bnr_tob_1

2020.07.07SOCIAL

ရွှေတိဂုံစေတီတောင်ဘက်မုခ်အနီးကအမှတ်တမဲ့ဂူဗိမာန်များ

ရွှေတိဂုံစေတီတောင်ဘက်မုခ် ကားမှတ်တိုင်အနီး ကန်တော်မင်ပန်းခြံလို့ခေါ်တဲ့ခြံဝန်းထဲမှာရှိတဲ့ အဆောက်အဦးလေးတွေကို အမှတ်တမဲ့ ဖြတ်သွားဖြတ်လာရင်း သတိပြုမိ ကြမှာပါ။ အဲဒီအဆောက်အဦးတွေဟာ မြန်မာပြည်ရဲ့အထင်ကရပုဂ္ဂိုလ်ကြီးတွေရဲ ့ ဂူဗိမာန်တွေဖြစ်ပြီး သိတဲ့သူတွေရှိသလို သတိမပြုမိတဲ့သူတွေအတွက်လည်း အမှတ်ရစေဖို့ဖော်ပြချင်ပါတယ်။

အဲဒီအဆောက်အဦးတွေကတော့ နိုင်ငံကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ သီပေါမင်းရဲ့မိဖုရား စုဖုရားလတ်ရဲ့ဂူဗိမာန်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ရဲ့ဂူဗိမာန် နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် တို့ရဲ့ ဂူဗိမာန်တွေဖြစ်ပြီး ဖြတ်သွားဖြတ်လာရှိပေမယ့် သတိမပြုမိနိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

စုဖုရားလတ်ဂူဗိမာန်

sdr

၁၈၈၅ ခုနှစ်မှာ ဗြိတိသျှတွေက မန္တလေးနန်းတော်ကိုသိမ်းပိုက်လိုက်ပြီး သီပေါမင်း၊ မိဖုရားစုဖုရားလတ်နဲ့အခြွေအရံတွေကို အိန္ဒိယနိုင်ငံ၊ ရတနာဂီရိကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ၁၉၁၆ မှာတော့ သီပေါမင်းဟာ အိန္ဒိယနိုင်ငံမှာနတ်ရွာစံခဲ့ပြီး စုဖုရားလတ်ရဲ့တောင်းဆိုချက်အရ စုဖုရားလတ်ဟာ မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် မန္တလေးနန်းတော်ကိုပြန်ဝင်ခွင့်မရခဲ့ဘဲ ရန်ကုန်မြို့ ယခုကိုယ့်မင်းကိုယ့်ချင်းလမ်းလို့ခေါ်တဲ့ ချာလီလမ်းကအိမ်တစ်လုံးမှာ အစေခံတွေနဲ့အတူ နေထိုင်ခွင့်ရခဲ့ပါတယ်။ ၁၉၂၅ ခု၊ နိုဝင်ဘာ ၂၄ အသက် ၆၅ နှစ်မှာ စုဖုရားလတ်ဟာ နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ စုဖုရားလတ်ရဲ့ဂူဗိမာန်ကို ကန်တော်မင်ပန်းခြံထဲမှာ ယနေ့ထိတိုင်တွေ့မြင်နိုင်ပါတယ်။

သခင်ကိုယ်တော်မှိုင်းဂူဗိမာန်

sdr

သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်မှာ ပြည်မြို့အနီး၊ ရွှေတောင်မြို့နယ် ဝါးလယ်ရွာမှာ မွေးဖွားခဲ့တာပါ။ သူဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားယဉ်ကျေးမှုအစဉ်အလာတွေကို ဖော်ထုတ်ပြသတဲ့ ဆောင်းပါးတွေ ၊ ကဗျာတွေကို မစ္စတာမောင်မှိုင်းဆိုတဲ့ကလောင်အမည်နဲ့ ရေးသားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်တွေဖြစ်ပွားနေချိန်မှာတော့ သူဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖက်ဖက်ကနေအားထုတ်ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ရက် မြန်မာနိုင်ငံရဲ့ ဥက္ကဌဖြစ်လာခဲ့ပြ ီး ၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
သခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခု၊ ဇူလိုင်လ ၂၃ ရက်၊ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ယခုဆိုရင် ကွယ်လွန်ခဲ့တာ ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဂူဗိမာန်

sdr

မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဟာ ၁၉၆၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် ၊ အသက် ၇၆ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ ဒေါ်ခင်ကြည်ရဲ့ဂူဗိမာန်ကိုတော့ သခင်ကိုယ်တော်မှိ ုင်းဂူဗိမာန်နဲ့ စုဖုရားလတ်ဂူဗိမာန်အကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်

sdr

ဦးသန့်ကို ၁၉၀၇ ခု၊ ဇန်နဝါရီ ၂၂ ရက်မှာ ပန်းတနော်မြို့မှာ မွေးဖွားခဲ့တာပါ။ ဦးသန့်ဟာ မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြ ီး၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ ကမ္ဘာ့ကုလသမဂ္ဂရဲ့ တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဦးသန့်ဟာ ၁၉၇၄ ခု၊ နိုဝင်ဘာ ၂၅၊ အသက် ၆၅ နှစ်မှာ ကင်ဆာရောဂါနဲ့ နယူးယောက်မြို့မှာ ကွယ်လွန်ခဲ့တာပါ။ ဦးသန့်ရဲ့ရုပ်ကလာပ်ကို မြန်မာပြည်ကို ပြန်လည်သယ်ဆောင်ခဲ့တာဖြစ်ပြီး စုဖုရားလတ်၊ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့ ဂူဗိမာန်တွေရဲ့ တစ်ဘက်အနီးအနားမှာပဲ ဂူဗိမာန်တည်ဆောက်ပြီး ထားရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီဂူဗိမာန်တွေမှာ အတွင်းပိုင်းပျက်စီးယိုယွင်းလာတာတွေ ရှိတဲ့အတွက် ဝင်ရောက်လေ့လာခွင့်မပြုဘဲ ပိတ်ထားဆဲဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img