2019.10.03TRAVEL
ပင်လယ်နဲ့တောင်တန်းတွေကြားကအရိုင်းဆန်တဲ့မြို့ငယ်လေး ပုလော

နေ့လည်သုံးနာရီလောက်ချောင်းလှချောင်းမှာရိုက်ထားတာ နေပူလို့အပင်တွေပေါ်နေထိုးနေတာ
နာမည်ကြားတာနဲ့မြန်မာနိုင်ငံရဲ့ဘယ်နေရာမှာရှိတယ်ဆိုတာကိုတော်တော်များများမသိကြပါဘူး။ထူးခြားတဲ့ပွဲတော်တွေ ပင်လယ်မြို့လိုလိုတောင်ပေါ်မြို့လိုလိုနဲ့နှစ်ခုလုံးရဲ့အလှကိုတစ်ပြိုင်တည်းခံစားလို့ရတဲ့နေရာတွေ နက်ရှိုင်းတဲ့တောတောင်ရေတံခွန်စိမ့်စမ်းတွေ အရိုင်းဆန်တဲ့ကမ်းခြေတွေနဲ့ ဒီမြို့ဟာမြန်မာနိုင်ငံရဲ့တောင်ဘက်စွန်းတနင်္သာရီတိုင်းထဲမှာရှိတာပါ။မြင်သာအောင်ပြောရရင်တော့တောင်ဘက်စွန်းရဲ့အထင်ကရမြို့ကြီးတွေဖြစ်တဲ့ထားဝယ်နှင့်မြိတ်ကြားကားလမ်းမပေါ်ကသေးငယ်တဲ့မြို့လေးတစ်မြို့ပါပဲ။အတိအကျဆိုရင်တော့ထားဝယ်မြို့မှမိုင်၁၀ဝ မြိတ်မြို့မှမိုင်၅၀အကွာမှာရှိတာပါ။
တနင်္သာရီတိုင်းထဲမှာပင်လယ်စာအပေါဆုံး ဈေးအသက်သာဆုံးမြို့ဟာလည်းဒီမြို့ပါပဲ။ရှပ်လို့ခေါ်တဲ့ဂုံးတွေဆိုရင်ပုလောမှာအများဆုံးထွက်တာပါ။စစ်မှန်တဲ့တောင်ပိုင်းဒေသရဲ့အစားအသောက်တွေ ရာသီပေါ်အသီးအနှံတွေနဲ့အစားအသောက်အရမ်းပေါများတဲ့မြို့မို့ပုလောကိုတစ်ခါလာလည်ပီးတဲ့သူဟာဒီမြို့ရဲ့အစားအသောက်တွေကိုအမြဲသတိရနေတယ်လို့ပြောကြတယ်။မြန်မာနိုင်ငံထဲမှာအစားအသောက်ဈေးအပေါဆုံးမြို့ကိုညွှန်းမယ်ဆိုရင်ပုလောလို့ပဲပြောရမှာပါ။
ပုလောမှာဘာတွေလည်လို့ရလဲ
ကမ္ဘာလှတောင်ပါဒစက်တော်ရာဘုရား
တောင်ပေါ်ရှုခင်းအရမ်းလှတဲ့စက်တော်ရာဘုရားကတော့ပုလောမြို့တောင်ဘက်မြိတ်ကိုသွားတဲ့ကားလမ်းမပေါ်ကစက်တော်ရာရွာမှာရှိတာပါ။အရင်တုန်းကတော့သင်္ကြန်အပီးဘုရားပွဲတော်အချိန်မှဘုရားဖူးတွေနဲ့စည်ပီး အခုတော့တောင်တက်ကားလမ်းမကြီးဖောက်လိုက်တော့ နေ့ညအချိန်ခါမရွေးသွားလာတဲ့သူတွေများလာပါပီ။တောင်တက်တာကြိုက်တဲ့သူဆိုရင်ခြေလျင်တက်တဲ့လမ်းကတက်လို့ရပီး သစ်ပင်တွေအုံ့ဆိုင်းနေတော့အရမ်းသာယာပါတယ်။





အနောက်မှာမြင်နေရတဲ့အစက်သေးသေးလေးတွေ ပင်လယ်ပြင်ကကင်းမွန်ဖမ်းလှေတွေကမီးတွေပါ
ဖိုးရှမ်းကမ်းခြေ
ပုလောကအစည်ကားဆုံးကမ်းခြေပါ။ကမ်းခြေဧရိယာကျဉ်းပေမယ့် ရေလယ်ဘုရားလည်းရှိတယ် ဘုရားရဲ့အောက်ခြေမှာ ကျောက်ဆောင် ကျောက်တုံးတွေနဲ့ ဆိုတော့ဓာတ်ပုံရိုက်လို့အရမ်းလှတယ်။ကမ်းခြေနဲ့ရေလယ်ဘုရားကိုဆက်ထားတဲ့သစ်သားတံတားကတော့ဓာတ်ပုံအရိုက်များဆုံးနေရာတစ်ခုပါပဲ။ကမ်းခြေမှာစားသောက်ဆိုင်တွေလည်းရှိတော့ညနေဘက်အကင်လေးတွေစားရင်းလေတဖြူးဖြူးနဲ့အရမ်းထိုင်လို့ကောင်းတာပဲ။ရေကျချိန်နဲ့ကြုံရင်တော့သဲပြင်ကြီးကိုအကျယ်ကြီးမြင်ရမှာပါ။အဲဒီကိုသွားချင်ရင်တော့ထားဝယ်ဘက်ကလာရင်ပုလောတံတားကြီးထိပ်မှာညာဘက်ချိုးတဲ့လမ်းတွေ့ပါလိမ့်မယ်၊အဲကနေတောက်လျှောက်သွားလိုက်ရုံပါပဲ။ရှပ်ပုံကျေးရွာကျော်တာနဲ့ဖိုးရှမ်းကမ်းခြေရောက်သွားတာပဲ။





မော်သာယာတောင်ထိပ်ရှုခင်းသာစေတီတော်
ပုလောမြို့ရဲ့မြင်ကွင်းကိုအပြည့်အဝမြင်ရတဲ့တောင်ပါ။အရှေ့ဘက်ကတောင်တန်းတွေရဲ့မှိုင်းညှို့နေတဲ့မြင်ကွင်းကိုကြည့်နိုင်သလိုအနောက်ဘက်ကကျွန်းတွေထိုးထိုးထောင်ထောင်နဲ့ပင်လယ်ပြင်ကြီးကိုလည်းမြင်နိုင်တာမို့ နေထွက်ချိန်ကောနေဝင်ချိန်ကောအရမ်းကြည့်လို့လှတဲ့တောင်ပါ။တောင်ပေါ်ကမြင်ရတဲ့တောင်တန်းနဲ့ပင်လယ်ကြားကမြို့ရှုခင်းကလှတယ်ဆိုတာထက်ကိုပိုပါတယ်။မြို့အထွက်မော်သာယာဘုန်းကြီးကျောင်းမုခ်ဦးကနေတက်ရပါတယ်။








အရှေ့ကျောင်းစေတီ
မော်သာယာတောင်မစည်ကားခင်က မြို့ရဲ့မြင်ကွင်းကိုကြည့်လို့ရတာ အရှေ့ကျောင်းတောင်စေတီပဲရှိပါတယ်။သူကမော်သာယာတောင်ထက်အနဲငယ်နိမ့်ပီးမြို့ထဲမှာပဲရှိတော့မြို့မြင်ကွင်းကိုပိုနီးနီးကပ်ကပ်မြင်ရပါတယ်။တောင်ပေါ်အထိကားရောက်ပါတယ်။

ကျောက်ဆည်(ခေါ်)ချောင်းလှချောင်း
ပုလောမှာကိုယ်အကြိုက်ဆုံးနေရာပါ။ပုလောမြို့အရှေ့ဘက်ကရင်တိုင်းရင်းသားတွေနေတဲ့ရွာမှာရှိတာပါ။လျှိုမြောင်အသွယ်သွယ်ကိုဖြတ်စီးလာတဲ့ချောင်းမို့မြင်ကွင်းကိုကအရိုင်းဆန်ပီးအရမ်းမိုက်ပါတယ်။raftingလုပ်ဖို့အရမ်းကောင်းမှာပဲလို့ကိုယ်တော့တွေးမိတယ်။ပုလောကနေမိနစ်၃၀လောက်သွားရပီး ကျောက်ခဲလမ်းပါနော်။ကားအမြင့်တွေဆိုင်ကယ်တွေနဲ့မှပဲသွားဖို့အဆင်မော်သာယာတောင်ပေါ်ကနေဝင်ချိန်အလှပြေပါတယ်။မီးကျောင်းသိုက်ကျေးရွာသွားတဲ့လမ်းပေါ်မှာရှိတာပါ။
အဲကိုသွားရင်းနဲ့ဒေသခံကရင်တိုင်းရင်းသားတွေရဲ့ရိုးရာအိမ်လေးတွေ လူနေမှုဘဝတွေကိုလည်းတစ်ခါထဲလေ့လာလို့ရတယ်။






ကျောက်လိပ်ရေတံခွန်
Adventureတွေအရမ်းကြိုက်တယ် ခက်ခက်ခဲခဲတွေသွားရတာကြိုက်တယ်ဆိုရင်တော့ကျောက်လိပ်ရေတံခွန်ကိုသွားဖို့ညွှန်းပါတယ်။ပုလောကုန်းကျေးရွာကတစ်ဆင့်သွားရတဲ့ကျောက်လိပ်ရွာမှာရှိတာပါ။သွားရင်ရောက်မယ့်နေရာကရေတံခွန်အပေါ်ကိုပါ။ရေတံခွန်အောက်ကိုဆင်းချင်ရင်ရေတံခွန်ဘေးလမ်းလေးကနေဆင်းလို့ရပါတယ်။သစ်ပင်တွေ နွယ်ကြိုးတွေကိုင်ပီးသတိထားဆင်းရမှာပါ။ကားနဲ့ကျောက်လိပ်ရွာအထိသွားပီး ရေတံခွန်ကိုတောလမ်းလေးကနေtrekkingလျှောက်လည်းရပါတယ်။ဆိုင်ကယ်ဆိုရင်တော့ရေတံခွန်နားအထိသွားလို့ရတယ်။


သာယာကုန်းကြိုးတံတား
ဓာတ်ပုံရိုက်တာလှလို့နာမည်ကြီးပါတယ်။နိုင်ငံခြားကလာလှူထားတဲ့တံတားပါ။နန်းတောင်လမ်းအတိုင်းသွားရင်ဂျင့်ဂါရွာမှာလမ်းခွဲပီးတည့်တည့်ဆက်သွားရင်ဒူးရင်းပင်ရှောင်ကျေးရွာမှာသာယာကုန်းဘက်သွားတဲ့လမ်းခွဲရှိပါတယ်။ဒီဒေသမှာဘယ်သူ့ကိုလမ်းမေးမေးပြောပြပါတယ်။တကယ်လို့သွားရတာအဆင်မပြေရင်ဒေသခံတွေကိုမေးလို့ရတယ်။

ကျားဆုခံပွဲ(ခေါ်)ကုလားကျားပွဲ
မြန်မာနိုင်ငံရဲ့အထူးခြားဆုံးပွဲတော်တွေထဲကတစ်ခုပါ။လူတွေကိုကျားတစ်ကောင်အသွင်ဆေးခြယ်ပီးကပြဖျော်ဖြေစေတာပါ။ဗုံသံစည်းချက်အလိုက်ညီညာစွာကပြဖျော်ဖြေရပီးတစ်ခါတရံလူစိတ်ပျောက်ကာကျားစိတ်ဝင်လာပီး မိမိလက်ကိုပင် ပြန်ကိုက်တတ်ပါသည်။ ဒီလိုကျားစိတ်ဝင်လာရင် အနောက်ကလူတွေကဝိုင်းထိန်းကာ လောဘတ်ပေးရှူရပါတယ်။ လောဘတ်ပေးရှူလိုက်ရင်ကျားစိတ်ပြန်ပျောက်သွားပါတယ်။သင်္ကြန်ကာလမတိုင်ခင်တစ်ပတ်လောက်အလိုကစပီးသင်္ကြန်အကြိုနေ့အထိသက်ဆိုင်ရာဘုန်းကြီးကျောင်းအလိုက်ကပြဖျော်ဖြေကြပါတယ်။တစ်နှစ်ကို၄ရက်ကပြဖျော်ဖြေကြပါတယ်။ရသည့်အလှူငွေတွေဘုန်းကြီးကျောင်းကိုပြန်လှူကြတာမျိုးဖြစ်တယ်။ဒီပွဲတော်ကိုကျင်းပလာတာနှစ်ပေါင်း(၉၀)ကျော်နေပါပီ။



အခြားပွဲတော်တွေ လည်ပတ်စရာတွေလည်းအများကြီးကျန်ပါသေးတယ်။ကိုယ်တိုင်သွားတဲ့အခါမှထပ်တင်ပေးပါ့မယ်။
ပုလောကိုအလည်ပတ်သင့်ဆုံးအချိန်ကတော့သင်္ကြန်ခါနီးအချိန်ပဲဖြစ်တယ်။ဒီအချိန်ဆိုအဝေးရောက်မြို့သူမြို့သားတွေလည်းအများဆုံးပြန်လာကြပါတယ်။ကျန်တဲ့အချိန်တွေလည်း၁၂ရာသီမရွေးလည်ပတ်လို့ရပေမယ့် မိုးရာသီဆိုရင်တော့အချိန်အကြာကြီးမိုးကရက်ဆက်ပီးရွာနေတတ်ပါတယ်။အချိန်၂ရက်လောက်ပေးရင်ကိုစုံစုံလင်လင်လည်ပတ်လို့ရပါပီ။လမ်းကြုံလို့ခဏတဖြုတ်လည်ပတ်ချင်ရင် မော်သာယာတောင် ဖိုးရှမ်းကမ်းခြေ စက်တော်ရာဘုရားတို့ကိုလည်ပတ်လို့ရပါတယ်။မြိတ်ကိုလည်ပတ်ရင်းပင်လယ်ထဲသွားလို့မရတဲ့အချိန်တွေမှာပုလောကိုလည်လို့ရတယ်နော်။
တည်းခိုဖို့နေရာတွေလည်းအဆင်ပြေနေပါပီ။
သုခထက်စံ guest house
Royal Hostel တို့မှာတည်းခိုလို့ရပါတယ်နော်။နောက်ထပ်ဟိုတယ်ထပ်ဆောက်နေတာလည်းရှိပါတယ်။
ကားနဲ့လာမယ်ဆိုရင်မြိတ်ရောက်တဲ့ကားဘာကားစီးစီးပုလောရောက်ပါတယ်။ပုလောမှာကျန်ခဲ့ရုံပါပဲ။


နောက်မှစားသောက်ဖွယ်ရာတွေကိုသက်သက်ထပ်ရေးပါဦးမယ်။အောက်ကပုံလေးတွေနဲ့တွဲထားတဲ့စာလေးတွေဖတ်စေချင်ပါတယ်။❤️
ပုလောကအစားအသောက်တွေအကြောင်းဖတ်ချင်ရင်
https://www.facebook.com/886399875033908/posts/935680493439179/
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ