fb_icon

bnr_tob_1

2019.12.30LIFE&TREND

မျှဝေမသုံးစွဲသင့်သော တစ်ကိုယ်ရည်သုံးပစ္စည်းများ

မိမိတို့ရဲ့ တစ်ကိုယ်ရည်သုံး ကိုယ်ပိုင်ပစ္စည်းများကို မိသားစုဝင်အချင်းချင်း ဖြစ်ပါစေ မျှဝေသုံးစွဲခြင်းမလုပ်သင့်ပါဘူး။ မိမိတို့မျက်လုံးဖြင့် မမြင်နိုင်သည့်ရောဂါပိုးများစွာ ကူးစက်ခြင်းခံရတတ်ပါတယ်။ ရောဂါဆိုသည်မှာ ကုသခြင်းထက် ကာကွယ်ခြင်းက အကျိုးဖြစ်ထွန်းစေသောကြောင့် အထူးရှောင်ကြဉ်စေလိုပါတယ်။ မည်မျှပင် ချစ်ခင်ရင်းနှီးနေပါစေ ယခုဖော်ပြမည့် အသုံးအဆောင်ပစ္စည်းများကို မျှဝေမသုံးစွဲခြင်းဖြင့် မိမိတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု နှင့် ကျန်းမာရေးကို အလေးထားစောင့်ရှောက်စေလိုပါတယ်။

၁။ သဘက်

သဘက်သည် စိုထိုင်းစွတ်စိုနေသောကြောင့် ဘက်တီးရီးယားများစွာ ပေါက်ဖွားနေတတ်ပါတယ်။ သဘက်ကို ၃ရက် ၄ရက်တခါ လဲလှယ်ပေးခြင်း၊ အသုံးပြုပြီးသောအခါတိုင်း နေရောင်ရသောနေရာတွင်နေလှန်းခြင်းများ ပြုလုပ်ပြီး အသုံးပြုသင့်ပါတယ်။ သဘက်သည် အရေးပြားဆိုင်ရာ ရောဂါများကို ကူးစက်ခြင်းအများဆုံးနေရာဖြစ်ပါတယ်။ Gym၊ Sport Club၊ Swimming Pool များတွင် အများသုံးသဘက်များနှင့် ခပ်ကင်းကင်းနေပါ။ အများသုံးသဘက်များတွင် ချွေးမှပေါက်ဖွားလာသော ဘတ်တီးရီးယားများရှိနေတတ်ပါတယ်။ ထိုနေရာများသွားလျှင် ကိုယ်ပိုင်သဘက်ကို အမြဲသယ်ဆောင်သွားစေလိုပါတယ်။

၂။ ဆပ်ပြာတုံး

ဆပ်ပြာတုံးနဲ့တစ်ခါတိုက်တိုင်း Microorganisms (ဇီဝသက်ရှိ) များသည် ဆပ်ပြာတုံးတွင် ကပ်ညှိပါသွားပါတယ်။ ဆပ်ပြာခွက်ထဲ ထည့်ရာမှာလည်း ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယား၊ မှိုများစွာရှိနေတတ်တဲ့ အန္တရာယ်အရှိဆုံး နေရာဖြစ်ပါတယ်။ အဲဒါကြောင့် ဆပ်ပြာတုံးအစား ဆပ်ပြာရည်ဘူးများကို အစားထိုးသုံးစွဲသင့်ပါတယ်။ ဆပ်ပြာတိုက်ရာတွင် အသုံးပြုသည့်ရေမြုပ်စသည့်အရာများတွင်လည်း ရောဂါပိုးများ ကပ်ညှိစေတတ်သောကြောင့် အတူမျှဝေမသုံးစွဲသင့်ပါဘူး။

၃။ အိမ်တွင်းစီး ဖိနပ်

အိမ်တွင်းစီးဖိနပ်များကို အိမ်သားများအတွက်သီးသန့်ထားပြီး ဧည့်သည်အတွက် ဖိနပ်ကိုသီးခြားခွဲထားပေးပါ။ ခြေဆီမှ မှိုနှင့်ဘတ်တီးရီးယားများ ပေါက်ဖွားတတ်ပါတယ်။ ၃လ၊ ၄လတစ်ခါ ဆေးကြောသန့်ရှင်းပြီး ရောဂါပိုးများသေစေနိုင်သည့် ရှာလကာစသည်တို့ဖြင့် ဆေးကြောသင့်ပါတယ်။

၄။ နားကြပ်

Mobile Phone များအသုံးတွင်ကျယ်လာတာနှင့်အမျှ နားကြပ်သုံးစွဲမှုနှုန်းလည်း မြှင့်တက်လာပါတယ်။ သင့်ကိုနားကြပ်လာရောက် ငှားရန်းခြင်းကိုလည်း ကြုံဖူးမယ်ထင်ပါတယ်။ ထိုအချိန်မျိုးတွင် မဖြစ်လို့ငှားလိုက်ရသည့် အခါများတွင် တခြားသူအသုံးပြုထားသော မိမိ၏နားကြပ်ကို ချက်ချင်းအသုံးမပြုပါနှင့်။ သေချာသန့်ရှင်းရေးလုပ်ပြီးမှ ပြန်လည်အသုံးပြုခြင်းမျိုး ပြုလုပ်ပါ။ နားဖာချေးမှတစ်ဆင့် နားရောဂါများကူးစက်စေတတ်ခြင်းကြောင့် ဖြစ်ပါတယ်။ မိမိတစ်ဦးတည်း အသုံးပြုနေလျှင်လည်း ပိုးသတ်ထားသောဂွမ်းဖြင့် တစ်ပတ်တစ်ခါလောက် သန့်ရှင်းပေးရပါမည်။ ပိုးသတ်ဆေးကိုလည်း နားစည်မထိခိုက်စေရန် အနည်းငယ်ထည့်ပြီးမှ သန့်ရှင်းပေးပါ။

၅။ လက်သည်းညှပ် နှင့် မွှေးညှပ်

လက်သည်းညှပ်ခြင်း၊ မွှေးညှပ်ဖြင့် ချိုင်းမွှေး၊ မျက်ခုံးမွှေးနုတ်ပြီးသည့် အခါများတွင် အရက်ပျံဖြင့် သေချာဆေးပါ။ ထိုအရာများတွင် တစ်ခါတစ်လေ သွေးစလေးများပါသွားတတ်သည့် အတွက် ဝေမျှသုံးစွဲလျှင် အလွန်အန္တရာယ်ကြီးလှပါတယ်။ ဘတ်တီးရီးယား နှင့် မှိုအပြင်၊ HIV နှင့် Hepatitis (အသည်းရောင်ရောဂါ) များပါ ကူးစက်စေနိုင်သောကြောင့် အသုံးပြုပြီးတိုင်း အရက်ပျံသုံးပြီး ပိုးသတ်ပေးပါ။

၆။ ဘီး

ဦးရေပြားပေါ်ရှိ သန်းများ၊ဘောက်များ၊ မှိုနှင့် တခြားသော ဦးရေပြားရောဂါများ ကူးစက်စေတတ်ပါတယ်။ ဘီးများကိုလည်း ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပေးပါ။

၇။ အလှကုန်ပစ္စည်းများ

အလှကုန်ပစ္စည်းအများစုကတော့ အတူမျှဝေမသုံးစွဲသင့်ပါဘူး။ အရည်ပြားဖြင့် နေ့စဉ်ထိတွေနေရသောကြောင့် ဘတ်တီးရီးယားများစွာရှိပါတယ်။ နှုတ်ခမ်းနီကို အတူသုံးစွဲလျှင် ရေယုန်နှင့်အခြားသောရောဂါများ ဖြစ်ပွားတတ်ပါတယ်။ မျက်နှာပေါ်ရှိ မျက်ရည်၊ နှာရည်၊ တံတွေး၊ ဝက်ခြံပြည်တည်အနာများမှ သွေး၊ပြည် များသည် အလှပြင်ပစ္စည်းအများအပြားဖြင့် နေ့စဉ်ထိတွေ့နေရသောကြောင့် အခြားသူများနှင့် အတူမသုံးစွဲဘဲ သီးသန့်သုံးစွဲစေလိုပါတယ်။ ထိုပစ္စည်းများကိုလည်း တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ ဆေးကြောပေးသင့်ပါတယ်။

အထက်ကဖော်ပြခဲ့သည့် တစ်ကိုယ်ရည်သုံးပစ္စည်းများသာမက ကျန်ရှိနေသေးသည့် သီးသန့်အသုံးပြုသင့်သည်များကိုလည်း အထူးဂရုစိုက်ရှောင်ကြဉ်စေလိုပါတယ်။ လူအများသုံးနေရာများတွင် ပိုပြီးသတိရှိရပါမယ်။ ရောဂါပိုးများသည် နေရာပေါင်းစုံမှာရှိတတ်ပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားမှုတိုင်းမှာလည်း ကြုံတွေ့နေရပါတယ်။ မိမိဘက်က ကာကွယ်နိုင်တာကတော့ ရောဂါကာကွယ်ဆေးများကို ထိုးထားခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးနေရာများ အတတ်နိုင်ဆုံး ရှောင်ရှားခြင်း၊ လူစုလူဝေးနေရာမှ ပြန်လာလျှင် သေသေချာချာရေချိုးသန့်စင်ခြင်း၊ သန့်ရှင်းသော တစ်ခါသုံး Mask အုပ်ထားခြင်းမျိုးများဖြင့် ကာကွယ်ထားပြီး ကျန်းမာပျော်ရွှင်သော ဘဝကိုတည်ဆောက်နိုင်ကြပါစေ။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img