fb_icon

bnr_tob_1

2019.08.01FOOD

မိုးအေးအေးလေးမှာ Ramen ကောင်းကောင်းလေးစားရင်း Chill နိုင်ဖို့ ရန်ကုန်မြို့ မှ ဆိုင်(၅)ဆိုင်

ဆူရှီ၊ ဆာရှိမိ၊ ရာမန်ခေါက်ဆွဲ အစရှိတဲ့ ဂျပန်ရိုးရာအစားအသောက်တွေက တော့ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်စွာ စားသုံးနေတာပဲဖြစ်ပါတယ်။ ဂျပန်ရိုးရာခေါက်ဆွဲ Ramen ကိုမှ ကောင်းကောင်းလေးစားမယ်ဆိုရင် အရသာအလွန်ကောင်းမွန်ပြီး ဈေးနှုန်းလည်းသင့်တင့်လှတဲ့ ဆိုင်ကောင်းကောင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

Ramen Monster
Ramen Monster ကတော့ စားသုံးသူများရဲ့ ထောက်ခံအားပေးမှုများစွာနဲ့ ရပ်တည်နေပါတယ်။ ဈေးနှုန်းကလည်း ၄၀ဝ၀ ဝန်းကျင်ဖြစ်တာမို့ ချိုသာတယ်လို့ပြောလို့ရပါတယ်။ အားသာချက်ကတော့ အချိုမှုန့်လုံးဝမသုံးပါဖူးတဲ့။ ဖက်ထုပ်ကလည်း Ramen Monster မှာ Must Eat လို့တောင်ပြောလို့ရပါတယ်။ ဖက်ထုပ်နဲ့ အအေးကို ၁၂၀ဝ ကျပ်မှ စတင်ပြီး Set လိုက်လေးတွေလည်းရရှိနိုင်ပါတယ်။ အရသာ မှာကတော့ ပြောစရာမလိုတဲ့ Ramen Monster မှာတော့ Spicy Ramen ကတော့ ဇာတ်လိုက်ကျော်ပါ။ တခြားရရှိနိုင်တဲ့ Ramen များကတော့
Tonkotsu Raman
Negi Ramen
Char siew Ramen
Tsuke- Men Ramen
Cold Ramen အစရှိသဖြင့် အရသာရှိလှတဲ့ အမျိုးအစားပေါင်းများစွား ရရှိနိုင်ပါတယ်။ Topping တွေကိုလည်းမိမိ စိတ်ကြိုက် ထပ်ဖြည့်ပြီး စားလို့ရပါသေးတယ်တဲ့။ အချိုပွဲအနေနဲ့ကတော့ Monster Fro-Yo ဆိုတဲ့ Frozen Yogurt ကတော့ ချန်ထားခဲ့လို့မရဖူးပေါ့နော်။
Hledan Center, Junction Mawtin, Myanmar Plaza Food City တို့မှာ Ramen Monster ဆိုင်တွေရှိိနေပါတယ်နော်။

Jan Jan Jan Japanese Restaurant

တီတီ အကြိုက်နောက်တစ်ဆိုင်ကတော့ Jan Jan Jan Japanese Restaurant ပါ။ ပွဲအကြီးကြီးတွေနဲ့မို့ ပုံမှန်ပဲ စားတဲ့သူဆို နှစ်ယောက်အေးဆေးစားလို့ရပါတယ်။ ကိုယ်ကတော့ တစ်ယောက်တည်း ပွဲကြီးတစ်ပွဲပါ။ ပွဲကြီးတစ်ပွဲကို ၈၀ဝ၀ ဝန်းကျင်ရှိပြီး ပွဲသေးကတော့ ၅၀ဝ၀ ဝန်းကျင်ပါ။ August 5 ရက်နေ့အထိလည်း Ramen ပွဲကြီးတစ်ပွဲမှာရုံနဲ့ ပွဲသေးတစ်ပွဲကိုပါ လက်ဆောင်ရရှိမှာဆိုတော့ တန်ပြီးရင်းတန်ပေါ့နော်။ Jan Jan Jan ရဲ့ အဓိက Ramen များဖြစ်တဲ့ Tokyo Shoyu Ramen ၊ Kyushu Tonkoshu Ramen ၊ Supporo Miso Ramen တို့အပြင်
လူကြိုက်များတဲ့ Chilli Ramen
Mala Ramen
Seafood Ramen
Tomato Ramen
Hakodate Shio Ramen
Korea Kimchi Ramen
အစရှိတဲ့ Ramenတွေနဲ့အတူ Spicy Chicken set လို Set လိုက် ဂျပန်ရိုးရာ အစားအသောက်များ ကိုလည်းရရှိနိုင်ပါတယ်။ ဖက်ထုပ်ကလည်း အရမ်းစားလို့ကောင်းပြီး တစ်ပွဲကို ၃၅၀ဝကျသင့်မှာပဲဖြစ်ပါတယ်။ Jan Jan Jan Japanese Restaurant ကတော့ Myanmar Plaza ၃လွှာမှာ တစ်ဆိုင်၊ အနော်ရထာလမ်း လမ်းမတော်မြို့နယ်မှာ တစ်ဆိုင် ဖွင့်ထားပါတယ်ရှင်။

Sushi Tie
နေရာထိုင်ခင်းကျယ်ဝန်းပြီး လတ်ဆတ်တဲ့ ဆူရှိီနဲ့ ဆာရှိမိမှာ နာမည်ကြီးတာကတော့ ဓမ္မစေတီလမ်းမကြီးပေါ်က Sushi Tie ပေါ့နော်။ ဈေးနှုန်းအသင့်အတင့်ကနေပြီးတော့ တန်ဖိုးမြင့် ဂျပန်ရိုးရာအစားအစာတွေအထိရနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ Spicy Miso Ramen ကတော့ လူကြိုက်အများဆုံးဖြစ်ပြီး Ramen တစ်ပွဲကို ၅၅၀ဝ ဝန်းကျင်ကျသင့်မှာမို့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။အစိမ့် အရသာ Tonkotsu Ramen ၊ ချိုစိမ့် အရသာ Shoyu Tonkotsu Ramen တို့ကိုလည်းရရှိနိုင်ပါတယ်နော်။

Yuki Restaurant
၆မိုင်ခွဲ Market Place က Yuki Restaurant ကတော့ Ramen ကြိုက်သူများအတွက် ဆိုင်ကောင်းတစ်ခုပါ။
Spicy Beef Ramen
Seafood Ramen
Kimchi Chicken Ramen ဆိုပြီရပါတယ်။ ဈေးနှုန်းလေးတွေကတော့ Ramen တစ်ပွဲကိုမှ ၆၀ဝ၀ ဝန်းကျင်ပဲရှိပါတယ်။ Tempura ကလည်း Yuki Restaurant ရဲ့နာမည်ကျော်ပါပဲနော်။ ဆာရှိမိ မှာဆိုရင်တော့ တူနာ၊ ဆယ်လ်မွန် အစရှိသဖြင့် စုံနေအောင်ရပါတယ်။ ဆိုင်အပြင်အဆင်လေးကိုတော့ ဂျပန်စတိုင်ပြင်ဆင်ထားတာလေးက ချစ်စဖွယ်ပါ။
Osaka Ohsho Japanese Restaurant

Yangon International Hotel ဝင်းအတွင်းမှာ ရှိတဲ့ Osaka Ohsho ဂျပန်ဖက်ထုပ်ဆိုင်မှာတော့ ဖက်ထုပ်တွေကတော့ အရမ်းကိုစားလို့ကောင်းတာ လူတိုင်းသိကြပါတယ်နော်။ ဒါ့အပြင် မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်စေမယ့် Ramen တွေလည်းရရှိပါတယ်နော်။ လူကြိုက်များဆုံးဖြစ်တဲ့ Ramen တွေကတော့ ပုဇွန် Ramen ချိုချိုလေးဖြစ်တဲ့ Gumoku Ramen၊ အစပ်အရသာရှိတဲ့ Kimchi Ramen၊ နူးညံတဲ့ ဝက်သားနဲ့ Sio Ramen တို့ပဲဖြစ်ပါတယ်။

အခု တီတီ ပြောပြပေးခဲ့တဲ့ ဆိုင်တွေကတော့ Ramen အရသာမှာရှယ် ဈေးနှုန်းကလည်း သင့်တင့်ပါတယ်နော်။ Ramen ကောင်းကောင်းလေး စားမယ်ဆိုစဉ်းစားရမခက်စေဖို့ ဈေးနှုန်းလေးတွေကော နေရာလေးတွေပါပြောပြပေးလိုက်ပါတယ်ရှင်။

#Yangon_Style
#Ramen_Monster #Jan_Jan_Jan_Japanese_Restaurant #Sushi_Tie Yuki_Restaurant #Osaka_Ohsho_Japanese_Restaurant
#TT #Ramen_In_Yangon #Food_Blog

By : Thinn Thiri San

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img