fb_icon

bnr_tob_1

2019.08.14TECH

Samsung Galaxy A7 VS Samsung Galaxy A9

မနှစ်က 2018 မှာတော့ ဖုန်းတွေအပြိုင်အဆိုင်ကောင်းပေ့ဆိုတဲ့ နည်းပညာတွေကို ဖုန်းကုမ္ပဏီတွေ အပြိုင်ထုတ်တဲ့နှစ်လို့တောင် ပြောလို့ရပါတယ်။ 2019 မှာလည်း နည်းပညာပိုမြင့်မားလာတာတွေ့ရပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာတာကို တွေ့မြင်နေပါတယ်။ အခုဆိုရင် ဖုန်းတွေနဲ့တင် ဓာတ်ပုံကောင်းကောင်း ရိုက်လို့ရလာပါပြီ။ ပထမက Single ကင်မရာ၊ နောက် Dual ကင်မရာ၊ ကဲ အခုဆို Triple ကင်မရာနဲ့ Quad ကင်မရာဆိုပြီး ဖုန်းတော်တော်များများမှာ တွေ့နေရပါပြီ။ ကင်မရာရဲ့ Lens တစ်ခုချင်းဆီကို သေချာကောင်းမွန်အောင် ပြုလုပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။ ကဲ ဒီတစ်ပတ်မှာတော့ Samsung ကုမ္ပဏီမှ ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်ထားတဲ့ ကင်မရာသုံးလုံးပါ၀င်ပြီး ဆန်းသစ်လှပသော ဒီဇိုင်းရှိတဲ့ Samsung Galaxy A7 နဲ့ ကမ္ဘာ့ပထမဆုံး ကင်မရာလေးလုံးပါ၀င်တဲ့ Samsung Galaxy A9 တို့ကို လေ့လာကြည့်ရအောင်။

(1). Design

Samsung Galaxy A7

Samsung Galaxy A7 ဟာ 159.8 x 76.8 x 7.5 mm အရွယ်အစားရှိကာ 168g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ကတော့ Black, Blue, Gold, Pink ဆိုပြီး ရရှိနိုင်ပါတယ်။ Fingerprint Sensor ကိုတော့ ဖုန်းရဲ့ Volume Key အောက်ဘေးဘောင်မှာ ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy A9

Samsung Galaxy A9 မှာတော့ 162.5 x 77 x 7.8 mm အရွယ်အစားရှိကာ 183g အလေးချိန် ရှိပါတယ်။ အရောင်အနေနဲ့ Caviar Black, Lemonade Blue, Bubblegum Pink ရရှိနိုင်ပြီး Fingerprint Sensor ကိုတော့ ဖုန်းရဲ့နောက်ကျောဘက်မှာ ထည့်သွင်းပေးထားပါတယ်။

(2). Processor

Samsung Galaxy A7

Samsung Galaxy A7 မှာ Processor ပိုင်းအနေနဲ့ Exynos 7885 Octa (14nm) ကို သုံးထားပြီး 2.2GHz မြန်နှုန်းရှိ Cortex-A73 Core 2 ခု ၊ 1.6GHz မြန်နှုန်းရှိ Cortex-A53 Core 6 ခုပါ၀င်ပြီး ဂရပ်ဖစ်ကတော့ Mali-G71 ဖြစ်ပါတယ်။

Samsung Galaxy A9

Galaxy A9 မှာ Processor ပိုင်းအနေနဲ့ Qualcomm SDM660 Snapdragon 660 (14 nm) ကို သုံးထားပြီး 2.2GHz မြန်နှုန်းရှိ Kryo 260 Core 4 ခု ၊ 1.8GHz မြန်နှုန်းရှိ Kryo 260 Core 4 ခုပါ၀င်ပြီး ဂရပ်ဖစ်ကတော့ Adreno 512 ဖြစ်ပါတယ်။

(3). Display

Samsung Galaxy A7

Galaxy A7 မှာ 6.0 လက်မ Display ဟာ 1080 x 2220 pixels resolution ရှိပြီး 18.5:9 ratio ရှိတဲ့ Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ Screen-to-body အချိုးဟာ 74.4% ရှိပါတယ်။ Pixel Density 411 ppi ရှိပါတယ်။

Samsung Galaxy A9

Galaxy A9 မှာတော့ 6.3 လက်မ Display ဟာ 1080 x 2220 pixels resolution ရှိပြီး 18.5:9 ratio ရှိတဲ့ Super AMOLED Touchscreen အမျိုးအစား သုံးထားပါတယ်။ Screen-to-body အချိုးဟာ 80.5% ရှိပါတယ်။ Pixel Density 392 ppi ရှိပါတယ်။

(4). Verdict

Samsung Galaxy A7

စွမ်းဆောင်ရည်အတွက် Galaxy A7 မှာ RAM အနေနဲ့ 4/6GB RAM ပါ၀င်ပြီး Storage အနေနဲ့ 128GB Version, 64GB/4GB RAM ဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အဓိကကင်မရာဟာ Triple 24MP + 8MP + 5MP ဖြစ်ပြီး Selfie အတွက် 24MP ပါ၀င်ပါတယ်။ Android Version 8.0 နဲ့ Li-Po 3300 mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။

Samsung Galaxy A9

Galaxy A9 မှာ စွမ်းဆောင်ရည်အတွက် RAM အနေနဲ့ 4/6GB RAM ပါ၀င်ပြီး Storage အနေနဲ့ 128GB Version တစ်မျိုးပဲ ရှိပါတယ်။ အဓိကကင်မရာဟာ Quad 24MP + 8MP + 10MP + 5MP ဖြစ်ပြီး Selfie အတွက် 24MP ပါ၀င်ပါတယ်။ Android Version 8.0 နဲ့ Li-Po 3300 mAh ဘက်ထရီကို တပ်ဆင်ထားပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img