2021.01.07ENTERTAINMENT
Rose Island

Photo – credit to original uploader
အီတလီလူမျိုး အင်ဂျင်နီယာ Giorgio Rosa ဟာ စက်မှုကျောင်းသားတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာရေပိုင်နက်မှာ ကိုယ်ပိုင်လွတ်လပ်တဲ့နိုင်ငံတစ်ခုတည်လို့ အီတလီအစိုးရနဲ့ UN အထိတောင် ဖြေရှင်းလိုက်ရတဲ့ တကယ့်အဖြစ်အပျက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၂၀၂၀ ဒီဇင်ဘာ လဆန်းမှ ထွက်ထားတာဖြစ်ပြီး ကြည့်ရှုသူများပြားနေတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Drama/ Comedy ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၂နာရီ ကြာမြင့်ပါတယ်။
ဇာတ်လမ်းရဲ့အစက အင်ဂျင်နီယာ Giorgio Rosa ဟာ ကျောင်းသားဘဝကတည်းက ကိုယ်ပိုင်တီထွင်ထားတဲ့ကားနဲ့ မောင်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ကောင်မလေးတစ်ယောက်နဲ့ ဒိတ်ရင်း လိုင်စင် နံပါတ်ပြားမပါတဲ့ကားစီးလို့ ရဲဖမ်း အချုပ်ကျခံလိုက်ရပါတယ်။ အချူပ်တစ်ရက်ကျပြီး သူ့တီထွင်မှုတွေ အဆုံးမသတ်ပဲတိုးလို့သာလာခဲ့ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံတစ်ခု ထူထောင်ဖို့ သူ့စိတ်ထဲ ဝင်လာပါတော့တယ်။
ကျောင်းနေဘက်သူငယ်ချင်း ရေနံသူဌေးရဲ့သား အင်ဂျင်နီယာ တစ်ယောက်နဲ့ လွတ်လပ်နဲ့ကိုယ်ပိုင်နိုင်ငံတစ်ခုကို တည်ဆောက်ဖို့ တိုင်ပင်ကြပါတယ်။ သူတို့နှစ်ယောက်ပေါင်းမိသွားပြီး နိုင်ငံတကာရေပိုင်နက်ထဲမှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုကို တည်ဆောက်ကြပါတယ်။ အီတလီကနေ ရေမိုင် ၆မိုင်မျှသာ ကွာဝေးတာဖြစ်ပြီး ဆောက်ရင်း စားသောက်ဆိုင်များ club နဲ့ အပန်းဖြေနေရာလုပ်ပြီး ပြည်သူတွေကို ဖိတ်ခေါ်လိုက်တဲ့အချိန်မှာ လူအများအပြားလာရောက်လည်ပတ်ကြလို့ တဟုန်ဒိုး နာမည်ကြီးသွားခဲ့ပါတယ်။ ၁၉၆၈ မှာ အမည်ကို Republic of Rose Island လို့ ပေးခဲ့တယ်။ ကိုယ်ပိုင်အလံ၊ ကိုယ်ပိုင်တံဆိပ်ခေါင်း၊ ကိုယ်ပိုင်ငွေကြေးနဲ့ ဖြစ်သွားခဲ့တယ်။ အင်ဂျင်နီယာ Giorgio Rosa ကတော့ သမ္မတပေါ့။
Giorgio Rosa က ကမ္ဘာ့ကုလသမ္မဂ ကို စာရေးပြီး Rose Island ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ပေးဖို့ စာရေးပြီး တောင်းဆိုခဲ့တယ်။ အီတလီအစိုးရကလည်း လက်မခံဘဲ နောက်ဆုံး Rose Island ကို အီတလီစစ်တပ်က ဖျက်ဆီးလိုက်ကြတယ်။ ဒီဇာတ်လမ်းက တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးတားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အင်ဂျင်နီယာဆိုတာဘာလဲဆိုတာပြသလိုက်တဲ့ ဇာတ်ကားလေးတစ်ကားလို့မြင်မိတယ်။ ဒီအဖြစ်အပျက်ပြီးတဲ့အချိန်မှာ နိုင်ငံတကာရေပိုင်နက်ကို ရေမိုင် ၆ မိုင်ရှိရာကနေ ရေမိုင် ၁၂မိုင်အထိ တိုးချဲ့လိုက်ရတဲ့ တကယ့်အဖြစ်အပျက်ဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
By : Nay
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ