fb_icon

bnr_tob_1

2019.08.14ENTERTAINMENT

☔မိုးရာသီမှာ ကြည့်သင့်တဲ့ Romance ဇာတ်ကားကောင်းများ🎬

(Photo − google)

မိုးအေးအေးလေးနဲ့ပိတ်ရက်တွေမှာ အချစ်ဇာတ်ကားကာင်းလေးတွေ ကြည့်ပြီး ကြည်နူးဖွယ်ရာအချိန်လေးများ ဖြတ်သန်းနိုင်စေဖို့ romance ကားကောင်းလေးများကို ညွှန်းပေးလိုက်ပါရစေ။

1.Five Feet Apart

(photo -Five Feet Apart Poster)

 ဇာတ်လမ်းလေးကတော့ အဆုတ်ရောဂါသည် ကောင်မလေးတစ်ယောက်ဟာ သူ့ရောဂါအကြောင်း Youtube မှာ Vblog တွေ လုပ်ရင်း မနက်ဖြန်အတွက် အသက်ရှင်ဖို့ ကြိုးစားနေရင်း တစ်နေ့မှာ သူ့လိုရောဂါနဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၆ ပေအကွာမှာ နေမှသာ ဘတ်တီးရီးယားပိုး အကူးစက်မခံရမှာ ဖြစ်ပါတယ်။ သင်ဆိုလျှင်ရော အဲလိုနေရမယ်ဆို သင့်ချစ်သူကိုဆက်ချစ်နိုင်အုံးမလား? romance ဇာတ်ကားကောင်းကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

2.Love Rosie

(photo – Love Rosie Poster)

ငယ်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ရက်နဲ့ဖွင့်မပြောဖြစ်ခဲ့ကြဘဲ မမျှော်လင့်တဲ့အကြောင်းတရားကြောင့် ဝေးကွာခဲ့ရတဲ့အချိန်မှာတော့…
ချစ်သူတိုင်း ချစ်တယ် ဆိုတဲ့စကားလေးကို ပြောဖို့ဝန်မလေးကြပါနဲ့။ Me Before You ဇာတ်ကားထဲကမင်းသား Sam Claflin နဲ့ မင်းသမီးချော Lily Collins ကပါဝင်သရုပ်ဆောင်ထားပြီး romance ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။

3.Forever My Girl

(photo – Forever My Girl Poster)

ဇာတ်လမ်းအစမှာ Country အဆိုတော်တစ်ယောက်ဖြစ်တဲ့ လီယမ်ဟာ ဖုန်းစုတ်လေးတစ်လုံးကိုပဲ ၈ နှစ် ကြာအောင်ကိုင်ရင်း မနက်နိုးတိုင်း အိပ်ခါနီးတိုင်း သူ့ကောင်မလေးရဲ့နောက်ဆုံးပို့ထားတဲ့ Voice Message လေးကို နားထောင်ရင်း သူ့ရဲ့နေ့ရက်တိုင်းကို ဖြတ်သန်းနေခဲ့တဲ့သူပါ။အချစ်ဆိုတာ သူနဲ့ပတ်သက်သမျှ အားလုံးကို မြတ်နိုးတန်ဖိုးထားကြတာပါပဲ။ ပထမတော့ ဇာတ်လမ်းက အေးတယ်ထင်ရပေမဲ့ အရမ်းရိုတဲ့ကားလေးမို့ ညွှန်းပါရစေ။

4.Pride and Prejudice

(photo – Pride & Prejudice Poster)

၁၈၁၃ ခုနှစ်က Jane Austen ရေးသားထားတဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ၂၀၁၀ မှာ ဒါရိုက်တာ Joe Wright ရိုက်ကူးထားပါတယ်။ဇာတ်လမ်းလေးကတော့ ၁၈ ရာစု အင်္ဂလန်ခေတ်ကို အခြေခံထားတာပါ။ လူလတ်တန်းစား Bennet မိသားစုမှာ သမီးချည်းပဲ ၅ ယောက်ရှိပြီး သူတို့ရဲ့ရည်မှန်းချက်က သမီးတွေကို လူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုစေဖို့ပါပဲ။ တစ်နေ့မှာ သူတို့မြို့လေးကို အထက်တန်းစား အမျိုးကောင်းသား နှစ်ယောက်ရောက်လာပြီး မတူညီတဲ့အသိုင်းအဝိုင်းနဲ့ အချစ်ကို ဘယ်လိုပုံဖော်ထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ တွေ့မြင်ရမှာပါ။

By : Myat Noe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img