bnr_tob_1

2020.06.17FOOD

ဆိုင်ခွဲပေါင်း ၆၀၀ကျော်နဲ့ ရောင်းချနေတဲ့ Korean Style Taste အပြည့်နဲ့ Chinatown နားမှာ စားလို့ရပြီဖြစ်တဲ့ ပီဇာဆိုင်

ဒီဆိုင်လေးက ဖွင့်တာမကြာသေးဘူး။ Pizza ဆို maru မှ maru ဆိုတဲ့သူတွေအတွက် အရင်လို  မြန်မာပလာဇာ၊ စမ်းချောင်းထိ သွားစားစရာမလိုတော့ဘူး။ Dine in ပါ စားလို့ ရနေပါပြီ။

ပီဇာစားရင် ပူပူလေးနဲ့  ဘေးသား ပျော့ပျော့လေးတွေက ပီဇာရဲ့ကောင်းကွက်တွေလို့ ထင်မိတယ်။ ဘေးသားတွေကို ကြိုက်နေမိတဲ့အထိ စားကောင်းတဲ့ ပီဇာဆို ဒီဆိုင်လေးကိုပဲ ညွှန်းဆိုမိမှာ။ Homemade ပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Pizza စားချင်တယ်ဆိုရင် Pizzamaru ပါ။

ဆိုင်လေးမှာ အရောင်ရဆုံး Pizza တွေဆိုရင် Chicago Pizza, Bulgogi Pizza တွေပါ။

Maru Ocean 9 Double Cheese  17900

Maru ရဲ့ Double ကို မြည်းစမ်းကြည့်ခဲ့တယ်။ Pizza ကိုမှ Cheese များများနဲ့ စားချင်တဲ့ သူတွေအတွက်ကတော့  Double Cheese လေးဆွဲပြီး အမျှင်တန်းလေးက ဘာနဲ့မှ လဲနိုင်မှာမဟုတ်။

Grilled Galbi Chicken Win  5500

ဆိုင်လေးကိုရောက်ရင် ဒါလေးကလည်း မပါမဖြစ်ပဲ။ Homemade Galbi Sauce နဲ့ Galbi Sauce ဆမ်းပေးထားတဲ့ Galbi Chicken ကလည်း စွဲမက်စေမှာအမှန်ပဲ။

BBQ Chicken Wings  5900

Portions များများနဲ့ နေ့လည်စာ စားမယ်ဆို အဆင်ပြေတယ်။ ကြက်ကြော်က သူ့ရဲ့ Signature အရသာ ရှိတယ်။

ဆိုင်လာရင် Green Tea ကလည်း မသောက်မဖြစ်မို့ ရောက်ခဲ့ရင် သောက်ကြည့်ဖို့ Recommend ပေးပါတယ်။

Pizzamaru မှာ Chicago Pizza လာစားရင် June တစ်လလုံး 20% OFF ပါ။Stay Home မှာ မဆွဲခဲ့ရတဲ့ Pizzaကို အတိုးရောအရင်းပါ ပေါင်းဆွဲလိုက်တော့။

ဆိုင်လိပ်စာလေးကတော့

“Pizza Maru”

China Town : ChinaTown CityMart, Supermarket Level 3, Lanmadaw Township

Ph no : 09-968899666

Myanmar Plaza : Myanmar Plaza 3rd Floor

Ph no : 09-977735555

Sanchaung : Corner of Baho Road & Thiri Road, Sanchaung Township

Ph no : 09-968886777

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img