fb_icon

bnr_tob_1

2019.08.27TECH

“ Nintendo” @ “ Leave Luck Heaven”

“ Nintendo” ကိုမြင်တာနဲ့ အောင်မြင်တဲ့ ဂျပန်ဂိမ်းကုမ္ပဏီကြီးတစ်ခုဆိုတာကို တစ်ကမ္ဘာလုံးမှာ မသိသူ မရှိနိုင်လောက်တဲ့အထိ ဂိမ်းလောကမှာ ရှေ့တန်းက ဦးဆောင်ခဲ့ပါတယ်။ “ Nintendo” ဆိုတာက ဂျပန်နာမည်ဖြစ်ပြီး “ Leave Luck Heaven” လို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာဘာသာဖြင့်ဆိုလျှင် ” ကံတရားဆိုတာ ကောင်းကင်ရဲ့ အလိုတော်အတိုင်းပေါ့ “ လို့ အဓိပ္ပာယ်ရပါတယ်။ ကမ္ဘာကျော် “ Nintendo” ကုမ္ပဏီကို ဂျပန်စီးပွားရေးပညာရှင် Hiroshi Yamauchi (ဟီရိုရှိ ယာမအုချိ) ဆိုသူက 1949 ခုနှစ်မှစပြီး ရာစုနှစ် တစ်ဝက်ကျော်လောက်အထိ လုပ်ဆောင်ခဲ့ပါတယ်။ “ Nintendo” သည် ကစားစရာ ကတ်ပြားလေး (Playing Card) တွေ ရောင်းချထုတ်လုပ်ခဲ့ရာမှ ဒစ်ဂျစ်တယ်နည်းပညာခေတ်သစ်တွင် အောင်မြင်တဲ့ ဗီဒီယိုဂိမ်းတွေနဲ့ ဂိမ်းစက်တွေကို တီထွင်ထုတ်လုပ်ပြီး ကမ္ဘာကျော်အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။

“ Nintendo” မှ ထုတ်လုပ်ခဲ့တဲ့ Gameboy နဲ့ Nintendo DS ဂိမ်းစက်တွေကို ကမ္ဘာတစ်ဝန်းက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ “ Nintendo” ကုမ္ပဏီသည် ကမ္ဘာ့ ရောင်းအားအကောင်းဆုံးဂိမ်းဖြစ်တဲ့ Mario (မာရီယို) နှင့် Pokémon (ပိုကီမွန်) တို့ကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ထိုဂိမ်းနှစ်မျိုး၏ စုစုပေါင်းရောင်းအားသည် ဂိမ်းလောကရှိ ဂိမ်းများ၏ စုစုပေါင်းရောင်းအားရဲ့ ဆယ်ပုံရှစ်ပုံ ရှိပါတယ်။ အာကာသယာဉ်မှူး Aleksandr Serebrov သည် Tetris ဆိုသည့် အတုံးဆက်သည့်ဂိမ်းကို သူပျင်းတဲ့အချိန်တွင် ကစားရန် အာကာသထဲသို့ Nintendo Gameboy လေးကို ယူဆောင်သွားခဲ့ခြင်းကြောင့် Nintendo Gameboy ဂိမ်းစက်လေးဟာ ကမ္ဘာအပြင်ဘက်မှာ ပထမဆုံး လူသားတွေ ကစားခဲ့ကြတဲ့ ဂိမ်းတစ်ခုအဖြစ် ထူးခြားတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Nintendo Game စက်တွေအများကြီးထဲကမှ ယခုရေးသားဖော်ပြပေးသည့် Game စက် (၃)မျိုးမှာ မိမိရင်းနှီးနေသည့်အမျိုးအစားနှင့်နောက်ဆုံးထွက်ရှိထားသည့်အမျိုးအစားကို ဦးစားပေးရေးသားထားခြင်း ဖြစ်ပါတယ်။

Nintendo Entertainment System (NES) / Family Computer (“ Famicom” )

Family Computer Game စက်လေးကတော့ ပထမဆုံးနဲ့ရောင်းအားအကောင်းဆုံး Nintendo Home Video Game Console တစ်ခုလည်းဖြစ်ပါတယ်။ July 15, 1983 မှာ ထွက်ရှိခဲ့ပြီး Lifespan အနေဖြင့် 1983–2003 အထိပေးထားတယ်။ တန်ဖိုးအနေဖြင့် 14,800 Yan, 179 US$ ရှိပါတယ်။ Controller Port က (၂)ခု နှင့် Expansion Slot (၁)ခု တို့ပါဝင်တယ်။ Famicom လေးတွေပေါ်လာတော့ Super Mario တို့ Rambo Game ခွေတွေက အရမ်းလူကြိုက်များခဲ့တယ်။ Pocket Gamepad လေးတွေကနေ Video Game ထွက်လာလိုက်တာ Game လောကအတွက် လုံးဝကိုအပြောင်းအလဲကြီးတစ်ခုဆိုတော့ အရမ်းလူကြိုက်များခဲ့တဲ့ Game Console တစ်ခုဖြစ်ပါတယ်။

Nintendo Game Boy

Handheld Game Console တစ်ခုဖြစ်တဲ့ Original Game Boy ကို April 21, 1989 တွင်ထွက်ရှိခဲ့ပြီး Lifespan အနေဖြင့် 1989–2003 အထိပေးထားတယ်။ တန်ဖိုးအနေဖြင့် 12,500 Yan, 89.95 US$ ရှိပါတယ်။ Game Boy ကတော့ Handheld အမျိုးအစားဖြစ်ပေမဲ့ Video Game ထက်မလျော့တဲ့ Game စက်လေးဖြစ်ပါတယ်။ Game ရဲ့ Body Design က လက်ထဲမှာကိုင်ပြီးဆော့ရတာ သက်တောင့်သက်သာရှိပြီး သုံးထားတဲ့အရောင်လေးက တော်တော်လေးကို ဆွဲဆောင်မှုရှိတယ်။ Tetris Game ဆိုတဲ့ အတုံးဆက်တဲ့ Game ကို အရမ်းကြိုက်ပြီး Mario တောင်သိပ်မဆော့ဖြစ်ခဲ့ဘူး။ Tetris Game ကိုက Game Boy နဲ့တော်တော်လိုက်ဖက်ညီခဲ့တယ်။ Game Boy Family မှာ Original Game Boy (1989), Game Boy Color (1998), Game Boy Advance (2001) ဆိုပြီး (၃)မျိုးထွက်ရှိထားပါတယ်။

Nintendo Switch & Nintendo Switch Lite

Switch တော့ နောက်ဆုံးပေါ် အမျိုးအစားလေးပါ။ March 3, 2017 မှာထွက်ရှိခဲ့ပြီး Lifespan အနေဖြင့် 2017-Present ပါ။ တန်ဖိုးအနေဖြင့် 29,9800 Yan, 299.99 US$ , GB£279.99, €329.99 ရှိပါတယ်။ Switch ကတော့ Hybrid Video Game Console အမျိုးအစားဖြစ်ပါတယ်။ Switch Lite ဆိုပြီး September 20, 2019 မှာထပ်မံထွက်ရှိခဲ့ပါတယ်။ Switch အတွက်ထွက်ရှိခဲ့တဲ့ Mario Kart 8 Deluxe ကတော့ Best-selling Game အဖြစ်အောင်မြင်ခဲ့ပါတယ်။ Switch နှင့် Switch Lite ရဲ့ ကွာခြားချက်တွေကို အသေးစိတ်သိချင်ရင်တော့ ဒီ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

စာရေးသူကိုယ်တိုင်ကတော့ Nintendo Game Series ထဲတွင် GameBoy လေး စပြီး ဆော့ခဲ့ဖူးတယ်။ အဲဒီခေတ်က မြန်မာနိုင်ငံအခုလောက်ကို မတိုးတက်တော့ Game Boy တွေကို မသိကြဘူး။ မိမိကတော့ Japan မှာနေတဲ့ ဦးလေးကလက်ဆောင်ပေးလို့ဆော့ဖူးလိုက်တာ။ နောက်ပိုင်း Home video game console အမျိုးအစားထဲက Family Computer (“ Famicom” ) လေးအထိ ဆော့ဖူးခဲ့ပါတယ်။ Famicom ကတော့ မြန်မာကိုရောက်တာနောက်ကျပေမဲ့ ဝယ်လို့လွယ်သွားတော့ တော်တော်များများမြင်ဖူးဆော့ဖူးကြတယ်။ အဲဒီနောက်ပိုင်းကြတော့ PlayStation ကို P3 အထိ ဆော့ဖြစ်ခဲ့တယ်။ P3 နောက်ပိုင်းကြတော့ Computer Game က ခေတ်စားလာတယ်။ P4 ထွက်တော့ မဆော့ဖြစ်တော့ဘူး။ အခုနောက်ပိုင်းကြတော့ Mobile Game က နေရာယူသွားကြတယ်။ ဒါပေမဲ့ ပျောက်ကွယ်တော့ မသွားပါဘူး။ Pocket GamePad၊ Home Video Game၊ PlayStation၊ Mobile Game အမျိူးမျိုး ပေါ်လာပေမဲ့ တစ်ခုချင်းစီတိုင်းမှာ သူ့အပိုင်းနဲ့သူ ဆော့ရတဲ့သူအပေါ် ဆွဲဆောင်မှုတွေ ရှိကြတော့ ခေတ်မရှိတော့လို့ ပျောက်ကွယ်သွားတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ ဒီလောက်ဆိုရင် Nintendo ရဲ့ရပ်တည်အောင်မြင်မှုနှင့် Game Series တွေအကြောင်းကို အကျဉ်းချုပ်အနေဖြင့် သိရှိသွားပြီမလို့ စာကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။

Ref : Wikipedia

Photo Source : https://pixabay.com/

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img