bnr_tob_1

2020.12.22SOCIAL

၂၀၂၀ ပြည့်နှစ်မှာ ကြွေလွင့်သွားကြတဲ့ ပြည်သူချစ်တဲ့ အနုပညာကြယ်ပွင့်များ

၂၀၂၀ ပြည့်နှစ်ဟာ မြန်မာ့ရုပ်ရှင်ရဲ့ နှစ် (၁၀၀) ပြည့်မြောက်တဲ့နှစ်ဖြစ်သလို ပြည်သူချစ်တဲ့ အနုပညာကြယ်ပွင့်တွေ ကြွေလွင့်ခဲ့တဲ့ ထူးခြားတဲ့နှစ်တစ်ခုလည်းဖြစ်ပါတယ်။
ကြွေလွင့်သွားကြတဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်တွေဟာ ကျန်းမာရေးချို့ယွင်းချက်ကြောင့် ပါဝင်သလို Covid 19 ရောဂါကူးစက်ခံရပြီး ကွယ်လွန်ကြသူတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။
ကျော်ဟိန်း

အကယ်ဒမီများရှင် မင်းသားကြီးဦးကျော်ဟိန်းဟာ သူနေထိုင်ရာ ဩစတြေးလျနိုင်ငံမှာ နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူရင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၁) ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၃) နှစ်ရှိပြီဖြစ်ပါတယ်။

မန်းဝင်း

အငြိမ့်၊ ဟာသဇာတ်လမ်း၊ ဗီဒီယို၊ ရုပ်ရှင်တွေနဲ့ ပရိတ်သတ်တွေရဲ့စိတ်နှလုံးကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဦးမန်းဝင်းဟာ   ကျောက်ကပ်ပျက်စီးမှုကြောင့် ဆေးကုသမှုခံယူရင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၅) နှစ်ရှိပြီဖြစ်ပါတယ်။

ပလာတာ

ဦးပလာတာဟာ အငြိမ့်ဟာသဇာတ်လမ်းတွေအပြင် ဗီဒီယိုရုပ်ရှင်တွေမှာလည်း ဇာတ်ပို့တစ်ဦးအနေနဲ့ ထူးချွန်စွာသရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဦးပလာတာဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၇) ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစိပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၉၀) နှစ်ရှိပြီဖြစ်ပါတယ်။

မီးမီးခဲ

မီးမီးခဲကတော့ ဂီတလောကမှာ တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ တေးသံရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မီးမီးခဲဟာ သူနေထိုင်ရာ ဩစတြေးလျနိုင်ငံမှာ ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူရင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၆) ရက်မှာ ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် (၃၇) နှစ်ရှိပြီဖြစ်ပါတယ်။

ရန်ပိုင်စိုး

ဦးရန်ပိုင်စိုးဟာ မြန်မာသံစဉ်တေးသီချင်းတွေကို နှစ်သက်မြတ်နိုးသူတစ်ယောက်ဖြစ်ကာ မြန်မာတေးဂီတသံစဉ်သီချင်းတွေကို သီဆိုတဲ့အပြင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာလည်း ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြားမှာလည်း presenter တစ်ဦးအဖြစ်လည်း တစ်ချိန်က ပါဝင်ခဲ့သူပါ။ ဦးရန်ပိုင်စိုးဟာ Covid 19 ရောဂါကူးစက်ခံရပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၀)နှစ် ရှိပြီဖြစ်ပါတယ်။

ဦးကြည်စိုး (IC)

ဦးကြည်စိုး (IC) ဟာ ဗီဒီယိုရုပ်ရှင်ဇာတ်လမ်းတွေမှာ ဆရာဝန်၊ ရှေ့နေ၊ ဖခင် စတဲ့ဇာတ်ဝင်ခန်းတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိသူတစ်ဦးြဖစ်ပါတယ်။ ဦးကြည်စိုးဟာ Covid 19 ရောဂါကူးစက်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၀) ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၂) နှစ်ရှိပြီဖြစ်ပါတယ်။

ဂျာရစ်

ဂျာရစ်ကတော့ နေထူးနိုင်ရဲ့ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိပြီး အကြမ်းအရမ်းဇာတ်ဝင်ခန်းတွေမှာ ပီပြင်စွာသရုပ်ဆောင်နိုင်သူ ဇာတ်ပို့တစ်ဦးလည်းဖြစ်ပါတယ်။ ဂျာရစ်ဟာ အသည်းရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

ဦးစိန်သန်း

ဦးစိန်သန်းဟာ လူကြမ်းသရုပ်ဆောင်အခန်းတွေမှာ ပီပြင်စွာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဦးစိန်သန်းဟာ အသည်းကင်ဆာရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၉) နှစ်ရှိပြီဖြစ်ပါတယ်။

အေးအေးသင်း

အကယ်ဒီနှစ်ဆုရှင် မင်းသမီးကြီး ဒေါ်အေးအေးသင်းဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ ရုပ်ရှင်လောကထဲဝင်ရောက်ခဲ့သူပါ။ တေးသီချင်းတွေကိုလည်း သီဆိုခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၇၁ ခုနှစ်နဲ့ ၁၉၇၃ ခုနှစ်တွေမှာ အကယ်ဒမီထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှစတင်ကာ ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်မှာ နှလုံးရောဂါကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၇၅) နှစ်ရှိပြီဖြစ်ပါတယ်။

ဧရာ

ဦးဧရာဟာ ဟာသလူရွှင်တော်ဘဝကနေ ဗီဒီယို၊ ရုပ်ရှင်လောကအထိ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ဟာသဉာဏ်အစွမ်းနဲ့ ပရိတ်သတ်ကိုအမောပြေစေနိုင်မယ့် ဟာသဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဦးဧရာဟာ Covid 19 ရောဂါကူးစက်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၆၁) နှစ်ရှိပြီဖြစ်ပါတယ်။

ကွယ်လွန်သွားကြတဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်တွေအတွက် ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်စာမျက်နှာတွေကနေ ဝမ်းနည်းကြောင်း၊ နှမြောတသဖြစ်ကြောင်းနဲ့ ဆုတောင်းမေတ္တာပို့သပေးကြတာတွေကိုလည်း တွေ့မြင်ရပါတယ်။ 

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img