2019.11.22FOOD
မာလာအနှစ်ဆမ်းထားတဲ့ အကင်များနှင့် ကယားခေါင်ရည်စစ်စစ်ရတဲ့ ဆိုင်လေး

ဆိုင်နာမည်လေးက ရှမ်းရိုးရာတဲ့ လှည်းတန်း ဇေယျာသီရိလမ်းထဲအတိုင်း ဝင်သွားရင်ရတယ်
ဆိုင်နာမည်လေးကတည်းက မာလာအကင်နဲ့ စားဖွယ်စုံတဲ့ အကင်လည်း တစ်နေကုန်ရတယ် စားစရာလည်း အစုံပဲ ရောက်သွားတော့ ဇေယျာသီရိလမ်းထဲမှာ ဆိုင်တော်တော်များတာပဲ ဒီဆိုင်လေးက ဘတ်ဂျတ်နည်းပြီးတော့ ဈေးတန်တာထက်ပိုတဲ့ ဆိုင်လေးမို့ လမ်းညွှန်ပေးလိုက်တာ
အကင်တွေကို မာလာအနှစ်ဆမ်းထားတော့ ဈေးကြီးမယ်ထင်ထားတာ အကင်တွေက 300ကျပ်တွေများပြီး အများဆုံး ၅၀ဝကျပ်ဆိုတော့ တန်ပြီးရင်းတန်ပဲ အကင်တွေလည်း အအေးခန်းထဲမှာ ထည့်ထားတာ အစုံပဲ ယိုးဒယားအကင်စုံ၊ ကြက်နဲ့ပတ်သက်တာအစုံ၊ ဝက်သားအစုံ၊ ပင်လယ်စာလေးတွေနဲ့ အသီးအနှံလေးတွေ အစုံပါပဲ

ဆိုင်ထဲမှာလည်း ဆိုင်းဘုတ်လေးတွေချိတ်ထားတယ် ကယားခေါင်ရည်တဲ့ ကယားခေါင်ရည်စစ်စစ်တဲ့ ဒါနဲ့မည်းစမ်းကြည့်ခဲ့တယ် တစ်အိုးကို ၂၀ဝ၀ နဲ့ ၁လီတာ ကို ၆၀ဝ၀ရောင်းတယ် မသောက်ဖူးရင်တော့ မူးမယ်ဗျ အစစ်ဆိုတော့ ပျင်းတယ် မည်းစမ်းကြည့်ခဲ့ပါ ရန်ကုန်မှာ ကယားခေါင်ရည်စစ်စစ်ရတာ ရှားတယ်

အစားအစာတွေလည်း တော်တော်စုံတယ် ဘာတွေရလည်းဆိုတော့ ရိုးရာဆိုတဲ့အတိုင်း တိုင်းရင်းသားအစားအစာတွေ အရင်းတည်ထားတာဖြစ်တဲ့အတွက် ရိုးရာအစားအစာတွေ တော်တော်စုံစုံရတယ်
ဆိုင်လေး နေရာကျယ်ဝန်းသလို အေးအေးဆေးဆေးပဲ ဈေးလည်းတန်တယ် ဝန်ထမ်းတွေ၊ ကျောင်းသားတွေကအစ စားနိုင်တဲ့ဆိုင်လေး အရသာလည်း ကောင်းတယ်
စားဖြစ်ခဲ့တာတွေကတော့ တိုင်းရင်းသားဆိုင်ဆိုတော့ ရိုးရာအစားအစာလေးတွေ စားကြည့်ခဲ့တယ် ဟင်းတွေနဲ့ သေချာစားမယ်ဆို ထမင်းဖြူလေးနဲ့မှ ဟင်းအရသာပေါ်လွင်တာမလား
ကြက်သောက်ဆမ်း ၃၀ဝ၀

ကြက်သောက်ဆမ်းဆို ထမင်းမစားခင်လေး မြည်းကြည့်မယ်ဆို တော်တော်လန်းသွားတယ်ဗျ ကြက်သားတွေလည်း များပြီး ပူပူလေးသောက်ရင် ခေါင်းမူးနေတာတွေတောင် ပျောက်သွားမယ်
ငါးသံပရာပေါင်း ၅၀ဝ၀

ငါးသံပရာပေါင်းလည်း must try ပါ ငါးသံပရာပေါင်းကိုမှ သံပရာပေါင်းတာရသလို မာလာနဲ့ပေါင်းတာလည်းရတယ် သံပရာပေါင်းလည်း အကောင်းကြီးသလို ချဉ်ငံစပ်လေး တော်တော်ကောင်းတယ်
ကြက်ကချင်ချက် ၂၅၀ဝ

ကြက်ကချင်ချက်ကတော့ ကချင်ဆိုင်စစ်စစ်စားဖူးထားတော့ ဒီဆိုင်က ကချင်ချက်ကိုတော့ စားရတာ သိပ်အားမရဘူး ဒါပေမဲ့ အသားတွေများတယ် ဈေးကွာတာကြောင့်လည်းထင်ပါတယ် ဒီဆိုင်က ဈေးနည်းတယ်
မှိုကန်စွန်း ၁၅၀ဝ

မှိုကန်စွန်းလည်း တော်တော်မိုက်ပါတယ် ကယားခေါင်ရည်သောက်ပြီး ရီဝေလာရင် ကန်စွန်းရွက်လေးနဲ့ လိုက်ချက်ပဲ

အအေးတွေလည်း အသီးဖျော်ရည်တွေလည်း ကောင်းကောင်းရတယ် ပြီးတော့ အခွန်ဘယ်လိုယူလဲတော့ မသိဘူး ၃၀ဝပဲ ကျခဲ့တယ် service charge လည်း မပေးခဲ့ရဘူး ဒါပေမဲ့ တော်တော်ဝန်ဆောင်မှုကောင်းပါတယ် best ပါ



ဆိုင်လိပ်စာလေးကတော့..
“ ရွှေရိုးရာ”
(မာလာအကင်နှင့် စားဖွယ်စုံ)
အမှတ်(၁၀)၊ ဇေယျာသီရိလမ်း၊ လှည်းတန်း၊ ကမာရွက်မြို့နယ်၊ ရန်ကုန်။
09 – 780070411
Yangonstyle #Shweyoeyar #Nay
food #hledan
By : Nay
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ