bnr_tob_1

2020.04.07ENTERTAINMENT

Sai Sai နဲ့ UAB Bank တို့လက်တွဲပြီး အသစ် မိတ်ဆက်လိုက်တဲ့ Sai Sai Pay App

(photo by: https://www.facebook.com/saisaipayapp/)

ပြည်သူ့အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ကတော့ Covid-19 ကာလအတွင်းမှာပဲ ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်လိုက်ပြန်ပါပြီ။ ဒါကတော့ စိုင်းစိုင်းရဲ့ Payment Platform တစ်ခုဖြစ်တဲ့ Sai Sai Pay ကို UAB bank နဲ့ ပူးပေါင်းပြီး လုပ်လိုက်တာပဲဖြစ်ပါတယ်။ April 4 ရက်နေ့က Launch လုပ်လိုက်ပြီး ခုဆိုရင်တော့ App ကို download လုပ်တဲ့ အရေအတွက်ဟာလဲ တော်တော်လေးမြင့်တက်နေတာဖြစ်ပါတယ်။ ဒါတင်မကပါဘူး စိုင်းစိုင်းက သူ့ရဲ့ Birthday Show in Bed Room အစီအစဉ်ကိုလဲ စိုင်းစိုင်း App ထဲကနေ Free ကြည့်နိုင်အောင် လုပ်ပေးမှာလဲဖြစ်လို့ အခုဆိုရင်တော့ ပရိသတ်တွေ အထူးစိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ Payment App ကို အသုံးပြုလွယ်ကူပြီး နေရာတော်တော်များများမှာ လွယ်လွယ်ကူကူအသုံးပြုနိုင်အောင်လို့ ရည်ရွယ်ထားပါတယ်။ အသေးစိတ်ကိုတော့ စိုင်းစိုင်းရဲ့ Facebook Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

By: KST

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img