bnr_tob_1

2020.05.01TRAVEL

Places We Must Visit In KALAW 🌲🌲 ••••••••••••••••••••••••••••••••••••••• ကလောရောက်ရင် ဒီနေရာတွေသွားပါ 🌸🌼🌸

ကလောလို့ပြောလိုက်တာနဲ့ ဘာမှထွေထွေထူးထူး ရှင်းပြနေစရာတောင် မလိုပါဘူး။ တော်တော်များများလဲရောက်ဖူးကြမှာပါ။ ဒါပေမယ့် သွားရင် ဘယ်လည်ရမှန်းမသိ 🤷‍♀️
ဘယ်နားမှာ ဓာတ်ပုံသွားရိုက်ရမှန်းမသိ အဲ့လိုဖြစ်နေတဲ့လူတွေအတွက် ဒီ Blog လေးကြည့်ပြီး သွားလို့ရအောင်ရေးပေးထားတယ်နော်။ အတတ်နိုင်ဆုံးတော့ နှံ့စပ်အောင်ရေးပေးထားပါတယ်😊

Heritage Hotel ထဲမှာဒီလိုလေးတွေရိုက်လို့ရတယ်

ကလောဆိုတာ ဆယ်နှစ်ရာသီပတ်လုံး လှနေတဲ့မြို့။
နွေ၊ မိုး၊ ဆောင်း အမြဲတမ်း အေးချမ်းနေတဲ့မြို့လေးဆိုတော့ ဘယ်ရာသီဥတုမှာပဲသွားသွား မတူညီတဲ့ Vibe တစ်မျိူးစီရမှာတော့ သေချာတယ် 🌼
ကလောရောက်ရင် ဘယ်နေရာမှာ ဘယ်လိုဓာတ်ပုံတွေရိုက်လို့ရတယ်၊ ဘယ်တွေသွားကြမလဲ ဆိုတာ သဒ္ဓါနဲ့ အတူတူ သွားကြည့်လိုက်ရအောင် 🌸

Heritage Hotel
Heritage Hotel
ဝင်ကြေး ၂၀ဝ၀ နဲ့တစ်မုန်းရိုက် ဟီး😁
Heritage Hotel

🌲ကေလာ Heritage Hotel 🏨


၁၉၀၃ ခုနှစ်တည်းကရှိတဲ့ အဆောက်အဦးကြီးပေါ့။
ဝင်ကြေး ၂၀ဝ၀ ပေးပီး ဟိုတယ်တစ်လုံး ဓာတ်ပုံပတ်ရိုက်လို့ရတယ်။ အဖြူ၊ အမဲတွေပဲသုံးထားတဲ့ အဆောက်အဦးဆိုတော့ ဓာတ်ပုံရိုက်ရင်လဲ အရမ်းမိုက်တယ်။ ဝင်ကြေး ၂၀ဝ၀ မှာ ကော်ဖီ တစ်ခွက်သောက်လို့ရသေးတယ်နော် ☺️ တည်းမယ်ဆိုလဲ တည်းလို့ရတယ် 🌲 ကေလာ ဘူတာ ၁၉၀၃ ခုနှစ်တည်းကရှိတဲ့ အဆောက်အဦးကြီးပေါ့။
ဝင်ကြေး ၂၀ဝ၀ ပေးပီး ဟိုတယ်တစ်လုံး ဓာတ်ပုံပတ်ရိုက်လို့ရတယ်။ အဖြူ၊ အမဲတွေပဲသုံးထားတဲ့ အဆောက်အဦးဆိုတော့ ဓာတ်ပုံရိုက်ရင်လဲ အရမ်းမိုက်တယ်။ ဝင်ကြေး ၂၀ဝ၀ မှာ ကော်ဖီ တစ်ခွက်သောက်လို့ရသေးတယ်နော် ☺️ တည်းမယ်ဆိုလဲ တည်းလို့ရတယ် 🌲

Green Heaven Hotel
ကေလာ ဘူတာ
ကလောဘူတာတစ်ဝိုက်

🌲 ကလောဘူတာ


ကလော ရောက်ရင်ဒီနေရာတွေကတော့ မသွားမဖြစ်တွေပေါ့။ ထွေထွေထူးထူးပြောနေစရာမလိုတော့ပါဘူး။

ကလောဘူတာမှာပဲ

🌲 ကလောနာရီစင်


ဘူတာက ထွက်လာရင် ကလောနာရီစင်ကို တန်းမြင်ရမှာပါ။ နာရီစင်နားမှာလဲ ဓာတ်ဖမ်းလို့ရသေးတယ်နော် 😊

ဒါကနာရီစင်ရှေ့က မောဦးမြေပန်းခြံထဲမှာ
ကလော နာရီစင်

🌲 မောမြေဦးပန်းခြံ


ပန်းခြံကလဲ နာရီစင်ရှေ့မှာပဲနော်။ ဒါပေမယ့် သွားလည်ရင် ဝင်တာသိပ်မတွေ့ဘူး။ ပန်းခြံထဲက ထင်းရှုးတောလေးထဲမှာလဲ ပုံလှလှလေးတွေ ရိုက်လို့ရသေးတယ်။

မောဦးမြေ ပန်းခြံထဲမှာ
ထင်းရှူးတောအသေးစားလေး

🌲 Heritage Hotelနောက်ကရထားလမ်း


ရထားလမ်းဆိုရင် ကလောဘူတာကရထားလမ်းကိုပဲ ပြေးမြင်ကြတယ်။ Heritage ရောက်ရင် ဟိုတယ်အပြင်ဘက်မှာ ရထားလမ်းလေးတစ်ခုရှိသေးတယ်။ သဒ္ဓါအခု ထိပ်ဆုံးကတင်ထားတဲ့ပုံလေးက အဲ့မှာရိုက်ထားတာပါ။

😝😝ပန်းခြံထဲမှာ ဒီလိုပုံရဖို့ ဘလိုနေလိုက်ရလဲ သိချင်လား

🌲 ကလောဈေး


ကလောရောက်ရင် ကလောဈေးကတော့ မသွားမဖြစ်ပေါ့။ ဘာစားစား ၅၀ဝ လောက်ပဲဆိုတော့ ဈေးထဲမှာ ရှမ်းစာတွေ အဝကြိတ်လို့ရတယ်☺️

ကလောဈေး
ကလောဈေးထဲခမောက်ဝင်ဝယ်

🌲သိမ်တောင်


သိမ်တောင် View point

သူကလဲ ကလော View point တစ်ခုပဲ။ မြို့ထဲview point လို့ပြောလို့ရမှာပေါ့။ ကလောမြို့ကိုအပေါ်စီးကနေ မြင်ရတယ်။

🌲 ဗျိုက်တောင်


ဗျိုက် ကွေကာအုပ်ကြော်ငြာရိုက်ခဲ့လို့ ဗျိုက်တောငိဆိုပီး အမည်တွင်ခဲ့တဲ့ နေရာလေးပေါ့။ သဒ္ဓါတို့က မနက် ၆:၃၀ လောက်သွားတာ အရမ်းလှ။ တောင်ပေါ်တော့မတက်ခဲ့ဘူး။ တောင်နောက်ခံနဲ့တင် ရှုခင်းက တော်တေယ်လှနေပြီ။ ရောက်ရင်သွားကြည့်ပါနော်။ 🌼

မနက်ခင်း ဗျိုက်တောင်
ဗျိုက်တောင်နောက်ခံနဲ့
ပန်းတွေကတော့ November သွားရင်တွေ့ရမှာပါ

🌲အိုးစည်တောင်


ကလောမြို့အထွက်နားလေးမှာပဲ။ တောင်ပေါ်ကိုကားနဲ့တက်လို့ရပါတယ်။ အပေါ်မှာ စေတီတစ်ဆူရှိတယ်။ အိုးစည်တောင်ပေါ်က Sunrise နဲ့ Sunset ကအရမ်းလှတယ်။ သွားမယ်ဆို အဲ့၂ ချိန်သွားဖို့ Recommend ပေးပါတယ်နော် ☺️

အိုးစည်တောင် Sunrise
အပြင်မှာပိုလှတယ် အိုးစည်တောင်က

🌲 ကလော View Point


ကလော View Point ကTrekking လဲသွားလို့ရတယ်။ ကားနဲ့လဲသွားလို့ရတယ်။ ခုဆို Update လုပ်ထားတော့ View point ကြီးက နိုင်ငံခြားပဲရောက်သွားသလို။ ဓာတ်ပုံရိုက်စရာနေရာတွေလဲ အသစ်လုပ်ထားတော့ လှချက်ပဲလေ 😊

🌲 Cafe Kalaw


Cafe kalaw ကတော့ မြင်းမထိဂူသွားတဲ့ လမ်းမှာပါပဲ။ အေးဆေးကော်ဖီထိုင်သောက်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့ နေရာလေးပါ။ ဓာတ်ပုံလဲရိုက်လို့ကောင်းတော့ သာသာယာယာပဲပေါ့။

Cafe Kalaw
Cafe Kalaw ဆိုင်ထဲမှာ

🌲 မြင်းမထိဂူသွားတဲ့တောလမ်းလေး


သူကတော့ သက်သက်သွားရတာပေါ့၊ လမ်းတော့မကြုံဘူး။ တစ်ကယ်လို့ Trekking လျှောက်မယ်ဆိုရင် သွားလို့ရပါတယ်။ တောလမ်းလေးသိပ်လှတာပဲ။

မြင်းမထိဂူသွားတဲ့ တောလမ်းလေး
မင်းမထိရွာက ဂေါ်ဖီခင်းကြီး

🌲သော်ကပန်းတံတိုင်း


ကလောမြို့ထဲက လမ်းဘေးမှာပဲရှိတာပါ။ ဒါကတော့ ပန်းပွင့်တဲ့အချိန်ပဲ ဓာတ်ပုံဆင်းရိုက်လို့ရမှာပေါ့နော်။ ၁၂ ရာသီလုံးမပွင့်တော့ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ပဲရလောက်မယ်။ ကလောရောက်ရင် သော်ကာပန်းတွေနဲ့ အုတ်နံရံကြီးက ပြေးရှာစရာမလိုပါဘူး။ ထင်းခနဲတွေ့ရပါတယ်။

ကလောမြို့ထဲက သော်ကပန်းတံတိုင်း
Sky blue hotpot ဆိုလားမသိဘူး
အဝစား ၄၀ဝ၀ပဲ 😁🤭
ကလောဈေးရောက်ရင် ဒါလေးတွေစားခဲ့နော်
Maluca villa
Photo crd
ဓာတ်ဖမ်းလို့ကောင်းတဲ့ Maluca
Photo crd
Kalaw Farm House
Photo crd
IG ကိုလဲ Follow ပီး ခရီးသွားပုံတွေကြည့်လို့ရပါတယ် ☺️

Hotel 🏨


🌸 Green Heaven Hotel (ဓာတ်ဖမ်းလို့လဲလှတယ်
ဈေးလဲ ၃သောင်းဝန်းကျင်ပဲရှိပါတယ်။)

🌸 Seven Mountain View Hotel
(သူကတော့ ဆယ်သွယ်မှုပြင်ပပေါ့ နားအေးပါးအေးနေချင်တဲ့လူတွေအတွက်ကတော့ တော်တော်အဆငိပြေတယ်၊ ဒါပေမယ့် လမ်းလျှောက်ပြီးသွားဖို့လာဖို့တော့ နဲနဲခက်တယ်)

စားတာကတော့ ထမင်းဟင်းဆို သုမောင်ထမင်းဆိုင်ကတော့ နာမည်ကြီးပါပဲ။
ညနေဆို ၃၅၀ဝ တန်ဟော့ပေါ့ဆိုင်တွေမှာပဲပတ်စားကြပါတယ် 😁

တခြားစားလို့လဲကောင်း ဓာတ်ပုံလဲ ရိုက်လို့ကောင်းတဲ့ ဆိုင်တွေကတော့ 🌸🌲

🌸 Maluca villa Restaurant & Bar

🌸 Kalaw Farm House

🌸 cafe kalaw

🌸 Yadana Talkie House Indian Restaurant

ကားလမ်းကြောင်းတွေကတော့ အကုန်သိလောက်မှာပါ။ ရန်ကုန် – ကလော တိုက်ရိုက်ကားတွေရှိပါတယ်နော်။

ကဲ ဒီလောက်ဆို ကလောသွားပြီး ဓာတ်ဖမ်းဖို့ အဆင်သင့်ပဲလား? 😊
မိုးလဲကုန်ပီဆိုတော့ ဒီအချိန်သွားရင် ရာသီဥတုလဲ သာယာတယ်။
အားလုံးပဲ လှပပျော်ရွှင်စွာ ခရီးသွားနိင်ကြပါစေနော် ☺️❤️

TDsTravelNotes

Kalaw

TDinkalaw #Instagramplace #TDOctoberblog

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img