2019.06.12TECH
Samsung Galaxy Note 10 Proရဲ့ Key Specs များကို သိရပြီ

Samsung က အရင်တုန်းကတော့ Note Series များကိုတစ်နှစ်မှာ မော်ဒယ်တစ်ခုသာ ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ဒီနှစ်မှာ မော်ဒယ်လေးမျိုးလောက် ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Galaxy S Series များလို မော်ဒယ်များစွာထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ခဲ့တာပါ။ ဒါပေမဲ့ နောက် ပိုင်းသတင်းများအရ Galaxy Note မော်ဒယ်နှစ်ခုသာ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။
Note 10 နဲ့ Note 10 Pro လို့ အမည်ပေးထားမှာဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ Key Specs များကို သိလာရပါပြီ။ Galaxy Note 10 Pro မှာ 6.8 လက်မ Dynamic AMOLED Display ထည့်သွင်းထားမှာပါ။ 4170mAh Battery ပါမယ်လို့ပြောပါတယ်။ 1TB Storage အထိ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ အခြေခံမော်ဒယ်မှာ 256GB Storage ထည့်သွင်းထားမှာပါ။ အရင်သတင်းထွက်ခဲ့သလို 45W Charging မပါဘဲ 25W Charging သာ ပါလာမှာပါ။
Galaxy Note 10 Pro မှာ Snapdragon 855 Chipset or Exynos 9825 Chipset ပါမယ်လို့ သိရပါတယ်။ နိုင်ငံအလိုက် Chipset ကွဲပြားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာသုံးလုံးကို ဒေါင်လိုက်တပ်ဆင်ထားမှာဖြစ် ပါတယ်။ အရှေ့ဘက်မှာ Punch Hole Camera ထည့်သွင်းထားမှာပါ။
Galaxy Note 10 မှာ 6.4 လက်မ Dynamic AMOLED Screen ပါလာမှာပါ။ 128GB Storage , 4170mAh Battery များ ပါမယ်လို့သိရပါတယ်။ သြဂုတ်လ 10 ရက်နေ့မှာ ကြေညာနိုင်ပါတယ်။
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ