fb_icon

bnr_tob_1

2019.09.16FOOD

☕Myanmar Culture Valley ၀န်းထဲမှာ Breakfast ကောင်းကောင်းလေး ဆွဲရအောင်

🔥Breakfast အတွက်ကို စက်တင်ဘာ 20 မတိုင်ခင် သွားစားမယ်ဆိုရင် 50%Off ရှိလို့ မနက်စာကောင်းကောင်းလေး သွားစားဖို့ အကြုံပြုလိုက်ပါတယ် ဆိုင်ကလည်း ဖွင့်တာ သိပ်မကြာသေးဘူး 50%Off ထဲမှာ မိုင်းလားဒေသလို ကင်မယ့် အကင်တွေလည်း ပါတယ်နော်

မနက်စာတင်ရတာလားဆိုတော့ မဟုတ်ပါဘူး တစ်နေကုန်ရပါတယ် မနက်စာစားခဲ့တာမို့ မနက်စာလေး ပြောပြပေးမယ်ဗျာ 🍝🍲🍡☕🍔🍣🌭🍞

နေ့တစ်နေ့တာအစ မနက်စာက အစပြုတာမို့ မနက်စာကောင်းကောင်းလေး စားဖို့ကလည်း နေ့စဉ်ဘ၀မှာအရေးပါလှပါတယ် ကိုယ့်အတွက် မနက်စာက ကော်ဖီ ကိတ်တစ်ခုနဲ့ ရတယ်ဆိုပေမဲ့ ဆွေမျိုးတွေ ဧည့်သည်တွေ အလည်လာတဲ့အခါ မနက်စာကောင်းကောင်းလေးနဲ့ ဧည့်ခံရင်း ရွှေတိဂုံဘုရားကို ဘုရားဖူးလိုက်ပို့မယ်ဗျာ😍

ဆိုင်လေးက သန့်ရှင်းပြီး ၀န်ဆောင်မှုကောင်းသလို လက်ရာလည်းကောင်းလို့ လမ်းညွှန်ပေးလိုက်ပါတယ်

ဆိုင်လေးက တိတ်ဆိတ်တဲ့ နေရာလေးမှာ တည်ရှိပြီး ဘာတွေရလဲဆိုရင် ရှမ်းအစားအစာ၊ တရုတ်အစားအစာ၊ အကင်ဆိုရင် မိုင်းလားဒေသပုံစံအကင်နဲ့ တိုင်းရင်းသား အစားအစာတွေ တစ်ထိုင်တည်းနဲ့ တစ်နေကုန် အစုံရတဲ့ဆိုင်လို့ ပြောချင်ပါတယ်😱

ဂျုံကြက်ပေါင်း အရည် 🍲

ကြက်သားအတုံးကြီးတွေနဲ့ ကြက်ပေါင်းရည်ကို ဂျုံနဲ့ဆိုတော့ ဆိမ့်ပြီး ပူပူလေး သောက်ရတာ တော်တော်အရသာရှိတယ် သူတို့ recommend ပေးတာလေးပေါ့

တောင်ကြီးဟင်းထုပ် (ကြက်)

ဟင်းထုပ်ကလည်း တစ်ကိုက်ဆိုတစ်ကိုက် တော်တော် အရသာရှိပါတယ် ရောက်ရင် စားကြည့်ဖို့တော့ လုံး၀ (လုံး၀) recommended ပေးပါတယ်

လားရှိုးနှမ်းထောင်း ‌ခေါပုတ်

ရန်ကုန်မှာ ခေါပုတ်စားရမဲ့ဆိုင် သိပ်မရှိဘူးလို့ ထင်ပါတယ် သူကလည်း ပူပူလေးဆို နို့စိမ်းလက်ဖက်ရည်လေးနဲ့ လိုက်ချက်ပဲ ရှမ်းလူမျိုးမဟုတ်ပေမဲ့ ခေါပုတ်ကို မနက်စာ အကြိုက်ဆုံးစာရင်းထဲမှာ ထည့်ထားတယ် ဆီလေးထွက်နေတာ ပြောခဲ့ရသေးတယ်

မြစ်ကြီးနားမြီးရှည် (၀က်) 🍝

မြီးရှည်ကတော့ ရန်ကုန်က မြီးရှည်တွေထက် လုပ်ထားတာကအစ ပိုကောင်းတယ် အသားပါတာတော့နည်းတယ်

ဆိတ်မွထောင်း

သူကတော့ ဆိပ်သားအရသာပေါ်လွင်ပြီး ချဉ်စပ်လေး လုပ်ပေးထားတာ ဘေးမှာ ငရုပ်သီးစိမ်းလေးနဲ့ သံပရာသီးလေး ပါသေးတယ် တော်တော်ကောင်းပါတယ် နို့စိမ်းလက်ဖက်ရည်နဲ့သောက်နေတာတောင် အဲလောက်ကောင်းနေရင် ညနေစောင်းရင်တော့ မိုက်ပြီပဲ😁

ဖက်ထုပ်ပြုတ် (၀က်)

ဖက်ထုပ်ကတော့ ရန်ကုန်မှာ စားဖူးနေကြဆိုင်တွေလိုပါပဲ အရသာကတော့မိုက်တယ်

ပလာတာ (ပဲ)

မနက်စာအတွက်ကတော့ တော်တော်ပြည့်စုံနေအောင် ရပါတယ် ဈေးကတော့ တခြားဆိုင်တွေထက် နည်းနည်းလေး ပိုများပါမယ် ၀န်ဆောင်မှုနဲ့ သန့်ရှင်းမှု အရသာအပိုင်းတွေနဲ့ဆိုရင် မများဘူးလို့တောင် ပြောလို့ရပါတယ်

မိသားစုတွေ ဧည့်သည်တွေအတွက် သီးသန့်အခန်းတွေလည်း ရှိတယ်

ဆိုင်အတွင်းပုံလေး

📍ဆိုင်လိပ်စာလေးကတော့….

“ Shwe Yin Pin”
Cafe, BBQ & Restaurant

https://www.facebook.com/Shwe-Yin-Pin-109521917072758/

🕘6:00AM To 9:30PM

Myanmar Culture Valley (MCV), Infront Of West Side of Shwe Dagon Pagoda, U Wisara Road, Dagon Township, Yangon.

📲09 – 751599995, 09 – 250199990

#Yangonstyle#ShweYinPin#Nay

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img