကြတဲ့ မြင်ကွင်းကလည်း မြင်ရတဲ့သူအဖို့တောင် ပင်ပန်းလွန်းလှပါတယ်။ ဒီတိုင်းနေပူထဲမှာတောင် အကြာကြီးမနေနိုင်တာ ရွာသားတွေဆို ညနေစောင်းထိ ဘယ်လိုများရှာနိုင်ကြတာလဲမသိ

ကြည့်ပါဦး ဂုံးဘယ်လောက်ပေါမယ်ထင်လဲ
ကျောက်တုံးကိုလှန်ပီး အဲ့လိုရှာရတယ်
ဂုံးရှာနေတဲ့ ရွာသား
ဒီလို ဂုံးတွေပေါ့ မြင်ဖူးကြတယ်မလား
ဒါ ကျွန်းရဲ့ နောက်တစ်ဖက်အခြမ်း ဟိုးနောက်က TD ပြောတဲ့ ကျူဂျွိန်
ကျွန်းရဲ့ ၂ ဖက်ခြမ်းလုံးမှာ ဒီလိုကျောက်တန်းတွေ ဒီဖက်မှာတော့ ဂုံးမရှိလို့ထင်တယ် ရှာတဲ့လူတွေမရှိဘူး
ကွန်ဖူးပန်ဒါ
ဒီနေရာလေးသဘောကျလို့ အိမ်ရောက်မှသိရတာက ဒီအပင်အောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြှုပ်ထားတဲ့ အလောင်းရှိတယ်တဲ့ သေလိုက်ပါတော့
ခရုခွံအစလေးတွေ

ပီးတော့ ကျွန်းပေါ်မှာ ရန်ကုန်ကလူတွေအကြိုက် ခရုခွံလှလှလေးတွေ အရမ်းပေါပါတယ်။ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ဆို အရမ်းပျော်စရာကောင်းမှာ အသေအချာပါ။ အဲ့ကျွန်းရဲ့ တစ်ဖက်ခြမ်းကနေလှမ်းကြည့်မယ်ဆိုရင် နောက်ထပ် သဲသောင်ပြင်ကြီးဖြူဖွေးနေတဲ့ ကျုဂျွိန်ဆိုတဲ့ ကျွန်းကိုလည်းလှမ်းမြင်နေရသေးတယ်​။ အဲ့ကျွန်းလေးကတော့ ကျူပင်တွေပေါလို့ ကျူဂျွိန်လို့ ခေါ်တာပေါ့။ ကိုယ်တွေလဲ ဝက်ဂျွိန်ကအပြန် ကျူဂျွိန်ကိုသွားခဲ့သေးတယ်။ ကော်ဖီလေးသောက် ပင်လယ်ကြီးငေးရတဲ့အရသာဟာ ဘာနဲ့မှမလဲနိုင်။ ကိုဗစ်မရှိတဲ့နယ်မြေပေါ့နော်။ ဘေးပတ်ဝန်းကျင်မှာလည်း နောက်ထပ် စိတ်ဝင်စားစရာကောင်းပြီး ရာဇဝင်ပုံပြင်တွေရှိတဲ့ နေရာတွေ၊ ကျွန်းတွေလည်းရှိသေးတယ်။ အဲ့ဒါတွေကတော့ နောက်တစ်ရက် သပ်သပ်ထပ်သွားပြီး ရေးပေးမယ်နော်။ ခုတော့ ကျောက်ဖြူရဲ့ အရိုင်းဆန်တဲ့အလှပတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝက်ဂျွိန် ဆိုတဲ့ ကျွန်းလေးကပုံတွေပဲ အရင်ကြည့်ပေးထားနော်

ရေဘူးနဲ့ ဖိနပ်မပါ နွေအခါမှသိမည်
မောင်လေးတွေကတေ့ာ ဇိမ်ပဲ
TD လဲပူလာလို့ အရိပ်ကောင်းကောင်းရှာပြီး အိပ်ပီ
ငါးဖမ်းစက်လှေ
ပြန်ကြတော့မယ်
ဒါက အဲ့ကကျွန်းပေါ်မှာခူးစားကြတဲ့ အသီး နာမည်မေ့နေလို့
ဒါက ဝက်ဂျွိန်ဒီဖက်အခြမ်းက ကျူဂျွိန်
အဲ့တောင်နှစ်ခုကြားမှာ ဂူရှိတယ် ရာဇဝင်နဲ့ပဲ နောက်တော့မှသွားပြီးပြန်ပြောပြမယ်
ကျွန်ပေါ်မှာသောက်တဲ့ ကော်ဖီ
ပြန်ပြီ လူလဲမဲသဲ
အပြန် မြင်ရတဲ့ နောက်တစ်ကျွန်း
နောက်ထပ်ပုံတွေကြည့်ချင်ရင် IG မှာFollow လုပ်ထားလို့ရတယ်​နော်

ရောဂါတွေကင်းရှင်းလို့ လာချင်တယ် Virgin Island တွေပတ်သွားချင်တယ်ဆိုရင်တော့ ကျောက်ဖြူကိုလုံးဝ Highly Recommend ပေးပါတယ်နော်။ ရန်ကုန်ကနေ လေကြောင်း၊ ကားလမ်း နှစ်ခုလုံးနဲ့လာလို့ရပါတယ်။ ဆူညံသံတွေ၊ စိတ်ရှုပ်ထွေးစရာတွေ ကင်းဝေးပြီး အခုချိန်ထိသဘာဝအတိုင်း အရိုင်းဆန်ဆန်လှနေတဲ့ ကျွန်းတွေမို့ တစ်ခါလောက်တော့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်

(ဓာတ်ပုံရိုက်တတ်တဲ့သူမပါလို့ ပုံလေးတွေကတော့ သည်းခံကြည့်ပေးနော်) အားလုံးပဲ သာလီစွပါအဆုံးထိဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

#TDsTravelNotes#Rakhine#VirginIsland#ဝက်ဂျွိန်#KyaukPhyu#NativeBound

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.