fb_icon

bnr_tob_1

2019.11.28TRAVEL

လေးသောင်းခွဲထဲနဲ့ ရွှေသောင်ယံကမ်းခြေကို စျေးသက်သက်သာသာသွားကြမယ် 🌊🌴🏖🏝😱

Shwe Thaung Yan Beach


ချောင်းသာ ငွေဆောင် ငပလီတို့လို နာမည်မကြီးပေမဲ့ လူသူအရောက်အပေါက်နဲပီး အရမ်းလှတဲ့ကမ်းခြေလေးတခုပါ!🌴🌊💚
ခုပြောပြမယ့် ရွှေသောင်ယံကမ်းခြေကတော့ လူသူအရောက်အပေါက်နဲတာကြောင့် ပင်လယ်က ပြာလဲ့သန့်ရှင်းပီး ရှည်လျားတဲ့ကမ်းခြေလေးတခုပါ.😍
ကမ်းခြေက ၁၂မိုင်အထိ ရှိပီးချောင်းသာထက် ၁၀ ဆလောက်ပိုရှည်ပါတယ်🌈

ချောင်းသာလို ဧည့်သည်အများကြီးလာရောက်မလည်ပတ်သေးတာကြောင့် လူလည်းရှင်းပီး ကမ်းခြေတခုလုံးကိုတယောက်တည်း အပိုင်စီးပီး ဓာတ်ပုံတေ တဝကြီးရိုက်လို့ရပါတယ်😎
ကျောက်ဆောင် ကြီးတွေလဲအများကြီးရှိသေးတယ်
အုန်းပင်တွေအများကြီး ဝေဆာနေပီ ပြာလဲ့နေတဲ့ပင်လယ်ကြီးနဲ့ရွှေသောင်ယံကမ်းခြေရဲ့ အလှကို တဝကြီးခံစားလို့ရပါဒယ်😍 🌴🌊

🐚 ရွှေသောင်ယံကိုဘယ်လိုသွားမလဲ 🌴🏝🏝
••••••••••••••••••••••••••••••••••••••••••
သဒ္ဓါတို့က Tour နဲ့သွားတာပါ။ Myanmar Shine Min Travels & Tours နဲ့ပါ။

page link 👇🏻👇🏻

https://www.facebook.com/mmshinemin/

တစ်ယောက်ကိုမှ ၄၅၀၀၀ ကျပ်ပဲပေးရတယ် 😱
တစ်ညအိပ် နှစ်ရက်ခရီး စားစရိတိတွေအကုန်ပါပြီးသားနော်။ တန်မှတန်ပဲ ၄၅၀၀၀ ဆိုတာ ဘားထိုင်ရင် ကုန်သလောက်တောင်မရှိပါဘူး🤧
နေတာကတော့ Guest House မှာပဲပေါ့နော်။ Tent နဲ့လဲအိပ်လို့ရသေး။ Tent နဲ့အိပ်မယ်ဆို ၅ဝဝဝကျပ်ပိုပေးရပါတယ်။ နေ့လည်စာ၊ ညစာတွေကလဲ ပင်လယ်စာတွေပါထည့်ကျွေးသေးတယ်ဆိုတော့ ဒီလောက်ငွေပမာဏနဲ့ကတော်တေ်ာလေးကို တန်နေပါပီလေ။

အမယ် သာသာယာယာပဲနော်
ဒီလို tentလေးယူလာပီး ကမ်းခြေမှာ chillမယ်
ကဲ ဘလောက်ပျော်နေလဲကြည့်🤣🤣
Sunset 🌅

အပြန်ကျရင်လဲ ကျောက်မောင်နှမကမ်းခြေကိုလဲဝင်ပေးသေးတဲ့အပြင် အိမ်ပြန်လက်ဆောင် မုန့်တွေပါထည့်ပေးသေးတယ် 😂 ကိုယ့်မှာဖြင့် အားတောင်နာတယ် ၄၅ဝဝဝနဲ့ဆိုတော့။

နေဝင်ချိန် ဓာတ်ပုံရိုက်လို့သိပ်ကောင်း
ရွှေသောင်ယဲမရောက်ခင် ဒီစာလုံးကြီးတွေရှိတယ်နော်
Sea & lake ဘေးနားမှာပဲ
မောင်လေးတွေက ပင်လယ်ကြီးနဲ့ တူတယ်ဆိုလို့ 😝
ရွာထဲကဆိုင်လေး စားလို့အဆင်ပြေလို့
ဒါက ကျောင်မောင်နှမမှာ တစ်ပတ်စီးရင် ၂၅၀ဝ ပဲ
ကျောက်မောင်နှမကမ်းခြေ

အရင်ကတံတားမထိုးခင်အဲ့လိုကူးရပါတယ်
လွန်ခဲ့တဲ့ ၃ နှစ်က
အုန်းရေကတော့ ရှယ်ကောင်း
ရွာထဲစက်ဘီးစီး
ညဖက် မီးပုံပွဲ
ပုံတွေကို IG မှာလဲကြည့်ရှူနိုင်ပါတယ်နော်
အားလုံးကိုကျေးဇူးတင်ပါတယ် 😚😚😚

ကဲ ကိုယ့်ပါကိုယ်သွားမယ်ဆိုရင် ဘယ်လိုသွားကြမလဲဆိုတော့……

ရန်ကုန်ကနေ ရွှေသောင်ယံ အထိ မိုင် ၁၅၇ မိုင် နဲ့၃ ဖာ လုံကွာဝေးပါတယ်။ ရန်ကုန်ကနေ ချောင်းသာကို သွားတဲ့လမ်းအတိုင်းပါပဲ ချောင်းသာမရောက်ခင် ရမိုင် အလိုမှာ လမ်းဆုံတခုရှိပါတယ်🔜 အဲ့ဒီမှာ ရွှေသောင်ယံ သို့ ဆိုတဲ့ ဘက်ကိုချိုးလိုက်ရင် အဲ့လမ်းဆုံ ကနေ ရွှေသောင်ယံ မြို့ အထိ ၁၄ မိုင် ခန့်ဝေးပါတယ်။
အရင်ကတော့ ရွှေသောင်ယံကို တံတားမထိုးထားတဲ့အတွက် ဇာက်တွေနဲ့ဟိုဘက်ကမ်းကို ကူးရပါတယ်။ ခု တံတားထိုးထားတော့ လမ်းပန်းဆက်သွယ်ရေးအရမ်းကိုအဆင်ပြေသွားပါပြီ။ ချောင်းသာအထိ express စီးပြီး အဲ့ရောက်မှာ ကား သို့ ဆိုင်ကယ်ပြန်ငှားပြီး ရွှေသောင်ယံကမ်းခြေကိုသွားလို့ရပါတယ်။
ချောင်းသာ ကမ်းခြေ ကနေ ရွှေသောင်ယံ အထိဆိုရင် ဆိုင်ကယ်နဲ ၁ နာရီခွဲကျော်ကျော်လောက် သွားရပါတယ်လမ်းခုလတ်မှာ ကျောက်မောင်နှမ ကမ်းခြေကိုလည်းဝင်ပီးဘုရားလဲဖူး ဓာတ်ပုံတွေလည်း စိတ်ကြိုက်ရိုက်နိငိပါတယ်😇 အဲ့ဒီ ကျောက်မောင်နှမသွားတဲ့ လမ်းကနေမိနစ်၃ဝလောက်ဆက်သွားရင် ရွှေသောင်ယံရောက်ပါပြီ။
သူငယ်ချင်းတွေအဖွဲ့လိုက် ကိုယ့်အစီစဉ်နဲ့ကိုယ်သွားလို့ရသလို သဒ္ဓါသွားတဲ့ https://www.facebook.com/mmshinemin/ ဒီ Tour နဲ့လဲ ၄၅၀၀၀ တန်မဟုတ်ပဲ ဟိုတယ်စီစဉ်ခိုင်းပီး Luxury trip လဲသွားလို့ရပါတယ်။

🐚ဘာတွေစားကြမလဲ ? 🏝
••••••••••••••••••••••
ကမ်းခြေရောက်ပီဆိုရင်တော့ ထုံးစံအတိုင်း ပင်လယ်စာပေါ့နော်။ အဲ့မှာ ဂုံးဟင်းအရမ်းစားလို့ကောင်းပါတယ်။ ဆိုင်တွေရောက်ရင် ဂုံးဟင်းမှာစားကြည့်ပါ။ ပြီးတော့ ရွှေသောင်ယံက ချောင်းသာထက် အုန်းပင်ပိုပေါတော့ အုန်းရေလက်လက်ဆက်ဆက်လေးသောက်ခဲ့ပါနော်။ တစ်ခုမကောင်းတာက ချောင်းသာလို ဧည့်သည်မစည်ကားသေးတော့ ကမ်းခြေတစ်လျှောက် ငါးကင်၊ ပုဇွန်ကင်တွေ လိုက်ရောင်းတဲ့စျေးသည်မျိုးနည်းပါတယ်။ ဟိုတယ်အနီးအနားတွေမှာတော့ရောင်းပါတယ်။

🐚ဘယ်မှာတည်းကြမလဲ🏝🏖
•••••••••••••••••••••••••••••
တည်းစရာကချောင်းသာလိုတော့အများကြီးမရှိပါဘူး။ Hotel Shwe Thaung Yan, Hotel Lai Lai စတဲ့ ဟိုတယ်တွေနဲ့ Guest house တွေရှိပါတယ်။
ဟိုတယ်တွေကတော့ ရသောင်း၊ ၈ သောင်းကနေ တစ်သိန်းကျော်တနိတွေအထိရှိပါတယ်။
Guest house ကတော့ တစ်ညကို ၅ထောင်၊၁ သောင်းဝန်းကျင်ပဲရှိပါတယ်။

ရွှေသောင်ယံကမ်းခြေက ချောင်းသာထက်ဘာတွေပိုုပီးကောင်းတာလဲဆိုတော့ စိတ်အေးလက်အေး၊ နားအေးပါးအေးသွားနားချင်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ ချောင်းသာကအားလုံးသိကြတဲ့အတိုင်း လူအရမ်းရှုပ်တယ်။ ပွဲတော်ရက်တွေ ပိတ်ရက်တွေဆိုရင် အနားယူလူ့သိပ်အဆင်မပြေဘူး ဆူညံနေတော့။
ရွှေသောင်ယံကကျတော့ လူရှင်းပြီး ကမ်းခြေတစ်လျှောက်က အရမ်းကိုသန့်ပါတယ်။ ကမ်းခြေရဲ့အရှည်က ချောင်းသာထက်ပိုရှည်တော့ တောက်လျှောက်ကို သာသာယာယာနဲ့ ဓာတ်ပုံတွေစိတ်ကြိူက်ရိုက်လို့ရပါတယ်။ မြို့ပြရဲ့ မွန်းကြပ်မှူကနေထွက်ပြီး တကယ်အနားယူချင်တဲ့လူတွေအတွက်ကတော့ ရွှေသောင်ယံက Highly recommended ပါ။
ကိုယ့်အစီစဉ်နဲ့ကိုယ်သွားမယ်ဆိုရင်တော့ ကားငှားဖို့ထပ်ပြီးစရိတ်ကုန်ပါတယ်။ ကားလမ်းပေါက်နေပေမယ့် အဲ့လိုသွားရလာရမလွယ်ကူသေးတော့ ချောင်းသာကိုကျော်ပီး ရွှေသောင်ယံထိသွားဖို့ကတော့ ကသိကအောက်နိုင်ပါတယ်။ ဒါပေမယ့် စိတ်လွတ်လပ်လွတ် အေးဆေးအနားယူချင်သူတွေအတွက် နေရာကောင်းပဲမလို့ လူတွေအရမ်းမရှုပ်ခင် တစ်ခါလောက်သွားဖို့ တိုက်တွန်းလိုက်ပရစေနော် 😘😘😘😘

အဆုံးထိဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ ❤️🌴

#TDsTravelNotes #ShweThaungYan
#MyanmarShineMin #Beach

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img