bnr_tob_1

2020.07.29SOCIAL

ကိုလိုနီခေတ်ကအမည်တွေတွင်ကျန်ခဲ့တဲ့ရန်ကုန်မြို့ရဲ့လမ်းမကြီးတွေ

ရန်ကုန်မြို့မှာ လမ်းမကြီးတွေ၊ လမ်းသွယ်တွေကို လမ်းအမည်တွေ၊ လမ်းနံပါတ်တွေနဲ့ သတ်မှတ်ထားတာ​ကို​တွေ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်​ပေါင်း ၁၆၀​ကျော် ကိုလိုနီခေတ် ၊၁၈၅၃ ခုနှစ်မှာ ရန်ကုန်မြို့ကို မြို့ သစ်တည်ရာမှာ မြို့သစ်ပုံစံကိုဒေါက်တာဝီလျံမောင့်ဂိုမာရီ က ပုံစံရေးဆွဲခဲ့ပြီး ဗိုလ်ဖရေဇာက အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ကို အကွက်ဖော်ပြီး လမ်းမကြီးတွေ၊ လမ်းသွယ်တွေကိုလည်း အဲဒီခေတ်က အထင်ကရဖြစ်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမည်တွေကို မှည့်ခေါ်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ကိုလိုနီလက်ထက် လမ်းအမည်တွေကို ပြန်လည်ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။

လမ်းအမည်တွေကို ပြောင်းလဲခဲ့ပေမယ့် ယနေ့တိုင်အမည်တွင်နေဆဲ လမ်းအမည်တွေလည်းရှိနေပါတယ်။ လမ်းအမည်တွေများစွာထဲက ရန်ကုန်မြို့တွင်း လူသိများတဲ့ လမ်းတွေကတော့..

ဗိုလ်ချုပ်အောင်ဆန်းလမ်း-မောင့်ဂိုမာရီလမ်း
ရန်ကုန်မြို့ကွက်ရိုက်ရာမှာ ဦးဆောင်ခဲ့သူ ဆေးတပ်မှ ဒေါက်တာဝီလျံမောင့်ဂိုမာရီ ရဲ့ အမည်ပဲဖြစ်ပါတယ်။

အနော်ရထာလမ်း-ဖရေဇာလမ်း
ရန်ကုန်မြို့ကွက်ကိုဖော်ဆောင်ခဲ့သူ ဘင်္ဂလားအင်ဂျင်နီယာတပ်မှ လက်ဖတင်နင်ဖရေဇာ ရဲ့အမည်ပဲဖြစ်ပါတယ်။

မဟာဗန္ဓုလလမ်း-ဒါလ်ဟိုဇီလမ်း
မြန်မာနိုင်ငံကို ကျွန်ဇာတ်သွင်းခဲ့တဲ့ အိန္ဒိယဘုရင်ခံချုပ် ဒါလ်ဟိုဇီ ရဲ့အမည်ပဲဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံလမ်း-ဘားလမ်း
လက်ထောက်မင်းကြီး ဂျီ-အီး-ဘား ရဲ့အမည်ပဲဖြစ်ပါတယ်။

ဆိပ်ကမ်းသာလမ်း-လွစ္စလမ်း
ချန်ပီယန်သင်္ဘောကပ္ပတိန် ဟယ်ရိုလွစ္စ ရဲ့အမည်ပဲဖြစ်ပါတယ်။

ဗိုလ်အောင်ကျော်လမ်း-စပတ်ခ်လမ်း
ရန်ကုန်အရေးပိုင် စပတ်ခ် ရဲ့အမည်ပဲဖြစ်ပါတယ်။

ဝါးတန်းလမ်း-ကီလီလမ်း
အမှုဆောင်အင်ဂျင်နီယာ ဗိုလ်ကြီး အိပ်ချ်-ပီ-ကီလီ ရဲ့အမည်ပဲဖြစ်ပါတယ်။

မြို့မကျောင်းလမ်း-ဂေါ်ဒဝင်လမ်း
ဗိုလ်ချုပ်ကြီး ဆာဟင်နရီသောမတ်စ်ဂေါ်ဒဝင် ရဲ့အမည်ဖြစ်ပါတယ်။

ရာဇဓိရာဇ်လမ်း-လင်းစဒေါင်းလမ်း
အိန္ဒိယဘုရင်ခံချုပ် လင်းစဒေါင်းရဲ့ အမည်ဖြစ်ပါတယ်။

ဆရာစံလမ်း-ဂွတ္တလစ်လမ်း
မြူနီစီပယ်ကော်မတီလူကြီး အက်ဖ်-အက်ဖ်-ဂွတ္တလစ် ရဲ့အမည်ဖြစ်ပါတယ်။

ပန်းဆိုးတန်းလမ်း-ဖဲယားလမ်း
ဗိုလ်မြတ်ထွန်းလမ်း-ကရိလမ်း
ဗညားဒလလမ်း-ဘိုလိန်းလမ်း
ရွှေဘုံသာလမ်း-မဂိုလမ်း
ဗိုလ်ဆွန်ပက်လမ်း-မောင်ထော်လေးလမ်း
ရွှေတိဂုံဘုရားလမ်း-ကန်တော်မင်လမ်း
အလံပြဘုရားလမ်း-ဆစ်ဂနယ်ပဂိုးဒါးလမ်း
ဓမ္မစေတီလမ်း-ဘောင်ဒရီလမ်း
ယောမင်းကြီးလမ်း-ယောက်လမ်း
ကွမ်းခြံလမ်း-ကင်းဂျော့အဲဗင်နယူးလမ်း
အိမ်တော်ရာလမ်း-ချတ်ချ်လမ်း
ရွှေဂုံတိုင်လမ်း-လင့်ခ်လမ်း
ဗိုလ်ချုပ်ပြတိုက်လမ်း-တာဝါလိန်းလမ်း
ပန်းလှိုင်လမ်း-ဟုမ်းလမ်း
သိမ်ဖြူလမ်း-စတောကိတ်လမ်း
ဘဏ်လမ်း-ရှပ်ဖရပ်လမ်း
ရှင်စောပုလမ်း-ဝင်ဆာလမ်း
ဘွဲ့နှင်းသဘင်လမ်း-ကွန်ဗိုကေးရှင်းလမ်း
အဓိပတိလမ်း-ချန်ဆယ်လာလမ်း

လမ်းအမည်တွေဟာ သမိုင်းအထောက်အထားအရသာ တွေ့ရတာရှိသလို ယနေ့ထိတိုင်လည်း ကိုလို​​နီ​ခေတ်ကအမ​​ည်​တွေကို​ခေါ်ဝေါ်သုံးစွဲနေတဲ့လမ်းအမည်တွေ တွင်ကျန်ခဲ့တာကိုလည်း​တွေ့ရပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img