fb_icon

bnr_tob_1

2019.11.15ENTERTAINMENT

October လအတွင်း လူကြိုက်များခဲ့တဲ့ Korea Drama Series (3)ခု

ဒီတပတ်မှာတော့ October အတွင်း လူကြည့်များ ရေပန်းစားခဲ့တဲ့ Series 3 ခုအကြောင်းကိုဖော်ပြပေးလိုက်တယ်ရှင့်။

1. Vagabond

(photo – vagabond poster)

ကိုရီးယား နာမည်ကျော် သရုပ်ဆောင် Lee Seung Giနဲ့ Bae Suzyတို့ပါဝင်သရုပ်ဆောင်ထားပြီး အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းလေးအကြောင်းကတော့ Cha Dal Gun(Lee Seung Gi)ဟာ ကိုယ်ခံပညာကျွမ်းကျင်တဲ့ စတန့်သမားတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။တစ်နေ့မှာ ထူးဆန်းတဲ့လေယာဥ် ပျက်ကျမှုတစ်ခုမှာ တစ်ဦးတည်းသောတူလေးကို ဆုံးရှုံးလိုက်ရပြီး ဒီမတော်တဆမှုကို စုံစမ်းရင်း နိုင်ငံရဲ့အကျင့်ပျက် ခြစားမှုတွေကို လိုက်လံစုံစမ်းဖို့ ဖြစ်လာပုံကို ရိုက်ကူးပြထားပါတယ်။မင်းသမီး Suzyကတော့ NISရဲ့ အေးဂျင့်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

2. The tale of Nokdu

(photo – the tale of Nokdu poster)

ဒီဇာတ်ကားလေးကတော့ Romance Comedy အမျိုးအစားဖြစ်ပြီး webcomic လေးကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။မင်သား Jang Dong Yoonနဲ့မင်းသမီးKim So Hyunတို့သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ Nok Duဟာ အထက်တန်းလွှာမိသားစုက မွေးဖွားလာသူဖြစ်သူဖြစ်ပြီး မိဘပေးစားသူနဲ့လက်မထပ်ချင်တာကြောင့် မိန်းကလေးလိုဝတ်ဆင်ပီး မိန်းကလေးတွေသီးသန့်နေတဲ့ရွာမှာ ပုန်းကွယ်နေထိုင်ခဲ့ပါတယ်။အဲဒီမှာ ကချေသည်မလေးDong Ju (Kim So Hyun)နဲ့တွေ့ခဲ့ပြီး ဘယ်လို Romanceလေးတွေ လာမလဲဆိုတာ စောင့်မျှော်အားပေးပါဦး။

3. Melting Me Softly

(photo – Melting Me Softly poster)

ဇာတ်လမ်းပုံစံကတော့ Fantasy  Romanceအမျိုးအစားဖြစ်ပြီး Incurable လူနာတွေကို အအေးခံထိန်းသိမ်းပြီး ပြန်လည်နိုးထလာတဲ့အခါ ပိုမိုကောင်းမွန်အောင်ကုသနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်အအေးခံထိန်းသိမ်းတဲ့နည်းလမ်းကို စမ်းသပ်လုပ်ဆောင်နေကြပါတယ်။အဲဒီစမ်းသပ်မှုရဲ့အကျိုးဆက်အနေနဲ့ အသက်ရှင်ဖို့ ခန္ဓာကိုယ်အပူချိန်ဟာ 33°C ဖြစ်အောင်ထိန်းညှိဖို့ လိုအပ်သလို ပူနွေးနေတဲ့နှလုံးသားကို ထိန်းချုပ်ဖို့လဲ လိုအပ်ပါတယ်။ ထိုစမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

By : Myat Noe

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img