fb_icon

bnr_tob_1

2019.12.17FEATURE

မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီး

https://www.google.com/search?q=Pathein+umbrella&client

မြန်မာကို ကမ္ဘာကသိစေတဲ့ အရာတွေထဲမှာ ယဉ်ကျေးမှု အနုပညာလက်ရာတွေလည်းပါဝင်ပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဟန် ဝတ်စားဆင်ယဉ်မှုတွေ နဲ့ ကမ္ဘာအလည်မှာ ခေတ်အဆက်ဆက်ရပ်တည်လာခဲ့ပါသည်။ အများက စိတ်ဝင်စားမြတ်နိုးရာ လက်မှုလုပ်ငန်းကိုပြပါဆိုလျှင် ပုသိမ်ထိီးကို ချန်ထားလို့မရပါ။

မြန်မာ့ ထီးလုပ်ငန်းကတော့ လက်မှုပညာစစ်စစ်ဖြစ်ပြီး ပုသိမ်မြို့မှ ထွက်တာကြောင့် ပုသိမ်ထီးလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။

ရှေးနှစ်ပေါင်း ၁၃ဝ ခန့်ကတည်းက သီပေါမင်း၏ နန်းတော်ထဲတွင် ထီးထုတ်လုပ်သူ လက်မှုပညာရှင် အဖြစ် ဦးရွှေစာသည် ခစားအမှုထမ်းခဲ့သည်။ ထိုအချိန်က ပိတ်စကို အသုံးပြုဖန်တီးထားသော ဝါးရိုးတပ် ထီးများကို ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင် အသုံးပြုခွင့်ရှိသည်။ ထီးကို အဆောင်အယောင် သင်္ကေတ တစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ၊ ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသော တော်ဝင်အဆောင်အယောင်တစ်ခုဖြစ်ခဲ့သည်။
ကိုလိုနီလက်ထက်အရောက် ၁၈၈၅ ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကို စုန်ဆင်းကာ တိမ်းရှောင်ခဲ့ပြီး ပုသိမ်မြို့မှာ အခြေချ ခဲ့ပြီး စားဝတ်နေရေးအတွက် ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော ထီးများကို စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ပုသိမ်မြို့၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့ပုသိမ်ထီး အဖြစ် ဂုဏ်ဆောင်လျက်ရှိပါသည်။ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် ပြုလုပ်ပုံမျညးကို သားဖြစ်သူ ဦးစောထံ လက်ဆင့်ကမ်းခဲပြီး ဦးစောမှ တစ်ဆင့် အခြားသူများနှင့် စိတ်ဝင်စားသူများအား လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် လုပ်ကိုင်ခဲ့ကြသည်။ ပုသိမ်ထီး လုပ်ငန်သည် မြို့၏ စီးပွားရေး လုပ်ငန်း အဖြစ်အချိန် ကြာမြင့်စွာ ရပ်တည်ခဲ့ပြီး ယခုအချိန်အထိ လက်မှုလုပ်ငန်း အဖြစ် ဆက်လက်လုပ်ကိုင်နေသေးသည်။
ဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်မှ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိကာ ရွှေစာ ပုသိမ်ထီးအလုပ်ရုံသည် လက်ရှိအချိန်အထိ ပုသိမ်တွင် အကြီးဆုံးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်မှာ အကျော်ကြားဆုံး ထီးလုပ်ငန်းအဖြင့် ရပ်တည်နေဆဲ ဖြစ်သည်။

ပုသိမ်ထီးတွေကို တပ်ဆင်ထုတ်လုပ်ရာတွင် အဆင့်ပေါင်း ၅၆ ဆင့်ရှိပြီး အချိန်ကာလ တစ်ပတ်အထိကြာလေ့ရှိသည်။ ထုတ်လုပ်ရာတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းနှစ်ခုမှာ ဝါးဖြင့်ပုံစံသွင်းရာတွင် သေသပ်မှုနှင့် အသုံးပြုသည့် အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်။ ဝါးများကို ရွေးချယ်ရာမှာတွင်လည်း မိုးရာသီ၌ ခုတ်ထားသော ဝါးများကို အသုံးပြုခြင်းဖြင့် အကောင်းဆုံး အခြေအနေကို ရရှိနိုင်သည်။ အသုံးမည့် သစ်များကိုလည်း သဘာဝအတိုင်း နှစ်လခန့် ရေစိမ်ထားကာ အရောင်ချွတ်ရသည်။ ထိုနှစ်ဆင့်စလုံးသည် သစ်၊ ဝါးများမှာရှိသော ပိုးမွှားများကို ဖယ်ရှားနိုင်ရန်အတွက် ဖြစ်သည်။

ထီးလုပ်ရာတွင် အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ၊ တည်သီးအရည်၊ ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။ နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသော ထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။

အဝတ်ပိတ်စ သုံးသောထီးများကို ဘုန်းတော်ကြီးသုံးထီးအဖြစ် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ပုသိမ်ထီးများသည် အလှ လက်မှု ပညာ သက်သက်မဟုတ်ပဲ မိုးဒဏ်လေဒဏ်ခံနိုင်ကာ နှစ်ရှည်အသုံးခံသော ထီးပင်ဖြစ်သည်။ ယခုအခါ ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ ယဉ်ကျေးမှု ပြယုဂ် အဖြစ်ဂုဏ်ယူစွာ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိက အသုံးပြုကြသည်။

ပုသိမ်ထီး ပေါ်ရေဆွဲထားသော လက်ရာဒီဇိုင်းများသည် နေရာဒေသပေါ်မူတည်ပြီး ကွဲပြားသည်။ မန္တလေးဘက်သို့ ပို့မည့် ပုသိမ်ထီးများကို အရောင် ၂ ရောင် သို့မဟုတ် ၃ ရောင်၊ ပန်းပုံများ၊ လိပ်ပြာပုံများ စသည်ဖြင့် ဒီဇိုင်းရေးဆွဲသည်။ တော်ဝင်နန်းတွင်းတွင်သုံးသည့် အရောင်ဒီဇိုင်းပုံစံဖြစ်သည်။ ပုဂံဘက်သို့ပို့မည့် ထီးများအတွက် ရှေးဆန်သည့် အရောင်မှိုင်းမှိုင်းများကို ရေးခြယ်သည်။ ထိုဒီဇိုင်းမှာ ရေပန်းအစားဆုံး ဒီဇိုင်းလည်း ဖြစ်သည်။ အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တို့မှာ ပုဂံဘုရား နံရံဆေးရေးတွေမှာ တွေ့ရလေ့ရှိသော အရောင်အတွဲအစပ်များ ဖြစ်သည်။

မြန်မာပြည်သို့လာရောက် လည်ပတ်ကြသော နိုင်ငံခြားသားများအကြား ပုသိမ်ထီးသည် အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ ပုသိမ်ထီး လုပ်ကိုင်ရာ အလုပ်ရုံများကိုလည်း မြန်မာပြည် လေ့လာလည်ပတ်စရာ နေရာအဖြစ် စိတ်ဝင်စားလျက်ရှိပါသည် ။ ထို့ကြောင့် ထိန်းသိမ်းစောင့်ရှောက်အပ်သော ဂုဏ်ယူဖွယ်ရာ မြန်မာ့လက်မှုလုပ်ငန်း တစ်ခုဖြစ်ပေသည်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img