2020.03.05FOOD
ဆာကူရာပန်းခင်းထဲကိုရောက်သွားသည့်အလားထင်မှတ်ရတဲ့ စမ်းချောင်းမြို့ထဲက အရမ်းလှတဲ့ Nimi

မန္တလေးမြို့ရဲ့ နာမည်ကြီး Nimi Drinks ဆိုင်လေးဟာ နောက်ဆုံးတော့ ရန်ကုန်မြို့ကို ရောက်ရှိလို့လာခဲ့ပါပြီ။


ရန်ကုန်ကိုရောက်နေတာတော့ တော်တော်ကြာပါပြီ။ ဒါပေမယ့် န၀ဒေးလမ်းထဲမှာ စတင်ဖွင့်လှစ်ထားတဲ့ ဆိုင်ငယ်လေးမှာ ထိုင်စရာနေရာမပါ ပါဘူး။ ပါဆယ်ထုတ် လို့ပဲရပါတယ်။
ဒီလိုနဲ့ များမကြာမီမှာတော့ စမ်းချောင်းမြို့လေးထဲကို Nimi ဟာ ရောက်ရှိလို့လာခဲ့ပါတယ်။ စမ်းချောင်းရဲ့ Nimi ဆိုင်လေးကတော့ လုံး၀ကို Upgrade Version ပါပဲ၊။ ၂ထပ် တိုက်အိမ်လေးမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး Decoration က ဂျပန်ပြည်ကိုရောက်သွားသည့်အလားထင်မှတ်ရပါတယ်။ ပန်းရောင်ဆာကူရာသဏ္ဏာန်ချယ်မှုန်းထားတာဖြစ်ပြီး နေရာထိုင်ခင်းလေးတွေက အစ ဂျပန်စတိုင်လေးပါပဲ။


အရသာကလည်း ထူးခြားပါတယ်၊ သာမာန်နဲ့မတူတမူထူးခြားတဲ့ အအေးအရသာရယ် ၊ ပါးစပ်ထဲထည့်လိုက်တာနဲ့ ကျေနပ်မှုချက်ချင်းရသွားစေမဲ့ အရသာရှိတဲ့ food menu တွေ ဟာ Nimi Drinks ကို တခြားဆိုင်တွေနဲ့မတူအောင် ထူးခြားစေပါတယ်။အအေးMenu အနေနဲ့ Brown Sugar Series မှ စတင်ကာ ချဉ်စုပ်စုပ်အရသာရှိတဲ့ Lemon Series အထိဆွဲဆောင်မှုရှိပါတယ်။ Brown Sugar တို့ Cheese တို့က မူလအရသာအတိုင်းပဲရှိကာ ရာသီအလိုက် ပေါ်ထွက်တဲ့ သစ်သီး Series တွေက တမူထူးပြီးအထူးသောက်လို့ကောင်းပါတယ်။


ချဉ်စုပ်စုပ်အရသာက တမူထူးကာ လုံး၀ကို လူ လန်းဆန်းစေတာက ထူးခြားချက်ပါပဲ။ စမ်းချောင်းက ဆိုင်လေးမှာတော့ ၂ထပ်ရှိပြီး အေးအေးဆေးဆေးအလုပ်လုပ်ချင်တယ်ဆိုရင်လည်း အအေးတစ်ခွက်နဲ့ ခပ်ကြာကြာထိုင်လို့ရပါတယ်။ အင်တာနက်လည်းရှိတော့ လုံး၀ အိုကေပါပဲ။ ဆိုင်ခွဲတွေရဲ့ လိပ်စာတွေကို ဖော်ပြပေးရမယ်ဆိုရင်တော့
Ygn Shop
No.19/B, နဝဒေးလမ်း၊ ဒဂုံ(၁) ကျောင်းရှေ့လမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်။
☎️: 01374663, 09961008633
Sanchaung Branch
☎️ 09752766268
⏰Opening Hours: 10am to 9pm, daily
🏠 No.152/B, SangChaung Street, Shin Saw Pu Quater,Sang Chaung Township, Yangon. အသီးသီးရှိပါတယ်။ တစ်ခေါက်တော့ မဖြစ်မနေသွားဖို့ အကြံပေးချင်ပါတယ်ရှင်။
By : Theingi Kyaw
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ကိုဗစ်ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ် ပေါ်လာနိုင်ဟု ဒေါက်တာမြင့်ထွေးသတိပေး
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ