bnr_tob_1

2020.06.01TRAVEL

ရောက်ခဲ့ဖူးသည့် ပင်လောင်းဟော်နှင့် ညောင်ရွှေဟော်

မြန်မာနိုင်ငံအတွင်း စော်ဘွားများအုပ်ချုပ်ခဲ့ ဟော်နန်းများအနက် သဒ္ဓါ ဟော်နန်း ၅ ခုလောက်ကိုရောက်ဖူးခဲ့ပါတယ်။ အဲ့ဒီအထဲကမှ ပင်လောင်းဟော်နှင့် ညောင်ရွှေဟော်အကြောင်းကို လေ့လာမှတ်သားရသလောက် ပြန်ပြီး ရေးသားပေးလိုက်ရပါတယ်နော်

ကယားပြည်ကဟော်နန်း၊ မိုးနဲဟော်နန်း နဲ့ သီပေါဟော်နန်း အကြောင်းကိုတော့ နောက်တစ်ခါထပ်တင်ပေးပါမယ်နော်။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အမေ့လျော့ခံများဖြစ်တဲ့ တခြားဟော်နန်းများကိုလည်း ကပ်ကြီးပြီးရင် ထပ်ပြီး သွားလေ့လာကြဦးမယ်နော်။

နှစ်ပေါင်း ၁၀၀ နီးပါရှိပြီဖြစ်တဲ့ ညောင်ရွှေဟော်နန်း

••••••••••••••••••••••••••••••••••••••••••••••••

အင်းလေးကန်တည်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့လေးကို လူတိုင်းသိကြမှာပါ။ ဒါပေမယ့် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိတဲ့ ညောင်ရွှေဟော်နန်းကိုတော့ လူတိုင်းသတိထားမိချင်မှ သတိထားမိမှာပါ။ ညောင်ရွှေဟော်ဆိုတာ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နေထိုင်ခဲ့တဲ့ ဟော်နန်းတစ်ခုဖြစ်ပါတယ်။ ညောင်ရွှေဟော်နန်းကို စော်ဘွားကြီးဆာစောမေင်က ၁၉၁၃ ခုနှစ်မှာစတင် ဆောက်လုပ်ခဲ့ပြီး ၁၉၂၃ခုနှစ်မှာ ပြီးစီးခဲ့တယ်လို့သိရပါတယ်။ အရင်ခေတ် ကာလတန်ဖိုးအရ ငွေကျပ် ၃ သိန်းခန့်ကုန်ကျခဲ့ပါတယ်တဲ့။ အခုတော့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ညောင်ရွှေဟော်နန်းကို ယဉ်ကျေးမှုပြတိုက်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားပါတယ်။ ညောင်ရွှေမြို့လေးကို ရောက်ရင် ညောင်ရွှေဟော်နန်းကလဲ မသွားမဖြစ် သွားလည်သင့်တဲ့ နေရာထဲမှာပါပါတယ်နော်။ ညောင်ရွှေဟော်နန်းကို တိုင်လုံးပေါင်း ၂၁၆ လုံးနှင့် မင်းတုန်းမင်းက ချီးမြှင့်ထားသည့် ဘုံ ၇ ဆင့် ပါ အဆောင်ဟောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဟော်နန်းအတွင်းမှာလည်း ကန်တော့ခံဆောင်၊ အတွင်းညီလာခံဆောင်၊ အပြင်ညီလာခံအဆောင် မယ်တော်ဆောင်၊ တောင်နန်းစံဆောင်၊ လက်နက်တိုက် စတဲ့အဆောင်အခန်းများစွာလည်းရှိပါသေးတယ် အခုပြတိုက်ထဲမှာတော့ စော်ဘွားကြီး ဆာစောမောင် လက်ထက်ကနေ ညောင်ရွှေစော်ဘွားမင်းဆက် ၃၃ ဆက်ရဲ့ နာမည်တွေ၊အသုံးအဆောင်၊ ရှမ်းရိုးရာယဉ်ကျေးမှု ဓလေ့များ၊ စော်ဘွားဝတ်စုံများကို သွားရောက်လေ့လာလို့ရပါတယ်။ အဲ့ဒီအပြင် ညောင်ရွှေဟော်နန်းထဲမှာရှိတဲ့ အတွင်းညီလာခံအဆောင်ကတော့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ကတောင်တန်းပြည်မပူးပေါင်းကာ ပင်လုံစာချုပ် အားလက်မှတ်ထိုးနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည့်သမိုင်း၀င်နေရာလည်း ဖြစ်ပါတယ်တဲ့။ဝင်ကြေး ၂၀၀ ကျပ်ပဲပေးရတာမို့ ညောင်ရွှေရောက်ရင် သွားရောက်ခဲ့ဖို့ မမေ့ပါနဲ့နော်။

စော်ဘွားကြီး စဝ်ခွန်ခမ်းချုပ်ဆောက်လုပ်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ ပင်လောင်းဟော်နန်း

••••••••••••••••••••••••••••••••••••••••••••••••••••

ရှေးခေတ်က ပင်လောင်းနယ်ကို လွယ်လုံနယ်ဟု ခေါ်တွင်ပြီး နယ်ရှင်များဟာ ငွေခွန်မှူး အဆင့်ဖြင့် စတင်စိုးစံခဲ့ကြပြီး ခွန်ပု (၁၈၈၀-၁၈၈၂) လက်ထက်တွင် မြို့စားအဆင့်အဖြစ် အဆင့်တိုးမြှင့်ခြင်းခံခဲ့ရပါတယ်။ ပင်လောင်းမြို့စား ခွန်ပု ရဲ့သား စဝ်ခွန်ခမ်းချုပ် လက်ထက်မှာ ဒီဟော်နန်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာတော့ ရှမ်းပြည်နယ်မှာ ရှိတဲ့ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး အစရှိတဲ့ နယ်ရှင်များအားလုံး စော်ဘွားကြီးအဖြစ် တပြေးညီ သတ်မှတ်တဲ့အခါမှာ စဝ်ခွန်ခမ်းချုပ် နောက်ဆက်ခံခဲ့တဲ့ ပင်လောင်းမြို့စား စဝ်မိုးကျော်ဟာလည်း စော်ဘွားကြီး ဖြစ်လာခဲ့ပါတယ်။

ပင်လောင်းဟော်နန်းအကြောင်း

••••••••••••••••••••••••••••••

ပင်လောင်းဟော်နန်းဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ခန့်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး အလျား ပေ ၁၂၀၊ အနံ ၇၀ ပေခန့်နဲ့ နှစ်ထပ် ဖြစ်ပြီး သစ်သားဖြင့် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဟော်နန်းရဲ့ သက်တမ်းအတိအကျကို ဒေသခံတွေပြောကြားချက်အရ ၁၀၆ နှစ်ခန့်ရှိပြီဟုသိရပါတယ်။ မြို့စားကြီးစဝ်ခွန်ခမ်းချုပ်ဟာ မြို့စားဘဝမှာတော့ ရိုးရိုးအိမ်ဆောက်ပီးနေရာကနေ စော်ဘွားရာထူးရလာတဲ့နောက်ပိုင်းမှာ ဒီဟော်နန်းကို ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ပင်လောင်းမြို့ကိုနောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ စော်ဘွားကြီး စဝ်မိုးကျော်ဟာ ဟော်နန်းကိုဆောက်လုပ်ခဲ့တဲ့ စဝ်ခွန်ခမ်းချုပ်ရဲ့ သားလည်းဖြစ်ပါတယ်။ ပင်လောင်းဟော်ကို ဆောက်လုပ်ခဲ့ပေမယ့် စော်ဘွားဟယ အသက်မပြည့်သေးတဲ့အတွက်ကြောင့် ကိုယ်တိုင်အုပ်ချုပ်ခွင့်မရရှိပဲ ဦးရီးတော်ကသာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတယ်ဟု သိရပါတယ်။ ထို့နောက်နှစ်အတော်အတန်ကြာ ဦးနေဝင်းလက်ထက်မှာတော့ စော်ဘွားအာဏာ အသိမ်းခံခဲ့ရပီးထောင်ကျခဲ့ပါတယ်။ ထို့နောက် ထောင်ကလွတ်လာပြီးနောက်ပိုင်း ကွယ်လွန်သွားခဲ့တယ်လို့လဲသိရပါတယ်။အဲ့အချိန်ကာလကတည်းက ဟော်နန်းကြီးလဲ ပြုပြင်စောင့်ရှောက်သူမဲ့ကာ ယခုချိန်ထိ ပျက်စီးယိုယွင်းလာရပါတော့တယ်။ ဒေသခံတွေရဲ့ အဆိုအရဟော်နန်းနဲ့ပတ်သတ်ပြီးတော့လဲ သတိထားဆင်ခြင်ရမယ့် အကြောင်းအရာတွေအများကြီးရှိပါသေးတယ်တဲ့။ ယခင်က ဟော်နန်းကိုသွားမယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းချက်တွေလည်း အများကြီးရှိပြီး အရိပ်အယောင်ပြတာမျိုး၊ ဝင်ပူးတာမျိုးတွေလဲ ရှိခဲ့ပါတယ်တဲ့။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်မှာ ပြိုကျပျက်စီးသွားပြီ ဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ပင်လောင်းမြို့ကိုသွားရောက်လည်ပတ်ရင်လည်း ဟော်နန်းကြီးက အမေ့လျော့ခံအဖြစ်တည်ရှိလို့နေပါတယ်။ သဒ္ဓါတို့တောင် စိတ်ဝင်စားလို့ ရောက်ဖြစ်ခဲ့တာ။ ပြိုမကျခင်ရောက်ဖြစ်ခဲ့တဲ့အတွက်လဲ တော်တော် ကံကောင်းတယ်ပြောရမယ်။ အဲ့ဒါကြောင့် ယခုအချိန်ထိရှိနေသေးတဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်မှာရှိကြတဲ့ ဟော်နန်းတွေကိုလည်း ဒီထက်ပိုပြီး ထိန်းသိမ်းနိုင်ကြမယ်ဆိုရင် အဖိုးတန်တဲ့ သမိုင်းအချက်လက်တွေနဲ့ ခရီးသွားပြည်သူတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လို့နေဦးမှာပါ။

#TDsTravelNotes#ဟော်နန်း

Credit : https://www.facebook.com/TravelholicThader/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img