fb_icon

bnr_tob_1

2019.07.18TECH

PUBG Mobile Game Sensitivity Setting

Pubg Game ဟာ Shooting Game ဖြစ်တဲ့အတွက် Setting ထဲမှာ အရေးပါဆုံးဖြစ်တဲ့ Sensitivity အကြောင်းကို ရေးသားဖော်ပြပေးပါမယ်။ အခုမှ စ ဆော့ပီး Sensitivity ရဲ့လုပ်ဆောင်ချက်တွေကို မသိသေးတဲ့သူတွေအတွက် ရည်ညွှန်းရေးသားထားတာဖြစ်ပါတယ်။ အခုရေးသားဖော်ပြရာမှာ အယူအဆလွှဲမှားမှုနဲ့ မပြည့်စုံမှုများရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။

Setting ထဲကို ဝင်လိုက်ရင် Sensitivity ဆိုတာကို တွေ့ရပါလိမ့်မယ်။ Sensitivity ရဲ့ ထိပ်ဆုံးမှာ Overall ဆိုပီး Low, Medium, High, Customize ဆိုပီး ရှိပါတယ်။ Customize ကလွဲရင် ကျန်တာတွေက Default Settingပါ။ Overall ရဲ့ အောက်မှာတော့ Camera Sensitivity (Free Look), Camera, ADS Sensitivity, Gyroscope ဆိုပီး ၄ မျိုး ရှိပါတယ်။ အဲဒီ ၄ မျိုးရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်ဖော်ပြပေးပါမယ်။

1. Camera Sensitivity (Free Look)
Battle Grounds တွေကို ရောက်ရင် မျက်လုံးပုံ icon လေးရဲ့ ဘယ်၊ ညာ၊ အပေါ်၊ အောက် ကြည့်တာကို အနှေးအမြန် ချိန်ဖို့ထည့်ပေးထားတာပါ။ အဲဒါကတော့ မချိန်ဘဲ Default အတိုင်းထားလည်း အဆင်ပြေပါတယ်။

2. Camera
Enemies ကို ပြစ်မှတ်ချိန်တဲ့အခါ အနှေးအမြန်နှုန်းကို ချိန်ပေးတဲ့ Settingပါ။ ရာခိုင်နှုန်း က နည်းရင်နှေးပြီး၊ များရင်မြန်ပါတယ်။ နှေးတဲ့အတွက် ချိန်တဲ့အခါမှာလေးပေမဲ့ ပြစ်မှတ်ကိုတိကျစေပါတယ်။ များရင်တော့ ပေါ့ပါးပေမဲ့ ပြစ်မှတ်ကတော့ သိပ်ပီးတိကျမှုမရှိပါဘူး။

3.ADS Sensitivity
သေနတ်ပစ်တဲ့အခါမှာ ရမ်းခါနေတဲ့သေနတ်ပြောင်းကို လက်ချောင်းနဲ့ ဖိဆွဲပီး ငြိမ်အောင်ထိန်းတဲ့ recoil Controling ပါ။ ရာခိုင်နှုန်း နည်းရင်များများဆွဲချရမယ်၊ များရင် နည်းနည်းဆွဲချရမယ်။ ရာခိုင်နှုန်းများရင် ဆွဲချရသက်သာတယ်ဆိုပီး များလိုက်ရင်တော့ ခါရမ်းပီးချာချာလည်သွားပါမယ်။

4. Gyroscope
ဖုန်းရဲ့ရွေ့လျားမှုကို လိုက်ပီး Scope မြင်ကွင်းပါ လိုက်ရွေ့တာကို ချိန်ဖို့ထည့်ပေးထားတာပါ။ မလိုအပ်ရင်မချိန်ပါနဲ့ ဖုန်းရွေ့သွားတာနဲ့ ပြစ်မှတ်ပါလွဲသွားတတ်ပါတယ်။ ရွေ့လျားနေတဲ့ ယာဉ်တွေစီးတဲ့အခါ ပိတ်ထားလိုက်ပါ။ ခေါင်းမူးတတ်ပါတယ်။

Setting တွေရဲ့လုပ်ဆောင်ချက်တွေကို နားလည်လောက်ပီထင်ပါတယ်။ Sensitivity Settingကတော့ သိပ်နားမလည်ပီး မစမ်းတတ်ရင် Default အတိုင်းဆော့ရင် ပိုအဆင်ပြေပါတယ်။ Pubg Gameမှာ Sensitivity ကအဓိကကြပါတယ်။ Professional Gamerသမားတွေကတော့ Sensitivity ကို ကောင်းကောင်း အသုံးချတတ်သူမျိုးတွေ ဖြစ်ပါတယ်။ Sensitivity ကို နားလည်ပြီး အသုံးချတတ်ရင် Skills တက်ပါတယ်။ မသုံးတတ်ဘဲ ချိန်လိုက်ရင်တော့ Skill ကျနိုင်ပါတယ်။

Training ထဲမှာဝင်ပီး ကိုယ်သုံးနေကြ သေနတ်တွေနဲ့ Scope တပ် Attachment တွေတွဲသုံးပီး ပစ်မှတ်နေရာကို ချိန်ပီးပစ်လိုက် Sensitivity မှာ အတိုးအလျော့ လုပ်လိုက်နဲ့ စိတ်ရှည်ရှည်နဲ့ စမ်းသပ်မှ အဆင်ပြေမှာပါ။ Sensitivity ချိန်တာ စိတ်ကြိုက်ဖြစ်ပီဆိုရင်တော့ Screen Shot ထားဖို့မမေ့ပါနဲ့။ Sensitivity Setting တွေကို Facebook မှာ တောင်းကြတာကို မြင်ဖူးကြမှာပါ။ သူများအဆင်ပြေတိုင်း ကိုယ်မပြေပါဘူး။ ကိုယ်ကိုတိုင် စမ်းသပ်ပီးမှ ချိန်တာက ကိုယ်နဲ့အဆင်ပြေဆုံးမလို့ မချိန်တတ်ဘူး၊ နားမလည်ဘူးဆိုရင် Default အတိုင်း ဆော့တာက ပိုပီးအဆင်ပြေပါတယ်။ Sensitivity Setting ကို အကျိုးရှိရှိအသုံးချပီး Skill တွေ ကြမ်းနိုင်ကြပါစေ။

By: Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img