bnr_tob_1

2020.08.25SOCIAL

ရွှေတိဂုံစေတီတော်မှ အံ့ဖွယ် ၉ ပါး

ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ကြသူတွေဟာစေတီတော်ကြီးရဲ့ ရင်ပြင်တော်မှာရှိတဲ့ တန်ဆောင်း၊ ဇရပ်တွေက ရုပ်ပွားတော်တွေကိုလည်း အများအပြားတွေ့မြင်ကြမှာဖြစ်ပါတယ်။

စေတီတော်ရင်ပြင်က တန်ဆောင်း၊ ဇရပ်တွေမှာရှိတဲ့ ရုပ်ပွားတော်တွေဟာ ရှေးမြန်မာဘုရင်တွေ၊ မွန်ဘုရင်​တွေ၊ မှူးမတ်သေနာပတိတွေနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေက တည်ထားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီရုပ်ပွားတော်တွေထဲမှာ အံဖွယ် ၉ ပါးအဖြစ်ထင်ရှားတဲ့ရုပ်ပွားတော်တွေကတော့
၁။ တဝဂူပတ္တမြားမျက်ရှင်​တောင်းပြည့်ဘုရား
၂။ ဝိဇ္ဇာဇော်ဂျီဘုရား
၃။ ဆုတောင်းပြည့်ဘုရား
၄။ ရှင်မထီးဘုရား
၅။ ရှင်အဇ္ဇဂေါဏဘုရား
၆။ ဆံတော်တွင်းရုပ်ပွားတော်
၇။ ဘိုးဘိုးအောင်ဘုရား
၈။ လက်ပက်လက်ဘုရား
၉။ ပြဒါးရှင်ဘုရာ​​း​တွေပဲဖြစ်ပါတယ်။

၁။ တဝဂူပတ္တမြားမျက်ရှင်ဆုတောင်းပြည့်ဘုရား

တဝဂူပတ္တမြားမျက်ရှင်ဆုတောင်းပြည့်ဘုရားမှာ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းထိပ်၊ အထက်ပစ္စယံမှာတည်ထားတာဖြစ်ပြီး အမျိုးသားများသာ တက်ရောက်ဖူးမြော်ခွင့်ရှိပါတယ်။ ရှေးဘုရင်များလက်ထက်က ဆုတောင်းတိုင်းပြည့်သဖြင့် တဝဂူပတ္တမြားမျက်ရှင်ဘုရားကို လူတိုင်းအလွယ်တကူ မဖူးမြော်နိုင်စေဖို့နဲ့ ဆုမတောင်းနိုင်စေဖို့ အထက်ပစ္စယံ လူသူအရောက်နည်းတဲ့နေရာမှာ လျိှု့ဝှက်တည်ထားပြီး စေတီတော်ကြီးရဲ့ အရှေ့၊ အနောက်၊ တောင်​၊ မြောက် အာရုံခံတန်ဆောင်းတွေမှာ တီဗီဖန်သားပြင်နဲ့ တိုက်ရိုက်ဖူးမြော်နိုင်ဖို့ ပြသပေးထားတာဖြစ်ပါတယ်။

၂။ ဝိဇ္ဇာဇော်ဂျီဘုရား

ဝိဇ္ဇာဇော်ဂျီဘုရားမှာ စေတီတော်ရင်ပြင်တော်ရဲ့ စနေထောင့်တည့်တည့်မှာ တည်ထားပါတယ်။ စေတီငယ်ရဲ့အပေါ်မှာ ဝိဇ္ဇာရုပ်နဲ့ ဇော်ဂျီရုပ်တွေ ထုလုပ်ထားပြီး ရှေးက လောကီပညာအစီအမံတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

၃။ ဆုတောင်းပြည့်ဘုရား( ရှင်စောပုဘုရား)

ဆုတောင်းပြည့်ဘုရားမှာ စေတီရင်ပြင်တော် ရာဟုထောင့် တန်ဆောင်းနံဘေးမှာတည်ရှိပြီး ရှင်စောပုဘုရားလို့လည်းခေါ်ကြပါတယ်။

၄။ ရှင်မထီးဘုရား

ရှင်မထီးဘုရားမှာ​စေတီရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ရှင်မထီးတန်ဆောင်းအတွင်းမှာရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ခန့်က ရှင်မထီးဆရာတော် တည်ထားခဲ့တာဖြစ်ပါတယ်။

၅။ ရှင်အဇ္ဇဂေါဏဘုရား

ရှင်အဇ္ဇဂေါဏဘုရားမှာ စေတီရင်ပြင်တော် တနင်္ဂနွေထောင့်၊ နောင်တော်ကြီးစေတီတော်ရဲ့ တောင်ဘက်အာရုံခံတန်ဆောင်းအတွင်းမှာ တည်ထားတာဖြစ်ပါတယ်။ ရှင်အဇ္ဇဂေါဏရုပ်ပွာ​တော်ကို ရှင်အဇ္ဇဂေါဏဆရာတော်က တည်ထားခဲ့တာဖြစ်ပါတယ်။ ဆရာတော်မှာ ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက်ရှိ၍ အဂ္ဂိရတ်ပညာတန်ခိုးဖြင့်ပုဂံခေတ်မှာ ပြည်သူပြည်သားတွေကို စောင်မတော်မူ​သော ဆရာတော်အဖြစ် ထင်ရှားခဲ့သူဖြစ်ပြီး မိမိတည်ထားသောဘုရားအား လူအများသိစေဖို့ မျက်လုံးတစ်ဘက်ကျဉ်း၊ တစ်ဘက်ကျယ် ထုလုပ်ထားတယ်လို့် သိရပါတယ်။

၆။ ဆံတော်တွင်းရုပ်ပွားတော်

ဆံတော်တွင်းရုပ်ပွားတော်မှာ စေတီတော်ရဲ့ အာရုံခံတန်ဆောင်းနဲ့ ကပ်လျက်ရှိ ဆံတော်တွင်းတန်ဆောင်းမှာရှိပါတယ်။ ရွှေတိဂုံစေတီတော် တည်ထားစဉ်က ဗုဒ္ဓရဲ့ဆံတော်ကိုဆေးကြောတဲ့တွင်းဖြစ်ပါတယ်။ ဆံတော်တွင်းအုတ်ပြဿ ကိုငုံပြီး တန်ဆောင်းဆောက်လုပ်တည်ထားခဲ့တာဖြစ်ပါတယ်။

၇။ ဘိုးဘိုးအောင်ဘုရား

ဘိုးဘိုးအောင်ဘုရားမှာ စေတီတော်အရှေ့မြောက်ဘက် တနင်္ဂနွေထောင့်အနီး ဘိုးဘိုးအောင်တန်ဆောင်းအတွင်းမှာ တည်ထားတာဖြစ်ပြီး ထွက်ရပ်ပေါက်အဘ ပထမံဘိုးဘိုးအောင် တည်ထားခဲ့တာဖြစ်ပါတယ်။

၈။ လက်ပက်လက်ဘုရား

လက်ပက်လက်ဘုရားမှာ စေတီတော်အရှေ့ဘက်မုခ် ၊ အာရုံခံတန်ဆောင်း လိုဏ်အတွင်း တည်ထားတဲ့ ကကုသန်ဘုရားရှင်ရုပ်ပွားတော်ဖြစ်ပြီး ယာဘက်လက်တော်မှာ ပက်လက်ထုလုပ်ထားတာဖြစ်ပါတယ်။ အခြားရုပ်ပွားတော်တွေလို လက်မှာ မှောက်ခုံမဟုတ်ဘဲ ပက်လက်ထုလုပ်ထားတာဖြစ်ပါတယ်။

၉။ ပြဒါးရှင်ဘုရား

ပြဒါးရှင်ဘုရားမှာ ရင်ပြင်တော်အရှေ့ဘက်မုခ်နဲ့ အင်္ဂါထောင့်ကြားရှိ စေတီတစ်ဆုရဲ့ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတစ်ဆူဖြစ်ပါတယ်။ ပြဒါးရှင်ဘုရားမှာ နဖူးတော်မှာ မို့မောက်နေ၍ ပြဒါးရှင်လုံးဌာပနာ၍ တည်ထားတယ်လို့ ဆိုကြပါတယ်။

ဖော်ပြပါရုပ်ပွားတော် ၉ ဆူမှာ ရွှေတိဂုံစေတီတော်ရဲ့ အံ့ဖွယ် ၉ ပါးအဖြစ်သတ်မှတ်ထားကြပြီး ရွှေတိဂုံစေတီတော်ကြီးကို လတ်တလော ဖူ​း​မြော်ခွင့်ပိတ်ထားချိန်မှာ ဖူး​မြော်နိုင်ဖို့ အံ့ဖွယ် ၉ ပါးကို မှတ်တမ်းအကျဉ်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img