bnr_tob_1

2020.05.22SOCIAL

ထမင်းမြိန်စေမယ့် ရာသီပေါ်တညင်းသီး

နွေအကုန်မိုးအကူးမှာ ရာသီပေါ်တညင်းသီးတွေ လှိုင်လှိုင်သီးနေတဲ့အချိန်ဖြစ်ပါတယ်။ တညင်းသီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Pithecellobium Jirinaga ဖြစ်ပါတယ်။ တညင်းသီးဟာ မြန်မာလူမျိုးတို့ရဲ့ရိုးရာ စားသောက်ဖွယ်ရာတစ်မျိုး ဖြစ်ပါတယ်။ တညင်းသီးဟာ အနံ့စူးရှလွန်းတဲ့အတွက် တချို့ကတော့ မနှစ်သက်ကြ ပါဘူး။ ဒါပေမယ့် မြန်မာလူမျိုးအများစုကတော့ စွဲမက်စွာ စားသုံးတတ်ကြပါတယ်။
တညင်းသီးကို အခြေခံအားဖြင့်တော့ ပြုတ်၍သော်လည်းကောင်း၊မီးဖုတ်၍သော်လည်းကောင်း ငပိရည် နဲ့တွဲဖက်ပြီးတို့စရာအဖြစ် စားသုံးကြတာဖြစ်ပါတယ်။ ဒါ့အပြင် တညင်းသီးကို တညင်းသီးဆားရည်စိမ်၊တညင်း ဝက်၊တညင်းသီးကြော်၊တညင်းသီးငါးပိချက်၊တညင်းသီးအုန်းနို့ဆမ်းစတဲ့ မျိုးစုံသော စားသောက်ဖွယ်ရာများအ ဖြစ် ပြင်ဆင်စားသုံးကြပါသေးတယ်။
တညင်းသီးဟာ ပဲမျိုးနွယ်ထဲမှာ ပါဝင်တယ်လို့ ဆေးပညာရှင်များရဲ့ဖော်ပြချက်များအရ သိရပါတယ်။ ဒါကြောင့် တညင်းသီးမှာ တခြားပဲတွေလိုပဲ ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊အဆီစတဲ့ အာဟာရဓတ်တွေ ပါဝင်နေ ပါတယ်။
ဒါပေမယ့် တညင်းသီးမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အကြောင်းအချက်တွေလည်း ရှိနေပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ ဓတ်တွေများစွာ ပါဝင်နေပါတယ်။ တညင်းသီးမှာ Djenkolic acid လို့ခေါ်တဲ့ အဆိပ်ဓတ် ဝ.၃%ကနေ ၁.၃% အထိပါဝင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကျောက်ကပ် ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တခါတရံမှာ Djenkolic acid ဟာဆီးထဲမှာ အနယ်အမှုန်တွေဖြစ်သွားပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ တညင်းသီးအထွက်များတဲ့ဒေသတွေကတော့ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ရွှေကျင်နဲ့သံတောင်ကြီးဒေသတွေပဲ ဖြစ်ပါတယ်။ တညင်းသီးနှစ်သက်သူများအနေ နဲ့တညင်းသီးကို စားသုံးတော့မယ်ဆိုရင် သတိပြုစရာအချက်လေးတွေရှိနေပါတယ်။
တညင်းသီးမှာပါဝင်တဲ့ အဆိပ်ဓာတ်ဟာ ရေမှာ ပျော်ဝင်နှုန်း ဝ.၅%သာ ပျော်ဝင်နိုင်ပါတယ်။ ဒါကြောင့် တညင်းသီးပြုတ်မယ်ဆိုရင် အနည်းဆုံး သုံးကြိမ်ခန့် ပြုတ်ပေးသင့်ပါတယ်။ ရေများများနဲ့ပြုတ်ပြီး ပြုတ်တဲ့ရေ တွေကိုသွန်ကာ ရေအသစ်ထပ်ထည့်ပြီးပြုတ်ရမှာ ဖြစ်ပါတယ်။ မီးဖုတ်ပြီးစားမယ်ဆိုရင်တော့ အဆိပ်ပါဝင်မှု ဟာလျော့ကျမသွားနိုင်တဲ့အတွက် အန္တရာယ်များပါတယ်။
တညင်းသီးဟာ ထမင်းကိုမြိန်စေပါတယ်။ ခံတွင်းကိုရှင်းစေပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် ကြည့်မယ်ဆိုတော့ မစားသုံးသင့်တဲ့အသီးထဲမှာ ပါဝင်နေပါတယ်။ တကယ်လို့ အရမ်းနှစ်သက်တဲ့အတွက် စားမယ်ဆိုရင် အလွန်အကျွံမစားမိအောင် သတိထားသင့်ပါတယ်။ သေချာစနစ်တကျ အဆိပ်ဓတ်လျော့ကျ အောင် စီမံပြီးမှ စားသုံးသင့်ပါတယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img