fb_icon

bnr_tob_1

2019.06.10TECH

နောက်လမှာရောင်းမယ့် Samsung Galaxy Fold

ကုမ္ပဏီရဲ့အရာရှိတစ်ဦးက နောက်လမှာ Samsung Galaxy Fold ကိုရောင်းမယ်လို့ ပြောလိုက်ပါတယ်။ ရက်အတိအကျကိုတော့ မကြာခင်မှာ တရားဝင်ကြေညာနိုင်ပါတယ်။ နိုင်ငံအလိုက် ရောင်းချမယ့်အချိန် ကွာခြားမယ်လို့ ထင်ရပါတယ်။

Samsung က Galaxy Fold များကို မီဒီယာများ စမ်းသပ်အသုံးပြုကြည့်ဖို့ ဧပြီလက ပေးထားခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ဖုန်းရဲ့စကရင်ဟာ ပျက်ဆီးမှုများရှိနေတယ်လို့ အွန်လိုင်းမှာ သတင်းများ တက်လာခဲ့ပါတယ်။ CNBC ကိုပေးထားတဲ့ တစ်လုံးကလည်း 2 ရက်အတွင်းမှာပဲ စကရင်ဟာ ပျက်ဆီးသွားတယ်လို့ ရေးသားထားပါတယ်။

The Verge ရဲ့ Dieter Bohn ကလည်း စကရင် 2 ခုရဲ့အဆက်မှာ ကွဲအက်ရာများပေါ်လာတယ်လို့ ပြောပါတယ်။ အက်ကြောင်းကို အားနဲ့ဖိလိုက်ရင် စကရင်ကွဲအက်သွားတယ်လို့ သူက ရေးသားထားပါတယ်။ Bloomberg ရဲ့ Mark Gurman ကလည်း အလားတူပြဿနာဖြစ်နေတယ်လို့ ပြောပါတယ်။ စကရင်ကို ကာကွယ်ထားတဲ့ အလွှာတစ်ထပ်ကိုဖယ်လိုက်လို့ ဒီလိုပြဿနာတက်သွားတာလည်း ဖြစ်နိုင်ပါတယ်။

YouTube မှ နာမည်ကျော် Reviewer တစ်ဦးဖြစ်သူ Marques Brownlee ကလည်း အလားတူပြဿနာဖြစ်နေတယ်လို့ ပြောပါတယ်။ Samsugn က စကရင်ကို ကာကွယ်ထားတဲ့အလွှာကို မဖယ်ရှားဖို့ သတိပေးခဲ့ပေမယ့် Reviewer များက အဲဒီအလွှာဟာ မတော်တဆ ကွာကျသွားနိုင်တယ်လို့ ပြောပါတယ်။ ဒီပြဿနာများကြောင့် Samsung က ရောင်းချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ။ အခုတော့ Samsung က ဒီပြဿနာများကို ဖြေရှင်းနိုင်ပြီလို့ ထင်ပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img