fb_icon

bnr_tob_1

2019.09.06TECH

OPPO F11

ပြီးခဲ့တဲ့မတ်လလောက်က OPPO ကနေ ၎င်းရဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ OPPO F11 ကို ထုတ်လုပ်ခဲ့ပြီး ၎င်းဖုန်းကို အနည်းငယ်အဆင့်မြှင့်ထားတဲ့ OPPO F11 Pro ဆိုတဲ့ စမတ်ဖုန်း 2 လုံးကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ OPPO F11 ဟာ စျေးနှုန်းသင့်တင့်တဲ့ Excellent-value mid-range phone တစ်လုံးဖြစ်ပြီး စက်စွမ်းဆောင်ရည်မြင့်မားမှုရှိသလို မျက်နှာပြင်ကျယ်တဲ့ Phablet ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အရည်အသွေးမြင့် အနောက်ကင်မရာ 2 လုံးပါရှိပြီး ဒီဇိုင်းပုံစံကလည်း နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးမှန်း သိသာစေတဲ့အပြင် ဘက်ထရီစွမ်းအားပိုင်းမှာလည်း အထူးကောင်းမွန်ပါတယ်။ ဒါတင်မကသေးပဲ ထည့်သွင်းပေးထားတဲ့ တခြား Specs တွေနဲ့ Features တွေက အဆင့်မြင့်မားမှုရှိတာကို တွေ့ရပါတယ်။ ၎င်းဖုန်းကို GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး Hybrid Dual Nano SIM စနစ်ပါရှိတဲ့အတွက် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

(1). Design & Build

ဒီဇိုင်းပုံစံက မျက်နှာပြင်ကျယ် dewdrop Display ဒီဇိုင်းဖြစ်ပြီး နောက်ကျောဘက်က ရှင်းရှင်းလေးနဲ့ ပြောင်လက်တောက်ပနေပါတယ်။ အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ ရေစက်ပုံ Notch လေးသာပါရှိတဲ့ မြင်ကွင်းကျယ်ဒီဇိုင်းမို့ ပါရှိတဲ့အကျယ်အဝန်းအတိုင်း မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ကိုယ်ထည်ကို အဆင့်မြင့် ပလပ်စတစ်နဲ့ တည်ဆောက်ထားလို့ ပေါ့ပါးအကြမ်းခံမှုလည်း ရှိပါတယ်။ နောက်ကျောဘက်မှာတော့ အနောက်ကင်မရာ 2 လုံး၊ အောက်ဘက်မှာ LED Flash မီးလုံးနဲ့ ဖုန်းလုံခြုံရေးပိုင်းအတွက် Fingerprint Scanner တို့ကို နောက်ကျောဘက် အလယ်တည့်တည့်မှာ ဒေါင်လိုက်အနေအထားအတိုင်း တန်းစီပြီး တပ်ဆင်ပေးထားပါတယ်။ ကျန်တဲ့ ဖုန်းအစိတ်အပိုင်းတွေကလည်း သူ့နေရာနဲ့သူ စနစ်တကျ တည်ရှိပါတယ်။ ဖုန်းအရွယ်အစားက 162 x 76.1 x 8.3 mm (6.38 x 3.00 x 0.33 in) ရှိပြီး အလေးချိန်က 188g လေးပါတယ်။ ဖန်တီးပေးထားတဲ့ အရောင်က အရောင်ပြေးလေးတွေနဲ့ မျက်စိထဲမှာလည်း ဆွဲဆောင်မှု ရှိနေပါတယ်။ ၎င်းကို ရွေးချယ်ဝယ်ယူနိုင်မယ့် အရောင်တွေကတော့ ဆန်းသစ်လှပတဲ့ Flourite Purple, Marble Green, Jewelry White ဆိုတဲ့ ခရမ်းရောင်၊ အစိမ်းရောင်နဲ့ အဖြူရောင်ဆိုတဲ့ အရောင် 3 မျိုးပဲ ဖြစ်ပါတယ်။

(2). Display

မျက်နှာပြင်အကျယ်က 6.53-inch ရှိပြီး LTPS IPS LCD capacitive touchscreen, 16M colors display က 1080 x 2340 pixels အရည်အသွေးရှိတဲ့ Full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာပြင်ကျယ်ကျယ်၊ မြင်ကွင်းစွမ်းအားကောင်းကောင်းနဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပြီး ဂိမ်းကစားတာတွေ၊ စာဖတ်တာတွေကိုလည်း အဆင်ပြေပြေ ပြုလုပ်နိုင်ပါတယ်။

(3). Operating System and Camera

အထဲမှာတော့ Android 9.0 (Pie) ကို အခြေခံထားတဲ့ ColorOS 6 User Interface ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 48 MP, f/1.8, (wide), 1/2.0″, 0.8µm, PDAF + 5 MP, f/2.4, 1/5″, 1.12µm, depth sensor ရှိပြီး LED flash, HDR, panorama ဆိုတဲ့ features တွေလည်း ပါရှိပါတယ်။ အရှေ့ selfie ကင်မရာကလည်း 16 MP, f/2.0, 1/3.1″, 1.0µm စွမ်းအားပါရှိပြီး HDR စနစ်လည်း ပါရှိပါတယ်။

(4). Performance

၎င်းမှာ RAM 4GB /6GB ပါရှိတဲ့ Octa-core (4×2.1 GHz Cortex-A73 & 4×2.0 GHz Cortex-A53) processor, Mediatek Helio P70 (12nm) Chipset နဲ့ Mali-G72 MP3 GPU တို့ကြောင့် ကောင်းမွန်တဲ့ စက်စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပြီး နောက်ဆုံးပေါ် ဂိမ်းတွေ၊ app တွေ အကုန်လုံးကို အဆင်ပြေပြေ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(5). Battery

၎င်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားက Non-removable Li-Po 4020 mAh battery ဖြစ်တာကြောင့် တစ်နေ့လုံး အေးအေးဆေးဆေး သုံးစွဲနိုင်ပြီး Fast battery charging 20W (VOOC 3.0) စနစ်ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှု ရှိပါတယ်။

(6). Specification

» Display : 6.53 inches, LTPS IPS LCD capacitive touchscreen

» Memory : 128GB, 4GB RAM, micro SD, up to 256GB

» Camera : Dual : 48 MP + 5 MP / 16 MP (Front)

» OS : Android 9.0 (Pie)

» Battery : Non-removable Li-Po 4020 mAh battery

» Price : 369,900 Ks

» Phone : 09-452244100 (UNiQUE)

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img