2020.10.27LIFE&TREND
ငွေ၂သောင်း၀န်းကျင်နဲ့ နဖူးအစခြေအဆုံး Nivea ရဲ့ ပစ္စည်းတွေနဲ့ Skin Care မယ်

ဒီနေ့မှာတော့ ငွေ၂သောင်း၀န်းကျင်နဲ့ နဖူးအစခြေအဆုံး Nivea ရဲ့ ပစ္စည်းတွေနဲ့ Skin Care နိုင်တဲ့အကြောင်းအရာလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ခေါင်းအစခြေအဆုံးမဟုတ်ဘဲ မျက်နှာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အသားအရေကို ထိန်းသိမ်းနိုင်တဲ့ Skin Care ပစ္စည်းတွေနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

(၁) မျက်နှာသစ်ဆေး – White oil clear facial foam (50g)
White oil clear facial foam က သိပ်သည်းနူးညံ့သော အမြုပ်များကို အားစိုက်စရာမလိုဘဲ နက်ရှိုင်းစွာ သန့်စင်ပေးပြီး အစိုဓါတ်ကို ၃ဆ ဖြည့်ပေးခြင်းကြောင့် အသားအရေကို ပိုမိုချောမွေ့စေပါတယ်။ Carnitine ပါဝင်သောကြောင့် အဆီများကို ထိရောက်စွာဖယ်ရှားပေးပြီး အဆီပြန်ခြင်းကို ထိန်းပေးနိုင်ပါတယ်။ အဆီပြန်ပြီး အစိုဓာတ်နည်းသော အသားအရေပိုင်ရှင်တွေအတွက်သင့်တော်ပါတယ်။

(၂) TONER – 5in1 Acne Oil Control (200ml)
သူကတော့ အညစ်အကြေးများကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ချွေးပေါက်များကို ကျဉ်းစေပါတယ်။ ကျန်းမာတောက်ပ ဝက်ခြံ အမာရွတ်ကင်းစေပြီး ပြန်လည်ညိုမည်းခြင်း မရှိသော အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ မျက်နှာလေးသစ်ပြီး တိုနာလေးလိမ်းပေးရင် အသားအရေကို ဂရုစိုက်ပေးရာရောက်ပါတယ်နော်။

(၃) Intensive Lotion – Nivea Body Lotion Intensive Moisture 250ml
သူကတော့ ညဖက်လိမ်းတာ သင့်တော်ပါတယ်။ ခန္ဓာကိုယ်အတွက်လိမ်းပေးရမှာဖြစ်ပြီး ညဘက်မှာ ရေဓာတ် ဖြည့်တင်းပေးနိုင်တဲ့ အပြာရောင် Intensive Moisture Body Milk လေးပါပဲ။
(၄) Nivea Body Cream 60ML
သူကတော့ နေဗီယာရဲ့ နာမည်ကြီး ဘူးပြာလေးပါပဲ။ အသားအရေခြောက်သွေ့ခြင်းနှင့် ကွဲအက်ခြင်းတွေကို အစိုဓါတ်ပြန်လည်ဖြည့်တင်းပေးပြီး နူးညံ့ချောမွေ့စေပါတယ်။ အကြောပြတ်ရာများကို သက်သာပျောက်ကင်းစေတဲ့အပြင် တံတောင်ဆစ် ၊ ဒူး ၊ ဝမ်းဗိုက် ၊ ပေါင်နှင့် တင်ပါးတို့တွင် ဖြစ်ပေါ်လေ့ရှိသော ညိုမဲခြင်းနှင့် အကြောပြတ်ခြင်းတို့အတွက် နေ့စဉ်အသုံးပြုပါက သက်သာပျောက်ကင်းစေပါတယ်။ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့အသုံးပြုနိုင်သော ခရင်မ်ဖြစ်ပါတယ် ။

(၅) Original Lip Balm
ခန္ဓာကိုယ်နဲ့ မျက်နှာကို စကင်ကဲပြီးသွားရင်တော့ နှုတ်ခမ်းသားလေးတွေအတွက်ပါပဲ။ Shea Butter ပါဝင်တဲ့ NIVEA Lip balm အပြာရောင် (Essential Care) က လုံလောက်တဲ့အစိုဓာတ်ကို ဖြည့်တင်းပေးလို့ နှုတ်ခမ်းသား ခြောက်သွေ့မှုမှ ကာကွယ်ပေးတဲ့အပြင် SPF ပါဝင်လို့ နေလောင်ဒဏ်တောင်ကာကွယ်ပေးပါတယ်။ အိပ်ယာဝင်ခါနီးတိုင်း နူးညံ့အိစက်နေစေဖို့ ညတိုင်း NIVEA Lip balm လေးဆိုးပါ။
ပစ္စည်းတစ်မျိုးစီဟာ ၃ထောင်နဲ့ ၅ထောင် ၀န်းကျင်သာရှိပါတယ်။ အကုန်လုံးပေါင်းလို့ ၂သောင်းမကျော်ပါဘူး။ မြန်မာနိုင်ငံအနှံ့က စီ:တီးမတ်ဆိုင်ခွဲတိုင်းမှာ နေဗီယာပစ္စည်းတွေကို ၀ယ်ယူနိုင်ပါတယ်။ ကဲ…ဒီလိုဆိုတော့ ငွေ၂သောင်းနဲ့ နဖူးအစခြေအဆုံး Nivea ရဲ့ ပစ္စည်းတွေနဲ့ Skin Care လိုက်တော့နော်။
By : Theingi Kyaw
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ