bnr_tob_1

2020.03.10FOOD

မြန်မာအရသာကို အကောင်းဆုံးစားရမဲ့ “ငပိချက်”

မြန်မာပြည်မှာ တိုင်းရင်းသားအစားအစာ များစွာရှိပေမဲ့ မြန်မာအစားအစာဆိုတာ ဘယ်ဆိုင်ကို လက်ညှိုးထိုးပြရမလဲတောင် မသိ ဖြစ်ရပါတယ်။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဖြစ်နိုင်ရင် ဒီလိုဆိုင်မျိုးတွေကို နေရာစုံမှာရှိစေချင်တာပါ။

ဆိုင်နာမည်လေးက “ငပိချက်” တဲ့။

အစကတော့ ဒီလောက် ပြင်ဆင်မှုလို့ ထင်မထားဘူး။ တကယ်ရောက်သွားတော့မှ ကျေနပ်နေခဲ့ရတယ်။ ဆိုင်အ၀င်လေးကတည်းက ဆွဲဆောင်မှုရှိနေတာ။ အထဲ၀င်သည်အထိ ဆိုပါတော့။ ဆိုင်က သန့်ရှင်းသပ်ရပ်သလို စားပွဲတွေဆို ပြောင်နေရောပဲ။

Delivery တွေနဲ့လည်း ပို့ဆောင်ပေးတယ်။ မှာတော့မယ်ဆိုတော့ ဟင်းဖိုးတွေထဲမှာ ထမင်းအ၀စားကို ထပ်ပေါင်းထားတာ။

ဟင်းပွဲဈေးနှုန်းတွေက ထမင်းအ၀စား၊ အရံဟင်းအစုံ၊ ငပိရည်တို့စရာ၊ ဟင်းရည် အချိုပွဲထိ ပါတယ်။

ရောက်ရောက်ချင်းကတော့ Special Menu ကို ကြည့်ဖို့ပဲ အကြံပေးပါတယ်။

အချိုပွဲလည်း ‌တစ်နေ့တစ်မျိုး မတူဘူးတဲ့။ ဒီနေ့ သောက်ခဲ့ရတာဆို ဂျုံကျိုသောက်ခဲ့ရတာ ထမင်းစားပြီး အချိုတည်းတာပေါ့။ ဒီလိုလက်ရာနဲ့ ဈေးနှုန်းအနေနဲ့က တော်တော်တန်ပါတယ်။

ငပိချက် ဟင်းလျာတွေ၊ အချိုဟင်းလျာတွေ အသုပ်တွေ အစုံနီးပါးရတယ်။ အချိုတည်းဖို့ Free နော်။ ရေနွေး ရေအေးကြိုက်တာ ယူပြီး  ရေနွေးကို Jasmine Teaလုပ်ပေးတာ 500 တော့ ပေးခဲ့ရတယ်။

Special Menu ထဲက

ကြက်ဘူးကာလသားချက်

Menu ထဲက ကြည့်ဖြစ်တာဆိုရင်
ပုဇွန်ခြောက်ငပိချက်
ရှောက်သီး ရခိုင်သုပ်တို့နဲ့ စားခဲ့တယ်။

ကြက်ဘူးကာလသားချက်

ဗမာကြက်နဲ့ ချက်ထားတာ။ ဘူးသီးဆို ချိုနေတာပဲ အရိုးတောင် သိပ်မပါဘူး။ အရည်သောက်သောက် အဖတ်စားစား တော်တော် အဆင်ပြေတယ်။ Recommendedထက် တစ်နေ့တာ Special Menu ကို ကြည့်တာ ပိုအဆင်ပြေပါတယ်။ တစ်နေ့တစ်မျိုး အထူးချက်ပြုတ်တာကြောင့် အရသာက ကောင်းတာကြောင့်ပါ။

ပုဇွန်ခြောက်ငပိချက်

ပုဇွန်နဲ့ ခရမ်းချည်သီးနဲ့ အိနေအောင်ချက်ထားပြီး နံနံပင်အုပ်ထားတာ မွှေးနေရောပဲ။ ထမင်းနဲ့ကို နယ်စားခဲ့တာ။

ရှောက်သီး ရခိုင်သုပ်

ရခိုင်သုပ်ဆိုတဲ့အတိုင်း ချဉ်ငံစပ်လေး လုပ်ထားတာ တော်တော်ကောင်းပါတယ်။ အသုပ်ထဲမှာဆို တော်တော်ကောင်းတယ်။

တို့စရာတွေဆို လတ်ဆတ်နေပြီး အစုံပဲ။ အရံဟင်းဆိုလည်း ခရမ်းသီးချက်၊ ပဲသီးချက်၊ ချည်ရည် အရည်သောက် ခံတွင်းကို မြိန်နေတာပဲ။

အချိုပွဲလည်း ‌တစ်နေ့တစ်မျိုး မတူဘူး။ ဒီနေ့ သောက်ခဲ့ရတာဆို ဂျုံကျိုသောက်ခဲ့ရတာ ထမင်းစားပြီး အချိုတည်းတာပေါ့။ ဒီလိုလက်ရာနဲ့ ဈေးနှုန်းအနေနဲ့က တော်တော်တန်ပါတယ်။

Delivery တွေနဲ့လည်း ပို့ဆောင်ပေးတယ်။ ဟင်းဖိုးတွေထဲမှာ ထမင်းအ၀စားကို ထပ်ပေါင်းထားတာ။

အေးအေးဆေးဆေး သောက်သောင့်သက်သာဖြစ်ပြီး ဆိုင်အပြင်အဆင်လေးကလည်း တော်တော်မိုက်ပါတယ်။

Counter နားလေးမှာ

ငပိချက်

No. 572, Strand Road, Ward 3, Lanmadaw

Ph no 09 965069934

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img