bnr_tob_1

2020.01.27SOCIAL

စာပေချစ်မြတ်နိုးသူများအတွက် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်

စာအုပ်စာပေ ချစ်မြတ်နိုးသူများ၊ စာပေလေ့လာလိုက်စားနေသူများ၊ စာတမ်းပြုစုနေသူ ကျောင်းသားကျောင်းသူများနှင့် သုတေသနပြုသူ စာပေသုတေသီများအတွက် စာအုပ်စာပေ တစ်သိန်းကျော်စုဝေးရာ နေရာတစ်ခုမှာ ရန်ကုန်မြို့လယ်ရှိ စာပေဗိမာန် စာကြည့်တိုက်ပဲဖြစ်ပါတယ်။

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်းနှင့် ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ထားရှိပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ပြုလုပ်သော ၁၉၄၇ခုနှစ်၊ ဆိုရန်တိုဗီလာ စီမံကိန်းဟုခေါ်သည့် စီမံကိန်းရေးဆွဲရေး အစည်းအဝေးပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းသူပြည်သားများအတွက် အသုံးကျမည့် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီးတစ်ခု တည်ထောင်သင့်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း ပေါ်ပေါက်ခဲ့ပါတယ်။

၁၉၄၈၊ မေလတွင် စာပေဗိမာန်ဟု အမည်တွင်ခဲ့ပါတယ်။ စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိမာန်၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ ၁၉၅၆ ခု၊ မတ်လ ၁၃ ရက်တွင် စာပေဗိမာန်စာကြည့်တိုက်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၁ ခု၊ အောက်တိုဘာ ၁ ရက်တွင် ကလေးစာကြည့်တိုက်နှင့် အီလက်ထရွန်းနစ် စာကြည့်တိုက် (e-library) ကို အခမ်းအနားဖြင့် ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါစာကြည့်တိုက်တွင် သုတ၊ ရသ မြန်မာစာအုပ်ပေါင်း (၆၂၆၈၉)အုပ်နှင့် အင်္ဂလိပ်စာအုပ်ပေါင်း (၂၃၁၂၈)အုပ် ထားရှိပြီး e-book စာအုပ်ပေါင်း (၂၃၈၅၁) ကိုလည်း e-book အဖြစ် ဖတ်ရှု့နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာ၊ သမိုင်း၊ ပထဝီ၊ အတ္ထုပ္ပတ္တိ စွယ်စုံကျမ်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်များ၊ နိုင်ငံတော်ပြန်တမ်းများ စသည်တို့အပြင် မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် (၃၉၅၄၅)ကိုလည်း ထားရှိပါတယ်။

ထို့အပြင် နေ့စဉ်ထုတ်သတင်းစာများဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်းနှင့် The Glabal New Light Of Myanmar သတင်းစာများကိုလည်း တစ်လစာ တစ်အုပ်စီချုပ်ပြီး ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ စုဆောင်းထားရှိပါတယ်။

စာကြည့်တိုက်ရှိ စာအုပ်စာတမ်းများ၊ ဒေတာအချက်အလက်များကို e-catalogue စနစ်ဖြင့် ရှာဖွေနိုင်ရန် စီစဉ်ထားသဖြင့် မိမိသိလိုသော စာအုပ်စာတမ်းများ၊ ဒေတာအချက်အလက်များကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။Wi-Fi စနစ် အင်တာနက်ဖြင့် သတင်းအချက်အလက်များကို အခမဲ့ကြည့်ရှု့နိုင်ခြင်း၊ မိမိမိုဘိုင်းဖုန်းဖြင့် e-book တစ်သောင်းကျော်ကို Wi-Fi စနစ်ဖြင့် စာကြည့်တိုက်အတွင်း download ပြုလုပ်၍ ကြည့်ရှု့နိုင်ခြင်း စသည့်ဝန်ဆောင်မှုများကိုလည်း ပေးထားပါတယ်။

နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုလည်း အခမဲ့ဖတ်ရှု့နိုင်ပါတယ်။ စာကြည့်တိုက်ရှိ စာအုပ်များကို ဖတ်ရှု့လိုပါက မှတ်ပုံတင် (သို့မဟုတ်) သက်သေခံကတ်ပြား တစ်ခုခုပေး၍ ဖတ်ရှု့နိုင်ပါတယ်။ အသင်းဝင်အဖြစ် ပြုလုပ်လိုပါက အသင်းဝင်ကတ်ပြုလုပ်၍ စာအုပ်များကို ငှားရမ်း၍ ဖတ်ရှု့နိုင်ပါတယ်။

စာပေဗိမာန် စာကြည့်တိုက်ကို တနင်္လာမှ သောကြာထိ မနက် ၉နာရီ ၃၀ မှ ညနေ ၄ နာရီအထိ၊ စနေနေ့တွင် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားပြီး စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ လာရောက်လေ့လာ၍ ဖတ်ရှု့နိုင်ကြောင်း သိရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img