fb_icon

bnr_tob_1

2019.10.23FOOD

Pizza လား Burger လား မာလာရှမ်းကောလား🍕🍔🍝

အစားဘုရင်တွေလည်းဟုတ်တယ် ဆိုင်သန့်သန့်လေး‌မှာလည်း စားချင်ပါတယ်ဆိုသူများ ဒီတစ်ပတ်တော့ ကျောက်တံတားမြို့နယ်ထဲမှာရှိတဲ့ Royal 9 ဆိုတဲ့ ဆိုင်လေးနဲ့ မိတ်ဆက်လိုက်ပါတယ်ဗျ

ဆိုင်လေးက အ၀င်ကတည်းက နွေးထွေးမှုရနေတာဗျ ပုသိမ်ထီးလေးတွေနဲ့ မသိရင် ပုသိမ်ရောက်နေသလိုပါပဲ ဓာတ်ဖမ်းဖို့တော့ သူငယ်ချင်းတစ်ယောက်တော့ ခေါ်သွားသင့်‌တယ်နော်

ဆိုင်လေးက ဘယ်လိုလဲ စိတ်၀င်စားပြီဆိုရင်တော့ အစားအစာလေးတွေအကြောင်းလာမယ်ဗျ
အစားအစာတွေလည်း အစုံပဲဗျ ပြီးတော့ လာပဲစားမလား
Birthday ပဲ လာလုပ်မလား
WiFiသွားသုံးမလား ကြိုက်တာရွေးလိုက်တော့ Royal 9ကတော့ ကြိုဆိုပြီးသားပါတဲ့

ထူးထူးဆန်းဆန်း Birthday Pizza လား ရတယ်နော်
Burgerဆိုလည်း Cheeseတစ်ထပ် အသားတစ်ထပ် egg တစ်ထပ်နဲ့ ကဲ

မာလာရှမ်း‌ကောလား၊ Pizza ဆိုလည်း Pizza ရဲ့ အသက် Cheeseအမျှင်တန်းတန်းနဲ့ Pizza လည်း ဆိုဒ်စုံရတယ်

Small 3500
Medium 7500
Large 14000 တန်ပြီပေါ့😱

European စာတွေလည်း ကောင်းတယ်ပြောတယ် နောက်တစ်ခါမှ မြည်းကြည့်ဦးမယ်😉

လာရင် မပြန်ချင်သွားအောင် အစားအသောက်တွေနဲ့ နေရာကောင်းလေးနဲ့ ဆွဲဆောင်သွားမှာမျိုး

ဈေးနှုန်းအတွက် စိတ်မပူပါနဲ့ ၅၀၀၀ ၀န်းကျင်နဲ့ အားလုံးစားမယ် အအေးပဲ သောက်မလား

မိတ်ဆွေ‌၊ သူငယ်ချင်းတွေ ချစ်သူလက်ကို ဆွဲပြီး အပြေးသာ သွားလိုက်ဝောာ့

ဒါနဲ့ ဆိုင်လေးက ဆူးလေကနေ ပြောင်းရွေ့တော့မှာတဲ့ အောက်မှာ ဆိုင်ပြောင်းမယ့်လိပ်စာလေးလည်း ထည့်ပေးထားတယ်နော်


https://www.facebook.com/Royal-9-Cafe-Food-House-370511296778236/

ဆိုင်လိပ်စာလေးကတော့

“ Royal 9 Cafe & Food House”

10:00Am 9:30Pm

09 44155 6601

NO.285, Mahabandula Park Street (Upper Block), Kyauktada Township, Yangon, Myanmar.

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img