2020.11.05SOCIAL
Shugi Bukuro (သို့) မင်္ဂလာမောင်မယ်တို့အတွက် ဂျပန်ရိုးရာစာအိတ်

မြန်မာနိုင်ငံမှာ ဝါလကင်းလွတ်၍ သီတင်းကျွတ်ပြီတဲ့ ကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဝါတွင်းကာ လပြီးတဲ့နောက် ချစ်သူစုံတွဲတွေဟာ မင်္ဂလာပွဲဆင်နွဲဖို့အတွက် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ တချို့စုံတွဲတွေဆို လည်း ဝါတွင်းမရောက်ခင်ထဲက ကြိုတင်ပြင်ဆင်ထားကြပြီး ဝါကျွတ်တာနဲ့ မင်္ဂလာပွဲကို အဆင်သင့်တန်းပြီး ဆင် နွဲကြပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအတိုင်း ဝါတွင်းသုံးလကို ရှောင်ကျဉ်ပြီး မင်္ဂလာပွဲကို ကျင်းပကြတာ ဖြစ်ပါတယ်။ ပွဲကျင်းပကြတဲ့ မင်္ဂလာစုံတွဲမောင်နှံတွေကို မိတ်ဆွေ၊သူငယ်ချင်း၊ မိဘဆွေမျိုးတွေက ဂုဏ်ပြုတဲ့အ နေနဲ့ လက်ဖွဲ့ငွေတွေ၊ အိမ်ထောင်ပစ္စည်းတွေ ပေးကမ်းတဲ့ ဓလေ့လည်း ရှိပါတယ်။
မင်္ဂလာပွဲဆင်နွဲကြမယ့် ချစ်သူစုံတွဲတွေအတွက် လက်ဖွဲ့ငွေနဲ့ ပတ်သတ်ပြီး ဂျပန်လူမျိုးတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့လေး တစ်ခုကို Yangon Style ပရိသတ်ကြီးကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ ဒါကတော့ ဂျပန်လို Shugi Bukuro လို့ခေါ်တဲ့ မင်္ဂလာလက်ဆောင်မွန် စာအိတ်လေးတွေပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ မင်္ဂလာပွဲဆင်နွဲကြတဲ့ မောင်မယ်တွေကို မင်္ဂလာလက်ဖွဲ့အနေနဲ့ ငွေကြေးကို ချီးမြှင့်ကြပါ တယ်။ အဲ့ဒီလို ချီးမြှင့်တဲ့အခါမှာ Shugi Bukuro လို့ခေါ်တဲ့ စာအိတ်လေးတွေကို ပြင်ဆင်ပြီး ထိုစာအိတ်လေး တွေထဲကို ငွေကြေးများထည့်ပြီး ပေးတတ်ကြတာဖြစ်ပါတယ်။ ချစ်စဖွယ် Shugi Bukuro စာအိတ်လေးတွေကို နီးစပ်ရာ စတိုးဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ အလွယ်တကူ ဝယ်ယူလို့ရနိုင်သလို မိမိတို့ကိုယ်တိုင်လည်း ဖန် တီးလို့ ရပါတယ်။
ဂျပန်လူမျိုးတို့ရဲ့ ရိုးရာ Shugi Bukuro ဟာ ချစ်စဖွယ်ကောင်းသလို တိကျပြီးစနစ်ကျတဲ့ ပုံစံလည်းရှိပါ တယ်။ စာအိတ်ထဲကို ငွေထည့်တဲ့အခါမှာ ကိုယ်ထည့်ချင်တဲ့ပမာဏကို ထည့်သွင်းရတာမျိုးမဟုတ်ပဲ မင်္ဂလာ မောင်မယ်နဲ့ ပွဲတက်ပြီးလက်ဖွဲ့ပေးသူတို့ရဲ့ ပတ်သတ်တော်စပ်ပုံ၊ ခင်မင်မှုအတိုင်းအတာကိုလိုက်ပြီး ငွေပမာဏကို ခွဲခြားသတ်မှတ်ထားပါတယ်။
ပတ်သတ်တော်စပ်ပုံအရ သတ်မှတ်ထားတဲ့ ငွေပမာဏကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
-အရင်းနှီးဆုံးသူငယ်ချင်းတွေဆိုလျင် ယန်းငွေ ၃၀,၀၀၀ ကနေ ယန်း ၅၀,၀၀၀ ၊
-အလုပ်နဲ့ပတ်သတ်တဲ့ အထက်လူကြီး(သို့) သူဌေးဆိုလျင် ယန်းငွေ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ကြား၊
– လက်အောက်ဝန်ထမ်းဆိုလျင် ယန်းငွေ ၂၀,၀၀၀ ကနေ ယန်း ၃၀,၀၀၀၊
-လုပ်ငန်းခွင်ကနေ စုပေါင်းပြီး လက်ဖွဲ့ကြမယ်ဆိုလျင် ယန်းငွေ ၃၀,၀၀၀နှင့်အထက်
-ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့အခါ ဖောက်သည်တွေဆိုလျင် ယန်းငွေ ၃၀,၀၀၀နှင့်အထက်၊
-နှစ်ဖက် ဆွေမျိုးတွေဆိုလျင် ယန်းငွေ ၃၀,၀၀၀ ကနေ ၁၀၀,၀၀၀ကြား၊
-မိသားစုဝင်များဆိုလျင် ယန်းငွေ ၂၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ဆိုပြီး စနစ်တကျ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေဟာ Shugi Bukuro ကို လက်ဖွဲ့တဲ့အခါမှာ ငွေပမာဏကို စုံဂဏန်းကို များသောအား ဖြင့် ရှောင်ကျဉ်ကြပြီး မဂဏန်းကိုပဲ လက်ဖွဲ့တတ်ကြပါတယ်။ ဒီအယူအဆကတော့ မင်္ဂလာဆောင်ခြင်းဟာ ချစ်သူစုံတွဲတွေ ပေါင်းစည်းခြင်း ဖြစ်ပြီး နှစ်ဦးကနေ တစ်ဦးထဲဖြစ်သွားခြင်းဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒါ့ ကြောင့် နှစ်ခုဖြစ်တဲ့ စုံဂဏန်းငွေပမာဏကို ရှောင်ကျဉ်ကြပြီး မဂဏန်းငွေပမာဏကိုပဲ အသုံးပြုကြတာဖြစ်ပါ တယ်။
အထူးသဖြင့် ဂျပန်လူမျိုးတွေဟာ ၄ဂဏန်းကို လုံးဝရှောင်ကျဉ်လေ့ရှိပါတယ်။ ၄ဂဏန်းဟာ သေဆုံး ခြင်းကို ရည်ညွန်းတယ်လို့ ဂျပန်လူမျိုးတွေက ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၉ ဂဏန်းက ဆင်းရဲဒုက္ခ ကိုဖြစ်စေတယ်လို့ အယူရှိတဲ့အတွက် နံပတ်၉ကိုလည်း ရှောင်ကျဉ်တတ်ကြပါတယ်။ ဂျပန်လူမျိုးတွေ နှစ်သက် သဘောကျတဲ့ ဂဏန်းတွေကတော့ ၂ နဲ့ ၈ ပဲ ဖြစ်ပါတယ်။ ၂ ဂဏန်းနဲ့ ၈ ဂဏန်းဟာ ကံကောင်းစေတဲ့ ဂဏန်းနံပါတ်တွေ ဖြစ်တယ်လို့ ဂျပန်လူမျိုးတွေက ယုံကြည်လက်ခံထားကြပါတယ်။
By : Myo Wai Thu
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ